ယူနန်ပြည်နယ် ပထမတစ်ခု ရေပေါ် အမြင့်ဖန်တံတားက ရေယားကန်တွင် တည်ဆောက်၊ နှစ်သစ်ကူး ပွဲတော်တွင် ဖွင့်လှစ်
2017-01-20 17:26|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကူမင်းမြို့ ရေယားကန်ရှိ ရေပေါ် အမြင့်ဖန်တံတားကို ၂၀၁၇ခုနှစ် တရုတ်နှစ်သစ်ကူး တစ်ရက်နေ့တွင် ခရီးသည်များအတွက် တရားဝင် ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ ၎င်းသည် ယူနန်ပြည်နယ်တွင်း ပထမတစ်ခု ရေပေါ် အမြင့်ဖန်တံတား ဖြစ်၍ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကူမင်းမြို့ ရေယားကန် အပန်းဖြေနေရာ၌ ကျင်းပခဲ့သည့် ရေပေါ် အမြင့်ဖန်တံတား ဖွင့်လှစ်ခြင်း အခမ်းအနားမှ သိရှိရပါသည်။
ဤဖန်တံတားသည် ရေယားကန်ထဲတွင် တည်ဆောက်၍ (၁၄၅)မီတာ ရှည်၊ (၂)မီတာ ကျယ်၊ ရေကန် မျက်နှာပြင်နှင့်အကြား (၁၅)မီတာ ကွာဝေးပြီး အင်္ဂတေဘောင် ဖွဲ့စည်းပုံဖြင့် အဓိက ကျားကန်ထားကြောင်း၊ တံတား မျက်နှာပြင်ကို အထူးနည်းနားဖြင့် ခန့်ခွဲသည့် ပေါက်ကွဲမှု တားဆီးကာကွယ်နိုင်ပြီး ငလျင်ဒဏ်ခံ နိုင်သော ရော်ဘာသွင်း သံမဏိဖန် (၇၆)တုံးဖြင့် ဖွဲစည်းတည်ဆောက်ထားသည် ဖြစ်ကြောင်း၊ တစ်စတုရန်းမီတာ လျှင် အလေး ကီလိုဂရမ် (၁)ထောင် ခံနိုင်ပြီး လူ (၆၀၀)ကို တစ်ချိန်တည်း ဝန်တင်နိုင်၍ အလွန်လုံခြုံကြာင်း၊ ခရီးသည်များသည် တံတားပေါ်တွင် ဓာတ်ပုံရိုင်ခြင်း၊ ကစားခြင်းနှင့် ပြေးလွှားခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်။
သတိပေး။
ကူမင်း ရေယားကန် အပန်းဖြေနေရာ ဝင်ခွင့်လက်မှတ်မှာ လူတစ်ဦးလျှင် (၁၅)ယွမ် ကောက်ခံပါသည်။
ရေပေါ် အမြင့်ဖန်တံတားကို လက်တွေ့ခံစားလေ့လာလျှင် လူတစ်ဦးလျှင် ယွမ်(၅၀) ကောက်ခံပါသည်။ ထို့ပြင်၊ တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ဈေး၂၀% လျှော့ချပေးမည်။
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့


