မန်စီ-ဝေစမ်း-ရန့်ထိုင် အဝေးပြေးလမ်းက လမ်းပေါက်၊ ဝေစမ်းမှထွက်ခွာပြီး မန်စီသို့ ရောက်လျှင် (၁.၅)နာရီသာလို
2017-11-15 10:36|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အချိန် (၃)နှစ်ကျော် ကုန်ပြီး တည်ဆောက်ပြီးမြောက်သော မန်စီ-ဝေစမ်း-ရန့်ထိုင် အဝေးပြေးလမ်းသည် ၁၁လပိုင်း ၁၅ရက်နေ့ မနက်ပိုင်းတွင် တရားဝင် လမ်းပေါက်၍ ဝေစမ်းမြို့ မှထွက်ခွာပြီး မန်စီမြို့သို့ ရောက်လျှင် အချိန်သည် မူလ(၄)နာရီမှ (၁.၅)နာရီသို့ လျှော့နည်း ရောက်လာ ပါသည်၊ ဝေစမ်း ကျွန့်လူမျိုးနှင့် မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲနှင့် ဟုံဟယ် ဟာနီလူမျိုးနှင့် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ တို့သည် ကျော်လွန်သော ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖေါ် ရန်အတွက် အရေးကြီးသော အနက်အဓိပ္ပာယ် ရှိပါသည်။
မန်စီ-ဝေစမ်း-ရန့်ထိုင် အဝေးပြေးလမ်းသည် ဟုံဟယ်ပြည်နယ်ခွဲ မန်စီမြို့ မှစပြီး ဝေစမ်းမြို့ကို ဖြတ်သန်းပြီး ဝေစမ်းပြည်နယ်ခွဲ ရန့်စမ်းခရိုင် သို့အထိဖြစ်၍ စုစုပေါင်း (၁၃၁.၃၈)ကီလိုမီတာရှည်ပြီး အရှည်အဟုန် တစ်နာရီလျှင် ကီိလိုမီတာ(၈၀) စီစဉ် ထားပါသည်။ ကျီချွင်းမြို့နယ်၊ မင်ကျုပ်မြို့နယ်၊ လောင်ကျိုက်မြို့နယ်၊ ဝေစမ်းမြို့ အနောက်ဘက်၊ ပေါ်ဇူမြို့နယ်၊ မာထန်မြို့နယ်၊ ဝေစမ်းမြို့ အရှေ့ဘက်၊ ဖန်လုံမြို့နယ်၊ ရန့်စမ်းခရိုင် တောင်ဘက် တို့ဖြစ်သော အခွန်ကောက်ဌာန (၉)ခုကို ထောင်ထားပါသည်။
မန်စီ-ဝေစမ်း-ရန့်ထိုင် အဝေးပြေးလမ်းကို တည်ဆောက်ပြီးမြောက်ပြီး လမ်းပေါက်သည် ယူနန်ပြည်နယ်နှင့် တရုတ်နိုင်ငံတို့သည် တောင်အာရှ အရှေ့တောင်အာရှသို့ ဖြာထွက်မှု ဗဟိုချက်မကို တည်ဆောက် ပြီးမြောက်ရန် အတွက် အရေးကြီးသော အနက်အဓိပ္ပာယ် ရှိပါသည်။
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့




