ယူနန်ပြည်နယ်ရှိ လိကျန်းမြို့သည် "နေရောင်ခြည်အောက်က ရွှေတောင်တန်း" ကြည့်ရှုရာသီသို့ ရောက်ရှိလာပြီ
2025-11-18 17:18|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက ယူနန်ပြည်နယ်ရှိ လိကျန်းမြို့သည် နေရောင်ခြည်အောက်က ရွှေတောင်တန်း" အကောင်းဆုံး ကြည့်ရှုရာသီသို့ ရောက်ရှိလာပြီ ဖြစ်ကာ ယွိလုန်နှင်းတောင်ခြေရင်းရှိ ရှုခင်းကြည့်နေရာများတွင် လူများပျားပန်းခတ်မျှ စည်ကားကြပြီး ခရီးသည်များနှင့် ဓာတ်ပုံဝါသနာရှင်များသည် မနက်ခင်းလေထဲတွင် ခန့်ညားထည်ဝါပြီး တင့်တယ်လှပသော "နေရောင်ခြည်အောက်က ရွှေတောင်တန်း" ကို စောင့်ဆိုင်းနေကြသည်။
မနက်ပိုင်း ၇ နာရီခွဲခန့်တွင် ပထမဆုံး နေရောင်ခြည်သည် နှင်းတောင်ထိပ်ပေါ်သို့ ဖြာကျပြီး မိနစ်အနည်းငယ်အတွင်း နှင်းတောင်တစ်ခုလုံးကို ထွန်းလင်စေပြီး မူလက စိမ်းပြာရောင်ဖြစ်သော တောင်ကို "ရွှေရောင်ဝတ်စုံ" ဖြင့် ဝတ်ဆင်ပေးခဲ့သည်။
လိကျန်းမြို့တွင် "နေရောင်ခြည်အောက်က ရွှေတောင်တန်း" ကြည့်ရှုနိုင်သည့် နေရာ အများကြီးရှိ၍ လိကျန်းရှေးဟောင်းမြို့အနီးရှိ စီဇင်တောင်၊ ဟင်လုံထန်ဥယျာဉ်နှင့် ကန်းဟိုင်ဇီရှုခင်းသာနေရာ စသည့် နေရာများ၌ မတူညီသော ရှုထောင့်များမှ ကြည့်ရှုလျှင် သိသိသာသာ ကွဲပြားသော ကြည့်ရှုမှုအတွေ့အကြုံများကို ရှိနိုင်သည်။
နှစ်တိုင်း နိုဝင်ဘာလမှ နောက်နှစ် ဖေဖော်ဝါရီလအထိ ယွိလုန်နှင်းတောင်ရှိ "နေရောင်ခြည်အောက်က ရွှေတောင်တန်း"ကို ကြည့်ရှုရန် အကောင်းဆုံးအချိန်ကာလ ဖြစ်သည်။ ယခုနှစ်များတွင် လိကျန်းမြို့သည် "ယူနန်ဟုခေါ်သည့် နေထိုင်မှုဘဝတစ်မျိုးရှိခြင်း" ဟူသော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အမှတ်တံဆိပ် တည်ဆောက်ရေး အခွင့်အလမ်းများကို ခိုင်မာစွာ လက်ကိုင်၍ ခရီးသွားထုတ်ကုန် ဆန်းသစ်တီထွင်မှုနှင့် ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်မှုများကို အဆက်မပြတ် ဆောင်ရွက်ကာ "ရာသီလေးပါးထဲမှ လိကျန်းမြို့" ဟူသော ခေါင်းစဉ်ကို ဝိုင်းပတ်ပြီး မတူညီသော ရာသီများ၏ ထူးခြားသော ညှို့နိုင်စွမ်းများကို နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာပြီး စိတ်ကြိုက်ပြင်ဆင်ထားပြီး အသေးစိတ်ကျသော ခရီးသွားထုတ်ကုန်စီးရီးကို တင်ပြခဲ့သည်။
"နေရောင်ခြည်အောက်က ရွှေတောင်တန်း" အကောင်းဆုံး ကြည့်ရှုရာသီနှင့် ဆောင်းရာသီ ခရီးသွားခေတ်ရေစီးကြောင်းတို့ကို ကြိုဆိုရန်အတွက် လိကျန်းမြို့သည် ခရီးသွားအထူးလမ်းကြောင်းများစွာကို ဖွင့်လှစ်ခြင်းနှင့် စမတ် ခရီးသွားပလက်ဖောင်းကို အဆင့်မြှင့်တင်ခြင်း စသည့် ဆောင်ရွက်ချက်များဖြင့် သယ်ယူပို့ဆောင်ရေး၊ တည်းခိုနေထိုင်မှုနှင့် ရှုခင်းသာနေရာ ဝန်ဆောင်မှု စသည့် နယ်ပယ်များတွင် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ခဲ့၍ ခရီးသည်များအတွက် အဆင်ပြေမှုနှင့် အတွေ့အကြုံများကို မြှင့်တင်ရန် ကြိုးပမ်းအားထုတ်သည်။
近日,云南省丽江市迎来“日照金山”最佳观赏季,玉龙雪山脚下的观景点人头攒动,游客和摄影爱好者在晨风中等待着一场壮丽的“日照金山”。
上午7点30分左右,第一缕阳光投射在雪山之巅,在短短几分钟内将整座雪山“点亮”,原本青灰色的山体披上了“金色华服”。
在丽江,“日照金山”的观赏地点不止一处,丽江古城旁的狮子山、黑龙潭公园、甘海子等地,不同的视角会有截然不同的观景体验。
据介绍,每年11月至次年2月,是观赏玉龙雪山“日照金山”的最佳时段。近年来,丽江市紧抓“有一种叫云南的生活”文旅品牌建设机遇,不断推动旅游产品创新和服务品质升级,并围绕“四季丽江”主题,深入挖掘不同季节的独特魅力,推出一系列定制化、深度游产品。
为迎接“日照金山”最佳观赏季和冬游热潮,丽江市通过开通多条旅游专线、升级智慧旅游平台等措施,在交通、住宿、景区服务等方面做足准备,努力提升游客旅行的便捷度和体验感。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့




