တိုင်လူမျိုးစတိုင် ပဲငပိ - နမ်းရှုလို့ နံစော်ပြီး စားလို့ အရသာကောင်းသော အစားအစာ
2026-02-02 17:20|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး ဂျိန်ဖော့လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လုံချွမ်ခရိုင်တွင် တိုင်လူမျိုးစတိုင် ပဲငပိသည် စားပွဲပေါ်တွင် အမြဲတွေ့နိုင်သော အစားအစာတစ်မျိုး ဖြစ်သည်။ ရှုပ်ထွေးသော ကိရိယာများ မလိုအပ်ဘဲ၊ အစိမ်းရောင်အရွက် သုံးလေးငါးဖြင့်သာ ထူးခြားသော ကစော်ဖောက်ရနံ့ကို ဖန်တီးနိုင်၍ လုပ်နည်းအစီအစဉ် လွယ်ကူပြီး မှတ်မိရလွယ်သောကြောင့် အိမ်တွင် ပြုလုပ်နိုင်ပါသည်။
ပထမဦးစွာ ပဲပုပ်များကို သန့်ရှင်းအောင် ဆေးကြောပြီး ရေကြည်ဖြင့် တစ်ညကြာ စိမ်ထားပါ။ နောက်တစ်နေ့တွင် အိုးထဲသို့ ထည့်သွင်းပြီးနောက် လက်ချောင်းများဖြင့် လွယ်တကူ ကျေမွသွားသည်အထိ ပေါင်းပြီးနောက် ရေထဲမှ ထုတ်ယူပြီး ရေစစ်ပြီး အအေးခံထားပါ။ ထို့နောက် လတ်ဆတ်သော ဆွမ်းပါး(အပင်တစ်မျိုး)ရွက်များ သို့မဟုတ် သဖန်းရွက်များဖြင့် တင်းကျပ်စွာ ထုပ်ပိုးပြီးနောက် အေးမြပြီး အလင်းရောင်ရှောင်သော နေရာတွင် ၂ ရက်မှ ၃ ရက်အထိ ထားပါ။ အထုပ်ကို ဖွင့်လိုက်သောအခါ ပဲငပိများသည် ချည်မျှင်ကဲ့သို့ စေးကပ်သော အနေအထားရှိပြီး ထူးခြားသော ရနံ့သည် ထွက်ပေါ်လာပါလိမ့်မည်။
ပါးပါးလှီးထားသော နံနံပင်များ၊ ငှက်မျက်လုံးငရုတ်သီးများနှင့် ဂျင်းမျှင်များကို အဆင်သင့်ဖြစ်ပြီ၊ ထို့နောက် ၎င်းတို့နှင့် ကစော်ဖောက်ပြီးသော ပဲငပိများ၊ သင့်တော်သော ဆားနှင့် ဟင်းချိုမှုန့်များကို ပန်းကန်တစ်လုံးထဲသို့ ထည့်ပြီး ညီမျှအောင် အပြည့်အဝ ရောနယ်ပြီးနောက် မွေးစပ်ပြီး စားကောင်းသော တိုင်လူမျိုးစတိုင် ပဲငပိ တစ်ပန်းကန် အသင့်ဖြစ်ပါပြီ ဖြစ်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ





