ကူမင်းမြို့မှ ဟန်လူမျိုး၏ နာမည်ကျော်သော အစားအစာ ရေတိုဟူးမြီးရှည်
2015-12-25 14:30|
ရေတိုဟူးမြီးရှည်။
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်)ရေတိုဟူးမြီးရှည်မှာ ယူနန်ပြည်နယ် ကူမင်းမြို့တွင် နာမည်ကျော်ကြားသည့် ဟန်လူမျိုး၏ အစားအသောက် ဖြစ်သည်။ ရေတိုဟူးမြီးရှည်မှာ အရပ်ဘက်မှ ပေါ်ထွက်လာ ၍ စားသောက်ဆိုင်ထဲမှ အထူးလက္ခဏာရှိသော အစားအစာ ဖြစ်သည်။ အမွှေး၊ အစပ်၊ အပျော့၊ အချော၊ အရသာကောင်း၍ ဈေးသက်သာသည်။
ဟင်းခတ်အမွှေအကြိုင်။။ ငရုတ်ဆီ ဂရမ်(၃၀)၊ ပဲငန်ပြာရည်ငန် ဂရမ်(၃၀)၊ ပဲငန်ပြာရည်ချို ဂရမ်(၃၀)၊ ပဲပုတ်ဆော့အချို ဂရမ်(၄၀)၊ အချိုမှုန့် ဂရမ်(၁၀)၊ တရုတ်ကြက်သွန်မြိတ် အမှုန့် ဂရမ်(၁၀)၊ ဂျင်းရည် ဂရမ်(၁၀)၊ ကြက်သွန်ဖြူရည် ဂရမ်(၁၀)၊ ငရုတ်ကောင်းမှုန့် ဂရမ်(၁၅)။
လုပ်ပုံလုပ်နည်း။။
၁။။ မြီးရှည်ကို ရေနွေးနှင့် ပူပြီးနောက် ပန်းကန်းထဲသို့ ထည့်ထားသည်။ မွှေအကြိုင်သော မုန်ညင်းခြောက်ကို နုပ်နုပ်စဉ်းသည်၊ တရုတ်ကြက်သွန်မြိတ်ကို အမှုန့် လှီးသည်၊ ရေတိုဟူးကို မီးပေါ်တွင် ထည့်၍ ပူနွေးစေသည်။
၂။။ မြီးရှည်ပေါ်တွင် ရေတိုဟူး၊ ပဲငန်ပြာရည်အငန် ၊ ပဲငန်ပြာရည်အချို၊ ဂျင်းရည်၊ ကြက်သွန်ဖြူရည်၊ ပဲငန်ပြာရည်ချို၊ ငရုတ်ကောင်းမှုန့်၊ အချိုမှုန့်၊ ငရုတ်ဆီ၊ မွှေအကြိုင်သော မုန်ညင်းခြောက်နှင့် တရုတ်ကြက်သွန်မြိတ် များကို အစီအစဉ်အရ ထည့်၍ ရောနှော ပြီးနောက် စားနိုင်သည်။
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့