တရုတ်နိုင်ငံ ပေကျင်းမြို့ ချန်အန်းလမ်းမတစ်လျှောက်တွင် ပန်းအလှဆင်မှုများ လုပ်ဆောင်ပြီးစီး
2025-08-27 16:18|
လတ်တလောရက်ပိုင်းတွင် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအတွက် တရုတ်နိုင်ငံ ပေကျင်းမြို့ ချန်အန်းလမ်းမတစ်လျှောက် ပန်းအလှဆင်မှု အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။
အထိမ်းအမှတ် အခမ်းအနား ကျင်းပသည့် ကာလအတွင် ချန်အန်းမြို့ လမ်းမတစ်လျှောက်တွင် “သမိုင်းအား မှတ်သားခြင်း၊ ကျဆုံးသွားသော အာဇာနည်များအား အောက်မေ့ခြင်း၊ ငြိမ်းချမ်းရေးအား တန်ဖိုးထားခြင်း၊ အနာဂတ် ဖန်တီးဖွင့်လှစ်ခြင်း” ခေါင်းစဉ်ဖြင့် ကျန့်ကော်မန်မှ ဖုရှင်းမန်အထိ ရုပ်လုံးကြွ ပန်းအလှဆင်မှု ၁၀ ခု ဆင်ယင်ထားရှိကာ နှစ်ပေါင်း ၈၀ အတွင်း ကြီးမြတ်သော တရုတ်ပြည်သူများက ရှေ့ဆင့်နောက်ဆင့် မဆုတ်မနစ် ကြိုးပမ်းပြီး အင်အားတောင့်တင်းသောနိုင်ငံ တည်ဆောက်မှု၊ ကြီးမြတ်သော အမျိုးသား ပြန်လည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ဖော်ဆောင်မှုအတွက် မလျှော့သောဇွဲဖြင့် ကြိုးပမ်းသည့် ကြီးမြတ်သော စိတ်ဓာတ်ကို သက်ဝင်လှုပ်ရှားစွာ တင်ဆက်ဖော်ပြသွားမည်ဖြစ်ကြောင်း ပေကျင်းမြို့ ဥယျာဉ်စိမ်းလန်းစိုပြည်ရေးဌာန၏ မိတ်ဆက်မှုအရ သိရသည်။
ပန်းအလှဆင်မှုလုပ်ငန်းကို လက်ရှိတွင် လုပ်ဆောင်ပြီးပြီဖြစ်ရာ ပန်းအလှဆင်မှု ၁၀ ခုကို ချန်အန်းလမ်းမတစ်လျှောက်တွင် စတင်ပြသနေပြီဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်
- ယူနန်ပြည်နယ်ရှိ အမြန်လမ်းမကြီး ၄ လိုင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်
- "ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်"နှင့်အတူ ဆောင်းရာသီတွင် နွေဦးမြို့တော်ကို လည်ပတ်ကြည့်ရှုမည်
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်က နိုင်ငံခြားဆိုင်ရာ ဥပဒေဝန်ဆောင်မှုလှုပ်ရှားမှုစီးရီးများကို စတင်
- တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ယူနန့်ကော်ဖီစေ့ပို့ဆောင်ရေး အထူးရထားသည် လည်ပတ်ပြေးဆွဲ
- ကူမင်းမြို့မှ စီမံခန့်ခွဲခြင်းဖြင့် မိုဟန်မြို့နယ်သည် တံခါးဖွင့်ဒေသသစ်အဖြစ် ပြောင်းလဲသွားသည် ဟုဗဟိုမီဒီယာက ချီးကျူး
- ဟယ်ခုတ်ဆိပ်ကမ်းမှ ပြည်ဝင်ပြည်ထွက်လူဦးရေက ယူနန့်ဖွင့်လှစ်သောဆိပ်ကမ်း၏ ပထမနေရာတွင် သုံးနှစ်ဆက်ရပ်တည်


