စိုက်ပျိုးထားသည့် Morehella esculentaများကို ကူမင်းမြို့တွင် စတင်ရောင်းချ၊ တစ်ကီလိုဂရမ်လျှင် ယွမ် ၃၀၀ ဈေးရှိ
2017-03-07 14:18|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယခုတလော စိုက်ပျိုးထားသည့် Morehella esculenta များကို ကူမင်းမြို့ ဇွမ်ရှင်းဈေးကွက်တွင် စတင် ရောင်းချပြီး တစ်ကီလိုဂရမ်လျှင် အယွမ် (၂၆၀)မှ အယွမ် (၂၇၀)ဖြင့် ရောင်းချခဲ့ပါသည်။ ၂၀၁၆ခုနှစ်တွင် ယူနန်ပြည်နယ်၌ Morehella esculenta များ၏ စိုက်ခင်းဧရိယာ မို (၄၀၀၀)မှ (၄၅၀၀)အထိ ရှိပြီးဟု တရုတ်နိုင်ငံ သိပံ္ပပညာအကယ်ဒမီ ကူမင်းရုက္ဓသုတေသနဌာန ဒေါက်တာ ဇောက်ချီက ပြောကြားခဲ့ပါသည်။
၂၀၁၆ခုနှစ်တွင် တရုတ်နိုင်ငံ သိပံ္ပပညာအကယ်ဒမီအသင်း ကူမင်းရုက္ဓသုတေသနဌာနသည် ယူနန်တစ်ပြည်နယ်လုံး အတွင်းမှ ခရိုင်(မြို့) (၁၆)ခု၌ Morehella esculenta အမို(၆၀)ကျော်ကို စံပြအဖြစ် စိုက်ပျိုး၍ လယ်သမား အိမ်ထောင်စုနှင့် လုပ်ငန်းများကို လမ်းညွှန်ပြီး Morehella esculenta များ အမို(၁)ထောင်ကို စိုက်ပျိုးခဲ့ပါသည်။ ယခု၊ Morehella esculenta များကို စိုက်ပျိုးပြီးမြောက်သည် မှစ၍ ရိတ်သိမ်းရန် အထိ (၃)လလို၍ နေရာတစ်ချို့၌ တစ်နှစ် (၂)ကြိမ် စိုက်ပျိုးနိုင်ပါသည်။
Morehella esculenta သည် ဆိတ်အူနှင့် တူသောကြောင့် ဤအမည် ဟုခေါ်ပါသည်။ Morehella esculenta များသည် အရသာ ထူးခြားပြီး ဗီတာမင်နှင့် အေမီနိုအက်ဆစ်များ အမျိုးမျိုး ရှိ၍ သွေးတွင်းပါအဆီ လျော့ကျခြင်း၊ ရောဂါပြီးဓာတ် အားကောင်းခြင်း၊ ပင်ပန်းနွမ်းလျကုသခြင်း။ ဖုရောင်နာကုသခြင်း စသော အကျိုးသက်ရောက်မှုများ ရှိပါသည်။
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့