ယူနန် Fresh-cut flower ထုတ်လုပ်မှုပမာဏက ၂၃နှစ်အတွင်း တရုတ်နိုင်ငံ၌ ထိပ်ဆုံးနေရာတွင် တည်ရှိခဲ့
2017-03-13 17:14|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန် Fresh-cut flower ထုတ်လုပ်မှုပမာဏသည် (၂၃)နှစ်အတွင်း တရုတ်နိုင်ငံ၌ ထိပ်ဆုံးနေရာတွင် တည်ရှိခဲ့ပြီး ဖြစ်၍ တစ်နိုင်ငံလုံးမှ ဈေးကွက်၏ ၇၅% ရှိခဲ့ကြောင်း၊ ၂၀၁၆ခုနှစ်တွင် ယူနန်ပြည်နယ် ပန်းမန်စိုက်ခင်းဧရိယာ မို(၁၃.၂၅)သိန်း ရှိ၍ ယခင်နှစ်က ထက် ၁၇.၆% တိုးမြှင့် လာပြီး စုစုပေါင်း ထွန်ကုန်တန်ဖိုး ယွမ်(၄၆.၃၇)ဘီလျံ ရရှိ၍ ယခင်နှစ်ကထက် ၁၆.၁% တိုးမြှင့်လာကြောင်း၊ ပို့ကုန်ပမာဏ ဒေါ်လာ(၂၂၀)သန်း ရရှိ၍ အချိန်တူကာလထက် ၁၀% တိုးမြှင့်လာကြောင်း၊ ပန်းစိုက် တောင်သူ များ၏ ဝင်ငွေ ယွမ် (၁၁.၅)ဘီလျံ ရှိ၍ အချိန်တူကာလထက် ၂၁% တိုးမြှင့် လာကြောင်း၊ ယူနန် တစ်ပြည်နယ်လုံး၌ ပန်းမန်လုပ်ငန်း (၂၁၃၆)ခု ရှိ၍ အချိန်တူကာလ ထက် ၉.၄% တိုးမြှင့်လာကြောင်း၊ ပန်းစိုက်တောင်သူ ထုတ်လုပ်ရေးသမဝါယမ (၄၈၉)ခု ရှိ၍ အချိန်တူ ကာလထက် ၂၅.၇% တိုးမြှင့်လာကြောင်း သိရှိရပါသည်။
ယူနန်တစ်ပြည်နယ်လုံး၌ ပန်းမန်း အမျိုးအစားသစ် (၅၆၀)မျိုးကို အောင်မြင်စွာ ပြုစု ပျိုးထောင်၍ ယနှစ်က ထက် ၁၇.၆% တိုးများလာသဖြင့် အမျိုးအစားသစ် လေ့လာရန် ထုထည် သည် တစ်ပြည်လုံး၌ ထိပ်ဆုံး နေရာတွင် ရှိပြီး တစ်ပြည်လုံးမှ အကြီးဆုံးသော Cymbidium Hubridum နှင့် Potted Flower ထုပ်လုပ်မှုနှင့် ရောင်းချမှု စင်တာ ဖြစ်လာ ဖြစ်ကြောင်း၊ တီထွင်ဖန်တီးမှုနည်းပညာနှင့် သီးခြားပိုင်ဆိုင်ခွင့် (၁၀၀)ကျော် ရှိပြီး နိုင်ငံ အသီးသီး၊ လုပ်ငန်းအရပ်ရပ်နှင့် ဒေသများမှ စံပြမျိုး (၇၀)ကို ရေးဆွဲချမှတ်၍ အရေးကြီး ကဏ္ဍမှ နည်းပညာ စွမ်းအားသည်လည်း တစ်ပြည်လုံး၌ ရှေ့တန်းကျ နေခဲ့ကြောင်း သိရှိရ ပါသည်။
ထို့ပြင်၊ ပန်းမန်ခရီးသွားလာရေးလုပ်ပန်းသည် လျင်မြန်စွာ ဖွဲ့ဖြိုးတိုးတက်လာခြင်းကြောင့် ပန်းမန်ခရီးသွားလာ ရေးစီမံကိန်း အတွက် ရင်းနှီးမြှုပ်နှံမှု ယွမ်(၈၉၀)သန်း တိုးများလာပြီး ဝင်ငွေယွမ် (၂၄၃၀)သန်းရှိကြောင်း၊ ခရီးသည်ဦးရေ (၁၄.၆)သန်းကို လာရောက် လည်ပတ်ပြီး လူ(၅၆၀၀၀)ကို အလုပ်အကိုင်အခွင့် ရယူစေခဲ့ ကြောင်း သိရှိရပါသည်။
၂၀၁၆ခုနှစ်တွင် ကူမင်းနိုင်ငံတကာ ပန်းမန် ရောင်းဝယ်ရေးစင်တာနှင့် တုပ်နန် ပန်းမန် ရောင်းဝယ်ရေးစင်တာ များ၌ ပန်းမန် စုစုပေါင်း အပင်(၁၂၀၀)သန်းကို လေလံတင် ရောင်းချ ပြီး အချိန်တူကာလထက် ၂၅% တိုးမြှင့် လာကြောင်း၊ ပျမ်းမျှခြင်းအားဖြင့် တစ်နေ့လျှင် ပန်းမန် တန်ပေါင်း(၁၀၀၀၀)ကျော်ကို တုပ်နန် ပန်းမန် လက်ကား ဈေးကွက် မှတဆင့် ပြည်တွင်း မြို့ (၇၀)၊ နိုင်ငံနှင့် ဒေသ (၄၆)ခုသို့ တင်ပို့ ရောင်းချသွား၍ တစ်ပြည်လုံးနှင့် အာရှတိုက်တွင် Fresh-cut flower ဈေးနှုန်းသည် တုပ်နန် Fresh-cut flower ၏ဈေးနှုန်း အရ သတ်မှတ်လျက်ရှိကြောင်း သိရှိရပါသည်။
昆明信息港综合整理 云南鲜切花产量连续23年全国第一,占全国75%的市场份额。2016年,全省花卉种植面积132.5万亩,总产值463.7亿元,较上年分别增长17.6%和16.1%;出口额2.2亿美元,同比增长10%;花农收入115亿元,同比增长21%;全省花卉企业2136个,同比增加9.4%;花农生产合作组织489个,同比增加25.7%。
全省累计育成花卉新品种560个,较上年增加17.6%,新品种研发规模全国第一,已成为全国最大的大花蕙兰和小盆花产销中心。全省拥有创新技术和专利100余项,制定各类国家、行业和地方标准70项,关键环节的技术实力领先全国。
花卉旅游业发展迅速,全年花卉旅游项目新增投资8.9亿元,花卉旅游收入24.3亿元,接待参观人数1460万人次,带动就业5.6万人。
去年,昆明国际花卉拍卖交易中心和斗南花卉电子交易中心拍卖总量12亿枝,同比增长25%。平均每天超过1000吨花卉从斗南花卉批发市场销往全国70个城市及46个国家和地区,斗南成为全国乃至亚洲的鲜切花价格风向标。
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
