တရုတ်-လာအို ရထားလမ်းသည် ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်သည့် ပထမဆုံး ရုရှားခရီးသည်ကို ကြိုဆိုလာခဲ့
2025-09-26 17:45|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) စက်တင်ဘာလ ၂၅ ရက်နေ့ ၁၃ နာရီ မိနစ် ၃၀ တွင် ရုရှားခရီးသည် တစ်ဦးသည် မိုဟန်ရထားလမ်းဆိပ်ကမ်းတွင် နယ်စပ်စစ်ဆေးရေးနှင့် ပြည်ဝင်ခွင့်လုပ်ငန်းစဉ်များ လျင်မြန်စွာ ဆောင်ရွက်ပြီးဆုံးသွားခဲ့ကာ တရုတ်နိုင်ငံ၏ ရုရှားနိုင်ငံအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒ အသက်ဝင်ပြီးနောက် မိုဟန်ရထားလမ်းဆိပ်ကမ်းတွင် ဤမူဝါဒကို ခံစားရသည့် ပထမဆုံး ရုရှားနိုင်ငံသား ဖြစ်လာခဲ့သည်။
အဆိုပါရုရှားခရီးသည်မှာ ထိုင်းနိုင်ငံတွင် ခရီးသွားနေစဉ် တရုတ်နိုင်ငံမှ ရုရှားနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ပေးသည့် သတင်းကို မြင်တွေ့ခဲ့ပြီးနောက် တရုတ်နိုင်ငံသို့ ခရီးသွားရန် ချက်ချင်း ဆုံးဖြတ်ခဲ့သည်။ "ဗီဇာကင်းလွတ်ခွင့်ပေးတာက ကျွန်တော့်အတွက် တကယ့်ကို သတင်းကောင်းပါပဲ၊ တရုတ်နိုင်ငံကို ဝင်ရောက်ရတာ အဆင်ပြေစေပြီး ငွေကုန်သက်သာပါတယ်။" ဤအကြိမ် သူသည် တရုတ်နိုင်ငံတွင် နှစ်ပတ်ခန့် ခရီးသွားရန် စီစဉ်ထားပြီး ပထမဆုံး ခရီးသွားနေရာ ကူမင်းဖြစ်သည် ဟု ဤရုရှားခရီးသည်မှာ ပြေားဆိုခဲ့သည်။
မူဝါဒစည်းမျဉ်းများအရ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အထိ ရုရှား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ တရုတ်နိုင်ငံသို့ လာရောက်၍ စီးပွားရေးလုပ်ကိုင်မှု၊ ခရီးသွားလည်ပတ်မှု၊ ဆွေမျိုးမိတ်ဆွေများ လာရောက်တွေ့ဆုံမှု၊ ကူးလူးဖလှယ် ခရီးစဉ်လာရောက်မှု၊ ပြည်ဝင်မှုကြာချိန် ရက် ၃၀ ထက် မကျော်လွန်ပါက ဗီဇာလျှောက်ထားမှု ကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်နိုင်သည်ဟု သိရှိရပါသည်။
စာရင်းဇယားများအရ ယခုနှစ်အစပိုင်းမှစ၍ တရုတ်နိုင်ငံ၏ "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" အဆိုပြုချက်ကို နက်ရှိုင်းစွာ ရှေ့သို့တွန်းတင်ခြင်း၊ ဗီဇာကင်းလွတ်ခွင့်ပေးသည့် မိတ်ဆွေအသိုင်းအဝိုင်း အဆက်မပြတ် တိုးချဲ့လာခြင်းနှင့် တရုတ်-လာအို ရထားလမ်း တစ်နေ့ထက်တစ်နေ့ ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့်အမျှ စက်တင်ဘာလ ၂၅ ရက်နေ့အထိ တရုတ်-လာအို ရထားလမ်းမှ ပြည်ဝင်ပြည်ထွက် ခရီးသည် အယောက်ပေါင်း ၁၉.၆ သောင်းကျော်ကို စစ်ဆေးခွင့်ပြုခဲ့ပြီး ၎င်းတို့အနက် နိုင်ငံခြားသား အယောက်ပေါင်း ၃.၅ သောင်းကျော်ကို စစ်ဆေးခွင့်ပြုခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကလထက် ၃၃ ရာခိုင်နှုန်း တိုးလာခဲ့ကာ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်ဝင်သည့် နိုင်ငံခြားသား အယောက်ပေါင်း ၉၀၀၀ ကျော် ရှိပြီး လွန်ခဲ့သည့်နှစ် အချိန်တူကလထက် ၆၃ ရာခိုင်နှုန်း တိုးလာခဲ့၍ ပြည်ဝင်သည့် အကြောင်းရင်းများမှာ အများအားဖြင့် ခရီးသွားလည်ပတ်မှု၊ ဆွေမျိုးမိတ်ဆွေများ လာရောက်တွေ့ဆုံမှုနှင့် အစည်းအဝေးများနှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှု ဖြစ်သည်။
昆明信息港讯(昆明日报 记者杨敏 通讯员黄远飞 雷雨 卫海林)9月25日13时30分,一名俄罗斯旅客在磨憨铁路口岸快速办理边检入境手续,成为我国对俄罗斯免签生效后磨憨铁路口岸首名享受该政策的俄罗斯人员。
据悉,该旅客在泰国旅游时看到中国对俄罗斯免签的新闻,立即决定来中国旅游。“免签对于我来说,实在是一个好消息,进入中国方便了,还节约了费用。”这名俄罗斯旅客说,此次他计划在中国旅游两个星期左右,首站是昆明。
根据政策规定,2025年9月15日至2026年9月14日,俄罗斯持普通护照人员来华经商、旅游观光、探亲访友、交流访问、过境不超过30天,可免办签证入境。
据统计,今年以来,随着我国“一带一路”倡议深入推进、免签“朋友圈”不断扩容以及中老铁路日益繁荣,截至9月25日,中老铁路共计验放出入境旅客超19.6万人次,其中验放外国籍人员3.5万余人次,同比增长超33%;免签入境外国籍人员超0.9万人次,同比增长超63%,入境事由多为观光旅游、探亲访友和会议商务。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံများ ယဉ်ကျေးမှုနှင့် အနုပညာပွဲတော်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် ဆစ်ဆောင်ပန်းနား၌ စတင်ကျင်းပမည်
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ယူနန်မုရွှေဟွာ တောရိုင်းမှိုရောင်းဝယ်ရေးစင်တာ၌ Collybia albuminosa ကို စတင်ရောင်းချ၍ တစ်ကီလိုဂရမ် အယွမ် ၂၅၀၀ မှ ၂၈၀၀ အထိဖြစ်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းသည် အရှေ့တောင်အာရှ ဒူးရင်းသီးများကို တရုတ်ဈေးကွက်တွင် အရောင်းကောင်းစေ
- လာအိုနိုင်ငံမှ သရက်သီးများကို တရုတ်-လာအို ရထားလမ်းဖြင့် တရုတ်နိုင်ငံသို့ ရောင်းချခဲ့
- ယူနန်ပြည်နယ်တွင် ပထမဆုံး ရောနှောတင်ဆောင်ရထားသည် မြန်မာနိုင်ငံသို့ ခုတ်မောင်းသွားခဲ့
- မေလမှစ၍ တရုတ်-လာအို ရထားလမ်းမှ သစ်သီးဝလံများ သယ်ယူပို့ဆောင်ရေး ပမာဏသည် နေ့စဉ်ပျမ်းမျှအားဖြင့် တန်ချိန် ၂၀၀၀ ကျော်ရှိ


