တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘာပေါ်တွင် ယူနန်ပြည်နယ်ကို မိတ်ဆက်ဖြန့်ချီ
2017-02-21 15:09|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဖေဖေါ်ဝါရီလ ၂၀ရက်နေ့၊ “တံခါးဖွင့်သော တရုတ်နိုင်ငံ၊ အချိတ်အညို့ ရှိသော“တံခါးဖွင့်သော တရုတ်နိုင်ငံ၊ အချိတ်အညို့ ရှိသော ယူနန်ပြည်နယ်၊ တစ်ကမ္ဘာလုံးက အတူစံစားကြခြင်း”ဖြင့် အဓိက အကြောင်းအရာအဖြစ် တစ်ကမ္ဘာလုံးတွင် ယူနန်ပြည်နယ်ကို မိတ်ဆက်ဖြန့်ချီရေးပွဲအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနခန်းမ၌ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးMr.Wang Yi က မိန်းခွန်းပြောကြား၍ သာယာလှပသော ယူနန်ပြည်နယ်ကို မိတ်ဆက်ဖြန့်ချီခဲ့ပါသည်။ ထို့နောက်၊ ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး Mr.Chen Hao၊ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr.Ruan Chengfa တို့ကလည်း ခွဲခြားပြီး မိန်းခွန်းပြောကြား၍ ယူနန်ပြည်နယ်ကို မိတ်ဆက်ဖြန့်ချီခဲ့ပါသည်။ တရုတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်စေသော သံသမန်တို့၏ ကိုယ်စားလှယ်များသည် မိန်းခွန်းပြောကြား၍ ဧည့်သည်တော်များနှင့် အချင်းချင်း ဖလှယ်ခဲ့ပါသည်။
နိုင်ငံ အနိုင်ငံ(၁၄၀)ကျော်မှ လာသော တရုတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်စေသော သံသမန်များ၊ တရုတ်နိုင်ငံတွင် နိုင်ငံတကာအဖွဲ့အစည်းမှ ကိုယ်စားလှယ်များနှင့် စက်မှုနှင့် ကုန်သွယ်မှု လုပ်ငန်းရပ်ကွက်တွင်မှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ပါရဂူ၊ ပညာရှင်နှင့် သတင်းထောက်များ စသော လူအယောက်(၅၀၀)ကျော်သည် တက်ရောက်လာခဲ့ပါသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနခန်းမ၏ စင်္ကြန်ပေါ်တွင် ယူနန်သစ်သီးသစ်လံ၊ ယူနန်ဟင်းသီးဟင်းရွက်၊ ယူနန်ကော်ဖီ၊ ယူနန်ပန်းမန်၊ ယူနန်လက်ဖက်ခြောက်၊ ယူနန်ဆေးဝါး စသော ယူနန်ပြည်နယ် ဝိသေသလက္ခဏာရှိ ထွက်ကုန်ပစ္စည်းများကို ပြသခဲ့ပါသည်။
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့


















