ယူနန်ပြည်ယ် ရှိ ပထမတစ်ခု Blueberry Wine ထုတ်စက်ရုံ က ထုံးဟိုင်ခရိုင် တွင် စတင် ထုတ်လုပ်
2015-08-04 09:28|

(ရောင်စုံတိမ်တံတား၊ မိုးဦးသဇင်) ၂၀၀၇ ခုနှစ် မှစ၍ ယူနန်ပြည်နယ် ယိုရှီးမြို့ ထုံးဟိုင်ခရိုင် ကြားဇုတ် Blueberry သမဝါယမ အသင်း သည် ကုမ္ပဏီ နှင့် စိုက်ခင်း နှင့် လယ်သမားများ သုံးခုပေါင်း စံနစ် ဖြင့် Blueberry Wine စိုက်ခင်း ဧရိယာ အကျယ်အဝန်း ၅၀၀၀ မို ကို ကွေ့ကျိုးပြည်နယ် မာကျန်းခရိုင် နှင့် ယူနန်ပြည်နယ် ချန်ကျန်းခရိုင် ၌ စိုက်ပျိုး ခဲ့ပြီး နည်းပညာ များကို လေးနှစ် ကြာ လေ့လာ စမ်းသပ် ခြင်းအားဖြင့် Blueberry Wine နှင့် Blueberry Wine အရက် ထုတ်လုပ်မှုနည်းပညာ များ နှင့် စက်ကိယာ များ အစုံ ကို ၂၀၁၄ခုနှစ် တွင် တီထွင် ဖန်တီး ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် နှစ်ဆန်း ၌ ယွမ် ငါးသန်းကျော် ရင်းနှီး တည်ဆောက်ခဲ့သည့် ကြားဇုတ် Blueberry Wine ချက်ရုံး သည် ယူနန်ပြည်နယ်တွင် ပထမတစ်ခု Blueberry Wine ထုထ်လုပ်မှုစက်ရုံ အနေနှင့် ထုတ်လုပ်ခွင့်လိုင်စင်ကို ရရှိခဲ့ပြီး တရားဝင် ထုတ်လုပ် ခဲ့ ကြောင်း၊ ၂၀၁၅ခုနှစ် ဇွန်လတွင် ကျင်းပ ခဲ့သည့် တောင်အာရှပြပွဲ ၌ ကြားဇုတ် Blueberry Wine များက အနံ့အရသာ နှင့် အရည်အသွေး ကို ချီးကျူး ခဲ့ခြင်းကြောင့် ယွမ် ငါးသန်းတန် အော်ဒါအမှာစာ ကို ရရှိခဲ့ကြောင်း သိရှိရပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: 文丽荣
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
