ယူနန် က ကြံအဖတ်ဖြင့် Xylose ကို ပထမဦးဆုံး တီထွင်ထုတ်လုပ်၊ ထပ်ဆင့် တန်ဖိုးက အဆ (၃၀) တိုးလာ
2015-11-03 16:44|
ယခုအခါ ကြံသကြား ထုတ်လုပ်ရေး နည်းပညာကို ယူနန်ပြည်နယ် ရုံတယ် သကြား လုပ်ငန်း ကုမ္ပဏီ အုပ်စု တွင် လေ့လာ ဆောင်ရွက် နေပြီး ဖြစ်ကြောင်း၊ တစ်နှစ်လျှင် တန်(၂၅၀၀) ထုတ်နိုင်
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန်ပြည်နယ် သိပံ္ပပညာ ဦးစီးဌာနသည် ယူနန်ပြည်နယ် ကြံသကြား စက်မှု လုပ်ငန်း အရေးကြီးသော ရလာဒ် ကွန်ဖရင်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပ ခဲ့ပါသည်။ ယူနန်ပြည်နယ်သည် ကြံ ထုတ်လုပ်ရေး လုပ်ငန်းမှ အချောကိုင်လုပ်ငန်း၊ ဘေးထွက်ပစ္စည်း ဘက်စုံအသုံးပြုရေးလုပ်ငန်း အရပ်ရပ်တွင် ပထမဦးဆုံး တီထွင် ဖန်တီးမှု (၅) ခု ရှိရာ ကြံအဖတ်ဖြင့် Xylose ကို ထုတ်လုပ်ခြင်းက ၎င်းထဲမှာ တစ်ခု ဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။
“ ပုံမှန်ဆိုရင် ကြံသကြား ပြုလုပ်ရာတွင် ထွက်လာတဲ့ ကြံအဖတ်ကို မီးရှိုတယ်။ နှစ်တိုင်း ယူနန်ပြည်နယ်မှာ ထွက်လာတဲ့ ကြံအဖတ်က တန် (၃)သန်းခန့် ရှိတယ်။ တစ်တန်ဆိုရင် ယွမ် (၃၀၀) လောက်ရှိတယ်။” ယူနန်ပြည်နယ် ကြံသကြား စက်မှုလုပ်ငန်း နည်းပညာ ဖန်တီးမှု မဟာဗျူမြောက် ပူးတွဲ အဖွဲ့ ညွှန်းကြားရေးမှူး၊ ယူနန်ပြည်နယ် စိုက်ပျိုးရေး သိပ္ပ့ပညာ သုတေသနဌာန သုတေသီ မစ္စတာ ကျန်းရွယ်ပင်းက ပြောဆိုခဲ့ပါသည်။
“ယူနန်ပြည်နယ် အနေနဲ့ နည်းပညာ ရှာဖွေပြီး တစ်တန် ယွမ် (၃၀၀)ပဲ တန်တဲ့ စွန့်ပစ် ပစ္စည်းတွေကို တစ်တန် ယွမ် တစ်သောင်းက နှစ်သောင်း တန်တဲ့ Xylose ဖြစ်လာစေ တယ်၊ အပို တန်ဖိုးက အဆ (၃၀) ကျော် တိုးလာနိုင်ပါတယ်။ ကြံအဖတ်တွေကို ကုန်ကြမ်းအဖြစ် Xylose ရင် ယူနန်ပြည်နယ် ရရှိနိုင်တဲ့ တန်ဖိုး ယွမ် သုံးဘီလျံ လောက်ရှိနိုင်တယ်။” ဟု ၎င်းက ဆက်က ပြောသည်။
