ရွှန်းဝေး-ချူကျင့် အဝေးပြေးလမ်းက နိုင်ဝင်ဘာလ ၃၀ရက်နေ့မှ စတင်လမ်းပေါက်
2017-11-23 16:47|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ရွှန်းဝေး-ချူကျင့် အဝေးပြေးလမ်းကို ၂၀၁၄ခုနှစ် နိုင်ဝင်ဘာလ ၂၅ရက်နေ့မှ စတင် တည်ဆောက်၍ ဤနှစ် နိုင်ဝင်ဘာလ ၃၀ရက်နေ့ မနက်ပိုင်းတွင် လမ်းပေါက်မည်။ လမ်းပေါက်ပြီးနောက် ကူမင်းမြို့မှ ထွက်ခွာပြီး ရွှန်းဝေးခရိုင်သို့ ရောက်လျှင် ခရီးစဉ်တစ်ခုလုံးတွင် အဝေးပြေးလမ်းရှိ၍ ချူကျင့်မြို့မှ ထွက်ခွာပြီး ရွှန်းဝေးခရိုင်သို့ ရောက်လျှင် (၁)နာရီကြာ လိုပါသည်။
ရွှန်းဝေး-ချူကျင့် အဝေးပြေးလမ်းသည် စုစုပေါင်း (၁၀၅.၈၅)ကီလိုမီတာ ရှည်၍ ရွှန်းဝေးခရိုင်မြို့ တောင်ဘက် မှစပြီး မာလုံခရိုင် တဝစန်းသို့အထိ ဖြစ်၍ လမ်းတစ်ခုလုံးကို အဝေးပြေးလမ်းစံချိန်ဖြင့် တည်ဆောက်၍ အရှန်အဟုန် တစ်နာရီလျှင် ကီိလိုမီတာ(၁)ရာ စီစဉ် ထားပါသည်။ ၎င်းအနက်၊ ရွှန်းဝေး-ဇိုင်းရိ လမ်းကြောင်းသည် (၇၄.၉)ကီလိုမီတာ ရှည်၍ အသွားအပြန် လမ်းကြောင်း (၄)ကြောင်းကို တည်ဆောက်ကာ လမ်းအောက်ခြေခံသည် (၂၆)မီတာ ကျယ်ဝန်းသည်၊ ဇိုင်းရိ-ချူကျင့် လမ်းကြောင်းနှင့် နိုင်ငံတော်ပိုင်ကုန်လမ်း နံပါတ်(၆၀)နှင့် ဆက်စပ်သော လမ်းကြောင်းများသည် (၃၀.၉၆၇)ကီလိုမီတာ ရှည်၍ အသွားအပြန် လမ်းကြောင်း (၆)ကြောင်းကို တည်ဆောက်ကာ လမ်းအောက်ခြေခံသည် (၃၃.၅)မီတာ ကျယ်ဝန်းသည်။
ရွှန်းဝေး-ချူကျင့် အဝေးပြေးလမ်းတွင် ချူကျင့်အနောက်ဘက်၊ ဇိုင်းရိ၊ ဇက်ဆွေ၊ ခါလန်၊ လင်းကျောင် အခွန်ကောက်ဌာန (၅)ခုကို ထောင်ထားပါသည်။ ရွှန်းဝေး-ချူကျင့် အဝေးပြေးလမ်းတွင် ခရီးသည်တင်ကား (၁)စီး၏ ဖြတ်သန်းသွားလာခသည် တစ်ကီလိုမီတာလျှင် (၀.၄၈၂)ယွမ်ဖြစ်၍ ကုန်တင်ကား (၁)စီး၏ ဖြတ်သန်းသွားလာခသည် တစ်ကီလိုမီတာ၊ တစ်တန်လျှင် (၀.၁၀၃)ယွမ် ဖြစ်ပါသည်။
宣曲高速公路于2014年11月25日开工以来,历经3年艰苦紧张的建设过程,终于全面建成,即将于今年11月30日上午通车运营。通车后,昆明到宣威就可实现全程高速,从曲靖到宣威只需1小时。
据悉,宣曲高速路线全长105.85公里,起于宣威城南,止于马龙县大瓦仓,全线采用高速公路标准建设,设计速度100公里/小时。其中宣威至沾益段74.9公里采用双向4车道,路基宽26米;沾益至曲靖段及G60连接线共30.967公里采用双向6车道,路基宽33.5米。
宣曲高速公路建有曲靖西、沾益、热水、卡朗、菱角5个收费站。宣威至曲靖高速公路客车通行费单位成本0.482元/车公里、货车通行费单位成本为0.103/吨公里。(记者蒋琼波)
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့


