တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားအား မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ ခမ်းနားစွာ ကျင်းပ
2025-08-11 15:13|
မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်မှ ကြီးမှူးကျင်းပသော "မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများက တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်" ဆွေးနွေးပွဲကို ဩဂုတ် ၆ ရက်က မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးအသင်းချုပ်၌ ခမ်းနားစွာ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ ပင်မအဖွဲ့အစည်း ကိုယ်စားလှယ်များ စုဝေးခဲ့ပြီး သမိုင်းကို အတူတကွ အောက်မေ့သတိရကာ အနာဂတ်ကို ရှုမြင်ခဲ့ကြသည်။
အထိမ်းအမှတ်အခမ်းအနားသည် တည်ကြည်လေးနက်၍ စိတ်အားထက်သန်မှုရှိသော အခြေအနေ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။ ဆွေးနွေးပွဲ တက်ရောက်လာသည့် ကိုယ်စားလှယ်များက တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် ကမ္ဘာကြီး ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်အတွက် ဆက်လက် အကျိုးထမ်းဆောင်သွားမည်ကြောင်း တညီတညွတ်တည်း ဖော်ပြခဲ့ကြသည်။ (Xinhua)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်
- ယူနန်ပြည်နယ်ရှိ အမြန်လမ်းမကြီး ၄ လိုင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်
- "ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်"နှင့်အတူ ဆောင်းရာသီတွင် နွေဦးမြို့တော်ကို လည်ပတ်ကြည့်ရှုမည်
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်က နိုင်ငံခြားဆိုင်ရာ ဥပဒေဝန်ဆောင်မှုလှုပ်ရှားမှုစီးရီးများကို စတင်
- တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ယူနန့်ကော်ဖီစေ့ပို့ဆောင်ရေး အထူးရထားသည် လည်ပတ်ပြေးဆွဲ
- ကူမင်းမြို့မှ စီမံခန့်ခွဲခြင်းဖြင့် မိုဟန်မြို့နယ်သည် တံခါးဖွင့်ဒေသသစ်အဖြစ် ပြောင်းလဲသွားသည် ဟုဗဟိုမီဒီယာက ချီးကျူး
- ဟယ်ခုတ်ဆိပ်ကမ်းမှ ပြည်ဝင်ပြည်ထွက်လူဦးရေက ယူနန့်ဖွင့်လှစ်သောဆိပ်ကမ်း၏ ပထမနေရာတွင် သုံးနှစ်ဆက်ရပ်တည်





