ကူမင်းမြို့ ချမ်ကုမ်နယ်မြေ ချီးဘုချန် တိုဖူး ယဉ်ကျေးမှု ခရီးသွားလာရေးပွဲကို ၁၂လပိုင်း ၂ရက်နေ့မှ စတင်ကျင်းပ
2017-11-30 16:08|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) “တိုဖူး၏ အရသာ မြည်းကြည့်၊ သိမ်မွေ့နက်နဲသော အမွှေအနှစ် ဖြစ်ထွန်း” ခေါင်းစဉ်ဖြင့် ကူမင်းမြို့ ချမ်ကုမ်နယ်မြေ ချီးဘုချန် တိုဖူး ယဉ်ကျေးမှု ခရီးသွားလာရေးပွဲကို ၁၂လပိုင်း ၂ရက်နေ့မှ ၃ရက်နေ့အထိ ချီးဘုချန်ကွန်မြူနီတီ၌ ကျင်းပမည်၊ ထိုအခါရောက်လျှင် တိုဖူးပြတိုက်ဖွင့်ရန် ဖဲကြိုးဖြတ်ခြင်း၊ လမ်းပေါ်ထမင်းစားပွဲ၊ အစားအသောက်မှ ထူးခြားချက်ရှိလမ်း၊ အချက်အပြုတ်ဆိုင်ရာ အတတ်ပညာ ပြိုင်ပွဲ စသော လှုပ်ရှားမှု (၇)ခုလည်း ကျင်းပမည်။
၎င်းအနက်၊ ကွင်းဖွင့်ပွဲကို ၁၂လပိုင်း ၂ရက်နေ့တွင် ကျင်းပသည့်အပြင် တိုဖူးပြတိုက်ဖွင့်ရန် ဖဲကြိုးဖြတ်ခြင်းကိုလည်း ချီးဘုချန်ကွန်မြူနီတီ ချီးဘုရှမ်း၌ ကျင်းပမည်။ လမ်းပေါ် ထမင်းစားပွဲကို ၂ရက်နေ့ တစ်နေ့လုံးတွင် ချီးဘုချန်ကွန်မြူနီတီမှ အဓိကလမ်းမကြီး၌ ကျင်းပမည်၊ ချီးဘုချန်ကွန်မြူနီတီသည် တိုဖူးစားပွဲကို ချက်ပြုတ်ပြီး ဧည့်သည်တော် များသည် မြည်းကြည့်စေမည်။ တိုဖူးဖြစ်သော ခေါင်းစဉ်ဖြင့် အချက်အပြုတ်ဆိုင်ရာ အတတ်ပညာ ပြိုင်ပွဲကို ၁၂လပိုင်း ၃ရက်နေ့တွင် ချီးဘုချန်ကွန်မြူနီတီ၌ ကျင်းပမည်။ အစားအသောက်မှ ထူးခြားချက်ရှိလမ်းနှင့် ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုပြပွဲတို့ကို ၁၂လပိုင်း ၂ရက်နေ့မှ ၃ရက်နေ့အထိ ကျင်းပမည်။
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့