၃၃ နိုင်ငံမှလာသည့် "Chinese Bridge" ပြိုင်ပွဲဝင်များသည် တာ့မော့ယွီရွာသို့ ကျေးလက်ယဉ်ကျေးမှုအနုပညာ ညဖျော်ဖြေပွဲကို ပါဝင်ခဲ့ကြ
2026-01-22 09:49|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နှစ်သစ်ကူး နှစ်ချိုးစပ်စာတန်းများကို ရေးသားခြင်း၊ ယီလူမျိုးပန်းထိုးနည်းကို သင်ယူခြင်း၊ ဂျာမာလက်ရာများကို ပြုလုပ်ခြင်း၊ တိုင်းရင်းသားရိုးရာအစားအစာများကို မြည်းစမ်းခြင်း... ဇန်နဝါရီလ ၁၉ ရက်နေ့တွင် "ကမ္ဘာတွင် နွေဦးပွဲတော် ကြိုဆိုခြင်း၊ တရုတ်ဘာသာစကားဖြင့် ကမ္ဘာကြီးနှင့် ချိတ်ဆက်ခြင်း" ဟူသော ခေါင်းစဉ်ဖြစ်သည့် ၂၀၂၆ ခုနှစ် "Chinese Bridge" လှုပ်ရှားမှုကို ကူမင်းမြို့ ရှီးစန်းရပ်ကွက် တာ့မော့ယွီရွာ၌ ကျင်းပခဲ့ကာ အမေရိကန်၊ ဘယ်လ်ဂျီယံနှင့် ရုရှား စသည့် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ ဧည့်သည် အယောက်ပေါင်း ၅၀ ကျော်သည် တရုတ်ဘာသာစကားကို လှေအဖြစ်နှင့် ယဉ်ကျေးမှုကို တံတားအဖြစ် အသုံးပြု၍ နွေဦးပွဲတော် အတွေ့အကြုံခရီးစဉ်ကို စတင်ခဲ့ကြသည်။
ဤအကြိမ်လှုပ်ရှားမှုကို တာ့မော့ယွီရွာရှိ ကျေးလက်ယဉ်ကျေးမှုအနုပညာ ညဖျော်ဖြေပွဲ နှင့်အတူ တစ်ပြိုင်နက်တည်း ကျင်းပခဲ့သည် ဖြစ်သည်။ ညနေ ၃ နာရီတွင် စည်ကားသော ဗုံတီးသံနှင့် ဂိုဒေါင်တီးသံများထဲတွင် အဝေးမှလာသည့် မိတ်ဆွေများအား ယီလူမျိုး၏ ထူးခြားချက်များရှိသည့် ကြိုဆိုပွဲအခမ်းအနားဖြင့် ကြိုဆိုခဲ့ကာ ကြည်လင်ပြီး သာယာနာပျော်ဖွယ်ကောင်းသော သီချင်းသံများကြားတွင် ထူးခြားသော ယဉ်ကျေးမှုပွဲတော်တစ်ခု စတင်ခဲ့သည်။
တိုင်းရင်းသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပြပွဲနှင့် ကျေးလက်အနုပညာဈေးတွင် ကူမင်းမြေထည်များ၊ Cloisonné enamel၊ မြောင်လူမျိုး၏ ဖယောင်းဖြင့်ဆေးဆိုးခြင်း၊ ပိုင်လူမျိုး၏ ပန်းထိုးခြင်း စသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် နည်းပညာများကို ပြသထားသည်၊ ပြိုင်ပွဲဝင်များသည် ရှေးဟောင်းရွာထဲမှ လမ်းကြီးလမ်းငယ်များတစ်လျှောက် ဖြည်းဖြည်းချင်း လမ်းလျှောက်ခဲ့ကြပြီး ယဉ်ကျေးမှုဆိုင်ရာ အချိန်ဥမင်လိုဏ်ခေါင်းနှင့် ဓာတ်ပုံအတူရိုက်ခဲ့ကြပြီး ရွာ၏သမိုင်းဆိုင်ရာ ဇာတ်လမ်းများကို နားထောင်ခဲ့ကြကာ ရှေးဟောင်းဆန်၍ ရိုးရိုးသန့်သန့်ရှိသော ကျန်းမိသားစုခြံဝင်းရှိ ပြဇာတ်ရုံ၌ တိုင်းရင်းသားရိုးရာသီချင်း "ရွာဟောင်း၏ အခြေအနေအသစ်များ"ကို ရှုစားခဲ့ကြသည်။ အဓိကကျင်းပရာနေရာရှိ "နွေဦးလေပြေ ဆယ်မိုင်၊ ကူမင်းတွင် သင်ကို ရှိခြင်း" ဟူသော ရှီးစန်းရပ်ကွက်ရှိ အထူးဖျော်ဖြေပွဲသည် ဤအကြိမ်လှုပ်ရှားမှုကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။ နိုင်ငံခြားဧည့်သည်တော်များသည်လည်း စင်မြင့်ပေါ်သို့ တက်ရောက်ခဲ့ကြပြီး တရုတ်ဘာသာစကားဖြင့် ၎င်းတို့၏ ယူဆချက်ထဲမှ တရုတ်ယဉ်ကျေးမှုများနှင့် ရှီးစန်းရပ်ကွက်၏ ညှို့နိုင်စွမ်းများကို ဖော်ပြခဲ့ကြသည်။
