မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၀ ဦး သေဆုံး
2025-03-28 21:19|
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်၌ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် မန္တလေးမြို့ရှိ ဗလီကျောင်းတစ်ကျောင်း ပြိုကျမှုကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာ သတင်းဖော်ပြချက်အရ သိရသည်။
အင်အား ၇.၇ အဆင့်ရှိသော အဆိုပါ ငလျင်သည် မြန်မာနိုင်ငံ စစ်ကိုင်းမြို့၏ မြောက် အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် ယနေ့ (မတ် ၂၈ ရက်) အစောပိုင်း၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်းအရ သိရသည်။
ယင်းငလျင်သည် ကနဦးတိုင်းတာချက်အရ မြောက်လတ္တီကျု ၂၂.၀၁ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၅.၉၂ ဒီဂရီ၊ မြေအောက်အနက် ၁၀.၀ ကီလိုမီတာအား ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
ငလျင်ကြောင့် မန္တလေးနန်းတော် အရှေ့ဘက်တံတိုင်း အပါအဝင် အဆောက်အအုံအချို့ “သိသိသာသာပျက်စီး” ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီးရှိ အဆောက်အအုံများစွာလည်း ထိခိုက်ပျက်စီးခဲ့သလို မန္တလေးနှင့် ရန်ကုန်ကြား ချိတ်ဆက်ထားသော လမ်းအများအပြားမှာလည်း ပျက်စီးခြင်း သို့မဟုတ် ပိတ်ထားခြင်းကြောင့် ခရီးသွားလာရေးကို ထိခိုက်နှောင့်နှေးလျက်ရှိကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုကို မြို့တော် နေပြည်တော်နှင့် အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင်လည်း အပြင်းအထန် ခံစားခဲ့ရကြောင်း၊ နေပြည်တော်ရှိ စာသင်ကျောင်းအချို့နှင့် ရုံးအဆောက်အအုံအချို့လည်း ပြိုကျပျက်စီးခဲ့ကြောင်း ရန်ကုန်မြို့ရှိ ဆင်ဟွာသတင်းထောက်များက သတင်းပေးပို့ထားသည်။
ငလျင်လှုပ်ခတ်မှုကို တုံ့ပြန်သည့်အနေဖြင့် ကယ်ဆယ်ရေးအစီအစဉ် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်း၊ ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်နှင့် ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတို့တွင်လည်း ပြင်းထန်သော တုန်ခါမှုများကို ခံစားခဲ့ရသည်ဟု ယင်းမြို့များရှိ ဆင်ဟွာသတင်းထောက်များက ဆိုသည်။
ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ထရာက ဘန်ကောက်မြို့၌ အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။
မြို့တော်ဘန်ကောက်တွင် ဆောက်လက်စ အထပ် ၃၀ အဆောက်အအုံတစ်လုံး ပြိုကျခဲ့သဖြင့် လူတစ်ဦးသေဆုံးကာ အခြားသူ ၄၃ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
ဗီယင်ကျန်းမြို့တွင် သုံးထပ်အမြင့်ထက်ပိုသော အဆောက်အအုံများတွင် သိသာထင်ရှားသော တုန်ခါမှုများ ဖြစ်ပေါ်ခဲ့ပြီး အထပ်မြင့် အဆောက်အအုံများတွင် နေထိုင်သူများကမူ အဆောက်အအုံအတွင်း၌ ပြင်းပြင်းထန်ထန် လှုပ်ယမ်းမှုကို ခံစားခဲ့ရသည်။
ဟနွိုင်းနှင့် ဟိုချီမင်းစီးတီးမြို့များရှိ အထပ်မြင့်အဆောက်အအုံများတွင် နေထိုင်သူများမှာလည်း သိသာထင်ရှားသော တုန်ခါမှုဒဏ်ကို ခံစားခဲ့ရကြောင်း သိရသည်။ (Xinhua)
缅甸媒体称,至少10人周五在一场强震袭击该国时因曼德勒一座清真寺垮塌而丧生。美国地质调查局称,此次地震震级为7.7级,当天早些时候袭击了缅甸实皆西北偏北16公里处。
震中初步测定为北纬22.01度,东经95.92度,震源深度10公里。地震导致曼德勒皇宫城墙等部分建筑"受损相当严重"。
缅甸曼德勒省多栋建筑倒塌,曼德勒连接仰光的多条道路受损或中断,交通受阻。在仰光的记者称,内比都、仰光震感强烈。
内比都部分学校教学楼、政府办公楼倒塌。
缅甸消防部门称,已展开地震救援行动。
地震发生后,在万象、曼谷、河内的记者均报道称所在城市震感强烈。泰国总理贝东丹·西那瓦宣布曼谷进入紧急状态。
泰国首都一栋30层在建建筑倒塌,导致1人死亡,43人失踪。
在万象,3层以上建筑晃动明显,高层住宅居民在家中有明显震感摇晃。
在河内、胡志明市,当地高层住宅居民在家中有明显震感。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
- ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ
- ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု