ယူနန်ပြည်နယ် တာ့လီပြည်နယ်ခွဲရှိ မန်ရှန်လင်ရှုခင်းသာနေရာတွင် ကျောက်ခြင်္သေ့ရုပ် အလုံး ၄ ထောင်ကျော်ရှိ၍ အလွန်ခန့်ညားထယ်ဝါ

2026-01-06 18:03|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့တောင်တစ်လုံးတည်းပေါ်တွင် ထောင်နှင့်ချီသော "ခြင်္သေ့"များ စုဝေးလျှင် မည်မျှခန့်ညားထယ်ဝါ ဖြစ်မည်နည်း။ ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျန့်ချွမ်ခရိုင်ရှိ မန်ရှန်လင်ရှုခင်းသာနေရာ(ထောင်နှင့်ချီသော ခြင်္သေ့ရှိတောင်)သို့ သွားကြည့်ပါလော။ ဤနေရာတွင် ကျောက်ခြင်္သေ့ရုပ် အလုံး ၄ ထောင်ကျော် စုဝေးနေကြပြီး တချို့မှာ လဲနေပြီး၊ တချို့မှာ ထိုင်နေပြီး၊ တချို့မှာ ရပ်နေပြီး ဟန်အမူအရာ အမျိုးမျိုးအစုံစုံရှိသည်။ ၎င်းတို့ထဲတွင် ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံခြင်းကို သရုပ်ဆောင်ထားသော "ခြောက်ပြစ်ကင်း သဲလဲစင်" မိသားစုခြင်္သေ့များ ရှိရုံသာမက ဖွံ့ဖြိုးသာယာမှုအဓိပ္ပယ် ဖော်ဆောင်ထားသော "ခြင်္သေ့သုံးကောင်သည် ကြွယ်ဝချမ်းသာမှုကို ယူဆောင်လာခြင်း" ခြင်္သေ့များကိုလည်း ရှိသည်။ ထို့ပြင်၊ (ထောင်နှင့်ချီသော ခြင်္သေ့ရှိနံရံ) တစ်ခုပေါ်တွင် ခြင်္သေ့တစ်ထောင်ကျော်ကို ထူထပ်စွာ ထွင်းထုထား၍ ခန့်ညားထယ်ဝါသော မြင်ကွင်းမှာ လည်ပတ်ကြည့်ရှုသူများကို အံ့သြမိစေလျက်ရှိသည်။

ဤထောင်နှင့်ချီသောခြင်္သေ့ရှိတောင်သည် ကျန့်ချွမ်ခရိုင်မြို့နှင့် ၁.၅ ကီလိုမီတာ ကွာဝေးပြီး တောင်ပေါ်ရှိ ကျောက်ခြင်္သေ့ရုပ်များကို (၂၀) ရာစုနှစ် (၉၀) ဆယ်စုနှစ်ပိုင်းတွင် စတင်ထွင်းထုခဲ့သည် ဖြစ်ကာ နောက်ပိုင်း နှစ်ဆယ်ပေါင်းများစွာအတွင်း ကျန့်ချွမ်လက်မှုပညာရှင်များသည် ကျောက်၏ပုံသဏ္ဍာန်အပေါ် မူတည်ပြီး ခြင်္သေ့ရုပ်ကို ဒီဇိုင်းထွင်းထုခဲ့ကြ၍ လက်ရှိအတိုင်းအတာကို တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သည်၊ ဤကျောက်ခြင်္သေ့ရုပ်များသည် ဝေ့မင်းဆက်၊ ကြင်မင်းဆက်၊ တောင်ပိုင်းမင်းဆက်နှင့် မြောက်ပိုင်းမင်းဆက်ခေတ်မှ မန်ချင်းမင်းဆက်အထိ ကျောက်ခြင်္သေ့ရုပ်များ၏ စတိုင်များကို စုစည်းပြသထားသည်။


数千头“狮子”齐聚一座山,会有多壮观?不妨到云南省大理白族自治州剑川县的千狮山看一看。这里汇集了4000余头石狮子,或躺、或坐、或立,姿态万千。其中既有象征吉祥的“十全十美”全家狮,也有寓意兴旺的“三狮开泰”。值得一提的是,一面“千狮壁”上则密集雕刻着上千头狮子,壮观场面令参观者啧啧称奇。

据了解,剑川千狮山离县城1.5公里,山上的石狮子雕刻始于上世纪90年代,在接下来的数十年时间里,剑川匠人“因石取势,顺势造狮”,逐渐形成现在的规模,这些石狮集中展示了魏晋南北朝至清朝各个朝代的石狮风格。(记者符皓)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်