၁၁ ကြိမ်မြောက် ယူနန် လက်ဖက်ခြောက် ပြပွဲကို ဇလိုင်လ ၂၈ ရက်နေ့တွင် ကူမင်းမြို့၌ ကျင်းပ

2016-06-30 16:29|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၁၆ခုနှစ် ၁၁ ကြိမ်မြောက် တရုတ်နိုင်ငံ ယူနန် ဖူအယ် လက်ဖက်ခြောက် နိုင်ငံတကာ ပြပွဲကို ဇူလိုင်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကူမင်း နိုင်ငံတကာ ပြသရေး စင်တာကျင်းပမည် ဖြစ်ပါကြောင်း၊ အလာတူ ကာလတွင် ပထမ အကြိမ်မြောက် တရုတ် ကူမင်း “ယူနန် ကြွေထည်” လက်ရာ သေသပ် ကောင်းမွန်သော ကြွေထည်များ အကဲဖြတ်ရန် လှုပ်ရှားမှုကို လည်း ကျင်ပမည် ဖြစ်ပါကြောင်း ယူနန်ပြည်နယ် လယ်ယာ စိုက်ပျိုးရေး ဌာနမှ သတင်း အရ သိရှိရပါသည်။

အကြိမ် လက်ဖကခြောက် ပြပွဲ ပြသရေး အကျယ်အဝန်းသည် နှစ် သောင်း စတုရန်း မီတာ ဖြစ်ပါယူနန်ပြည်နယ်၊ ပြည်နယ်ခွဲနှင့် မြို့ပြ လက်ဖကခြောက် ပြခန်း၊ လက်ဖက်ခြောက်နှင့် သက်ဆိုင်ရာ ထွက်ကုန်ပစည်း ပြခန်း၊ ကြွေထည် လက်မှုပညာ ပြခန်းနှင့် အထူး တပ်ဆင် မွမ်းမံသော ပြခန်း ပါဝင်သည့် (၄)ခန်း ရှိပါသည်။ ပြပွဲ ကျင်းပရာတွင် ဖူအယ် လက်ဖက်ခြောက် (ကော်ဖီ) ပြပွဲ ကျင်းပ သည့်အပြင် လက်ဖက်ခြောက် (ကော်ဖီ) အဓိက ထွက်သည့် ယူနန်ပြည်နယ်၊ ပြည်နယ်ခွဲများနှင့် မြို့ပြများ၏ ကုန်ထုတ် လုပ်ငန်း သီးခြား လှုပ်ရှားမမှုများ၊ ယူနန် လက်ဖကခြောက် (ကော်ဖီ) ထုတ်လုပ်မှုနှင့် ကုန်ရောင်းမှု နှီးနှော ဖလှယ်ပွဲ၊ လက်ဖကခြောက်နှင့် ကော်ဖီကို လက်တွေ့ မြည်းကြည့် အကဲဖြတ် လှုပ်ရှားမှု စသည်တို့ကိုလည်း ကျင်းပမည် ဖြစ်ပါသည်

လွန်ခဲ့သည့် နှစ်များနှင့် မတူ နှစ်တွင် ကြွေထည် ပြခန်းကို အထူးတလည် တည်ဆောက်ပြီး ပထမ အကြိမ်မြောက် တရုတ် ကူမင်း “ယူနန် ကြွေထည်” လက်ရာ သေသပ် ကောင်းမွန်သော ကြွေထည်များ အကဲဖြတ်ရန် လှုပ်ရှားမှုကို ကျင်ပမည် ဖြစ်ပါ သည်။ ယူနန်ပြည်နယ် နေရင်းအရပ်ရှိ ပြည်နယ်ခွဲနှင့် မြို့ပြ (၁၆)ခုမှ ကြွေထည်လုပ်ငန်းများ သည် ပါဝင် ပြသမည် ဖြစ်ပါသည်။ ထို့ပြင် အင်တာနက်+လက်ဖက်ရည်ပွဲသုံး အချိုပန်ကန်လုံး Alibaba ကူမင်းဖိုရမ်၊ လက်ဖက်ရည်ပွဲသုံး အချိုပန်ကန်လုံးနှင့် လက်ဖက် လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ၊ တရုတ် နာမည်ကျော်ကြားသော ကြွေထည် (၄)မျိုး နှင့်ပတ်သက်သော ဖလှယ်မှု စသည့်လှုပ်ရှားမှု အမျိုးမျိုး ကျင်းပမည် ဖြစ်ပါသည်။

昆明信息港综合整理 来自省农业厅消息,2016第十一届中国云南普洱茶国际博览交易会将于7月28—31日在昆明国际会展中心举办,同期还将举办首届中国昆明陶醉中华“云陶”杯精品评选活动。

本届茶博会共设4个展厅,展览面积约20000平米,分别是云南州市茶叶展区,茶叶及相关产品展区,陶瓷艺术展区,特装展区。4天的会期,除举办普洱茶(咖啡)博览会外,还举办云南省主产茶(咖啡)州市产业专题活动、云茶(咖啡)产销对接座谈会、茶和咖啡现场品鉴活动等。

与往年不同的是,今年还专门开设了陶瓷展区,并举行首届中国昆明陶醉中华“云陶”杯精品评选活动。届时,不仅云南本土十六个地州陶瓷企业全部亮相,而且还将举行互联网+茶器阿里巴巴昆明论坛会、茶器与茶企合作洽谈会、中国四大名陶的对话等系列活动。(昆明日报 记者廖兴阳)

အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်