ညစာစားချိန်တွင် ပြိုင်ပွဲဝင်များသည် ရွာသူရွာသားများနှင့်အထူ လမ်းတစ်လျှောက် စားပွဲရှည်ဧည့်ခံပွဲ၌ ဒေသခံအထူးဟင်းလျာများကို မြည်းစမ်းခဲ့ကြပြီး ၎င်းတို့၏ နိုင်ငံများ၏ ပွဲတော်ဓလေ့ထုံးစံများကို ဖလှယ်ခဲ့ကြကာ အပြန်အလှန်ဖလှယ်မှုထဲတွင် နားလည်မှုကို မြှင့်တင်ခဲ့ကြပြီး ချစ်ခင်ရင်းနှီးမှုကို တိုးပွားစေခဲ့ကြသည်။
ညဝင်ပြီးနောက် ရိုးရာသော ယီလူမျိုးမီးပုံပွဲနှင့် စည်ကားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လှုပ်ရှားမှုကို စတင်ခဲ့ပြီး လူတိုင်းသည် ရှေးဟောင်းပြီး စိတ်အားထက်သန်သော နည်းလမ်းများဖြင့် နွေဦးပွဲတော်ကို ကြိုဆိုခဲ့ကြသည်။
昆明信息港讯(昆明日报 记者李杭蓉)写春联、学彝绣、制作甲马、品味民族菜……1月19日,“四海迎新春·中文连世界”2026“汉语桥”活动在西山区团结街道大墨雨村开展,来自美国、比利时、俄罗斯等33个国家的50余名嘉宾开启了一场以中文为舟、文化为桥的春节体验之旅。
本次活动与大墨雨村“村晚”同步进行。15时,热闹的锣鼓声响起,独具彝族特色的欢迎仪式迎接远道而来的朋友,清亮的歌声中,一场别开生面的文化盛宴拉开序幕。
在民族非遗大秀场与乡村艺术集市中,昆明土陶、掐丝珐琅、苗族蜡染、白族刺绣等非遗技艺一一亮相,大家漫步古村街巷,打卡文化时光隧道、聆听村史故事,并在古朴的张家大院庭院剧场欣赏原汁原味的民族弹唱《老寨新风》。主会场的“春风十里 昆明有你”西山区专场展演,把本次活动推向高潮。外国嘉宾们也登上舞台,用中文秀出他们眼中的中国文化与西山魅力。
晚餐时间,大家与村民在长街宴上共同品尝乡村特色菜肴,交流各自国家的过节习俗,在互动中增进了解、拉近距离。
夜幕降临,传统的彝族篝火晚会与激情澎湃的民族大团结联欢打跳热闹登场,大家用古老而热烈的方式,迎接新春。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်
- ယူနန်ပြည်နယ်ရှိ အမြန်လမ်းမကြီး ၄ လိုင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်
- "ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်"နှင့်အတူ ဆောင်းရာသီတွင် နွေဦးမြို့တော်ကို လည်ပတ်ကြည့်ရှုမည်
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်က နိုင်ငံခြားဆိုင်ရာ ဥပဒေဝန်ဆောင်မှုလှုပ်ရှားမှုစီးရီးများကို စတင်
- တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ယူနန့်ကော်ဖီစေ့ပို့ဆောင်ရေး အထူးရထားသည် လည်ပတ်ပြေးဆွဲ
- ကူမင်းမြို့မှ စီမံခန့်ခွဲခြင်းဖြင့် မိုဟန်မြို့နယ်သည် တံခါးဖွင့်ဒေသသစ်အဖြစ် ပြောင်းလဲသွားသည် ဟုဗဟိုမီဒီယာက ချီးကျူး
- ဟယ်ခုတ်ဆိပ်ကမ်းမှ ပြည်ဝင်ပြည်ထွက်လူဦးရေက ယူနန့်ဖွင့်လှစ်သောဆိပ်ကမ်း၏ ပထမနေရာတွင် သုံးနှစ်ဆက်ရပ်တည်





