၂၀၁၆ခုနှစ် ကူမင်း ကျန်းမာရေးလုပ်ငန်း နိုင်ငံတကာထိပ်သန်းဖိုရမ် ကျင်းပ
2016-12-14 17:59|
(ရောင်စုံတိမ်တံတား၊ မိုးဦးသဇင်) “၂၀၁၆ခုနှစ် ကူမင်း ကျန်းမာရေးလုပ်ငန်း နိုင်ငံတကာ ထိပ်သန်းဖိုရမ်” ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်တွင် ကူမင်း Empark Grand Hotel တွင် ကျင်းပခဲ့ပါသည်။
ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်၊ ကူမင်းမြို့ ပါတီအတွင်းရေးမှူး၊ ယူနန် အလယ်ပိုင်းရပ်ကွက်အသစ် ပါတီအတွင်းရေးမှူး Mr.Chen Lianyuan က အမှာစကား ပြောကြားခဲ့ကြောင်း၊ ကူမင်းမြို့ ဒုတိယ ပါတီအတွင်းရေးမှူး Mr.Liu Zhi က ထိုဖိုရမ် ဖွင့်ပွဲ အခမ်းအနားကို ဦးဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ ဗဟိုအစိုးရ၊ ယူနန်ပြည်နယ်အစိုးရ၊ ကူမင်းမြို့အစိုးရ နှင့်သက်ဆိုင်ရာ ခေါင်းဆောင်များသည်လည်း ဖိုရမ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းအရ သိရှိရပါသည်။
ထိုဖိုရမ်ကို တရုတ်ကျန်းမာရေး စီမံအုပ်ချုပ်ရေး အသင်း၊ ယူနန်ပြည်နယ် ကျန်းမာရေးနှင့် သားဖွားစီမံကိန်း ကော်မတီ၊ ကူမင်းမြို့ ပြည်သူအစိုးရမှ ဦးစီးကျင်းပကာ ကူမင်းမြို့ကို “တရုတ်ကျန်းမာရေးမြို့တော်” အဖြစ် ထူထောင်ကာ ကူမင်း ဇီဝဆေးပညာလုပ်ငန်း၊ ဆေး ကုသကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်း၊ ကျန်းမာရေး အပန်းဖြေလုပ်ငန်း စသည့်လုပ်ငန်း များ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး၍ ပြည်တွင်းပြည်ပ ကျန်းမာရေး လုပ်ငန်း နှင့် ကျန်းမာရေးခရီးသွားလုပ်ငန်း ကဏ္ဍများတွင် ကူမင်းမြို့၏ မြင်နိုင်ခြင်းနှင့် သြဇာလွှမ်းမိုး မှုကို ပိုမို တိုးမြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါသည်။
“ကူမင်းမြို့ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်”ကိုလည်း ထိုဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင် ထုတ်ပြန်ပါမည်။
ထို့ပြင် ဟောပြောပွဲ၊ ထိပ်သန်းဆွေးနွေးပွဲ၊ အကြောင်းအရာအလို့ဖိုရမ်၊ စကားဝိုင်း ဆွေးနွေးပွဲများကို ကျင်းပကြောင်း၊ ပြည်တွင်းပြည်ပမှ ဆရာဝန်များ၊ ကျန်းမာရေးလုပ်ငန်း ခေါင်းဆောင်များ၊ လုပ်ငန်းရှင် (၃၀၀)ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
昆明信息港讯 记者江枫 任骥远 12月14日上午9时,“2016昆明大健康国际高峰论坛”在昆明世纪金源大饭店隆重开幕。陈至立发来贺信。云南省委常委、昆明市委书记、滇中新区党工委书记程连元致欢迎辞,昆明市委副书记刘智主持论坛开幕式。
出席论坛的还有中央、云南省、昆明市的相关领导。
本届论坛的主题是:“共筑中国健康之城 健康让生活更幸福。”论坛由中国健康管理协会、云南省卫生计生委、昆明市人民政府共同主办,旨在贯彻落实中共中央、国务院《“健康中国”2030规划纲要》、《国务院关于促进健康服务业发展的若干意见》,以及云南省和昆明市的相关文件精神和战略部署,将昆明打造为“中国健康之城”,助推昆明生物医药、医疗健康服务、康体养生等产业的快速发展,进一步提升昆明在海内外大健康和养生旅游领域的知名度和影响力。
各界期待已久的《昆明市大健康发展规划》,即将正式发布。
本届论坛设置了“健康让生活更幸福”主题演讲;“跨境医疗服务贸易与中医药国际化”等高峰对话;“智慧转型与大健康产业链延伸”、“发展医养旅游促进全球合作”等专题论坛;“供给侧改革与医疗健康保险创新”等圆桌论坛。
中国工程院院士、北京大学医学部主任詹启敏,中国健康管理协会会长、解放军301医院副院长郭渝成,世界500强-美国联合健康集团负责中东和非洲地区的首席执行官塞夫·阿贾贝吉,美国国际医疗旅游质量联盟总裁兼首席执行官朱莉·孟罗,英国瑟科医疗健康集团医疗总监哈西姆·阿卜杜勒·拉赫曼,以及云南和昆明的企业家约300人,今天将齐聚一堂为昆明大健康产业发展把脉问诊、献计献力。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့