ကြံသကြား စက်မှုလုပ်ငန်းက ယူနန်ပြည်နယ်တွင် အရေးကြီးသော ဒေသ စီးပွားရေး အထောက် စက်မှုလုပ်ငန်း ဖြစ်ကြောင်း၊ ပြည်နယ် တစ်ခုလုံးထဲတွင် ကြံပြင်စိုက်သမား (၆)သန်းကျော်၊ အလုပ်သမား (၂.၃)သောင်း ရှိကြောင်း၊ ပြည်နယ်ခွဲ/မြို့(၁၁)ခုနှင့် ခရိုင်/မြို့ (၄၈) ခု ပါဝင်ကြောင်း၊ ထို့ကြောင့်၊ ယူနန်ပြည်နယ်အနေနှင့် ကြံသကြား စက်မှုလုပ်ငန်း အတွက် သိပံ္ပပညာ သုတေသနရန် အလွန် အလေးဂရုပြုကြောင်း သိရှိရပါသည်။
ထို့ပြင် ယူနန်ပြည်နယ်က ကြံပြင်စိုက်ပျိုးရေး သယံဇာတပစ္စည်းများ စုစည်းခြင်း၊ အသုံးပြု ခြင်းနှင့် မျိုးကောင်း မျိုးသန့် ပြုစုခြင်း များဘက်တွင် တစ်နိုင်ငံလုံး၌ အနိုင်ရ ကြောင်း၊ သကြားထွက်နှုန်းက (၅) နှစ်အတွင်း တစ်နိုင်ငံလုံး၌ ထိပ်တန်းနေရာ အမြဲတမ်း တည်ရှိကြောင်း၊ သကြားထုတ် ကုန်ကျစရိတ်က ကွန်ရှီပြည်နယ်နှင့် ကွန်သုန်းပြည်နယ် စသည်တို့ထက် (၁၀) ရာခိုင်နှုန်း လျော့နည်းကြောင်း သိရှိရပါသည်။
၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ယူနန်ပြည်နယ် တစ်ခုလုံးတွင် ကြံပင် စိုက်ပျိုးရေး ထွက်ကုန်ပမာဏ ယွမ် (၁၅) ဘီလျံ ရှိ၍ ကြံသကြား စက်မှုလုပ်ငန်း ထွက်ကုန် ပမာဏ ယွမ် (၂၀) ဘီလျံ ရှိကြောင်း၊ ကြံသကြား အချောကိုင် လုပ်ငန်းနှင့် ဘက်စုံ အသုံးပြု လုပ်ငန်း ထွက်ကုန် ပမာဏ ယွမ် (၅) ဘီလျံရှိ ကြောင်း၊ စုစုပေါင်း ပမာဏ ယွမ် (၄၀) ဘီလျံ ရှိ ကြောင်း သိရှိရပါသည်။
目前该工艺已在永德糖业集团进行产业化开发,形成了年产2500吨的规模 供图
昆明信息港综合整理 昨日,云南省科技厅举办的云南蔗糖产业重大成果发布会上通报,云南在从甘蔗生产到深加工、副产物综合利用的甘蔗糖业产业链中,已在全国实现了5个首创,用蔗渣生产木糖技术便是其中之一。
“制糖过程中产生的蔗渣一般都是烧掉,我省每年产生蔗渣约有300万吨。”云南蔗糖产业技术创新战略联盟理事长、省农科院甘蔗研究所研究员张跃彬介绍, 蔗渣的价值大约是300元/吨。
云南省通过技术创新,使原本价值仅300元/吨的废弃物,变为1至2万元/吨的木糖,附加值增加30倍以上 。“300万吨蔗渣可开发15万吨木糖。”张跃彬说,以蔗渣为原料生产木糖在云南潜在价值可达30亿元。
蔗糖产业是云南重要的区域经济支柱产业,全省有蔗农600多万人,2.3万行业员工,涉及11个州市48个县(市)。因此,云南对于蔗糖产业的科研投入颇为重视。
此外,云南在甘蔗种植资源收集与利用、育种水平方面也领先全国。云南连续5年保持出糖率全国第一,云南的制糖成本比广西、广东等地低10%。
“十二五”期间,全省实现甘蔗农业产值150亿元,蔗糖工业产值200亿元,蔗糖深加工和综合利用产值50亿元,合计综合产值400亿元。(昆明日报 记者吴洁)
အယ်ဒီတာ: မိုးဦးသဇင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့

