ဆောင်းခိုဧည့်သည်ငှက် အကောင် ၃ သောင်းသည် ယူနန်ပြည်နယ် အယ်ယွန်ခရိုင်မှ မြောက်ဘက်သို့ ရွှေ့ပြောင်းပျံသန်း
2025-03-12 17:12|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မတ်လမှစ၍ ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အယ်ယွန်ခရိုင်ရှိ ဆောင်းခိုဧည့်သည်ငှက်များသည် ရွှေ့ပြောင်းပျံသန်းချိန်သို့ ဝင်ရောက်နေပြီ ဖြစ်၍ အကောင် ၃ သောင်းကျော်သည် မြောက်ဘက်သို့ ရှေ့စဉ်နောက်ဆက် ရွှေ့ပြောင်းပျံသန်းနေပြီ ဖြစ်သည်။
"စောင့်ကြည့်လေ့လာမှုအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်မှာ ပထမသုတ် ဧည့်သည်ငှက်တွေက အယ်ယွန်စိုစွတ်မြေဥယျာဉ်ကို ရောက်ရှိခဲ့တယ်၊ ဇန်နဝါရီလ ဒုတိယဆယ်ရက်ပိုင်းမှာ အထိပ်အတန်းကို ကြိုဆိုလာခဲ့တယ်၊ မတ်လကစပြီး ဧည့်သည်ငှက်တွေက အသုတ်ခွဲပြီး ရွှေ့ပြောင်းပျံသန်းနေပြီ။ ဒီနှစ်ကတည်းက အယ်ယွန်ခရိုင်ကို ဆောင်းခိုလာတဲ့ ဧည့်သည်ငှက်တွေက အကောင် ၃ သောင်းကျော် ရှိတယ်။" ဟု ယူနန်ပြည်နယ် တာ့လီစီရင်စု အယ်ယွန်ခရိုင်ရှိ စီရင်စုအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေ၏ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရိုမှ ညွှန်ကြားရေးမှူးချုပ် Xu Jun က ပြောကြားခဲ့သည်။
လက်ရှိတွင် အယ်ယွန်ခရိုင်၌ အမိုပေါင်း ၆.၈၈ သောင်း ကျယ်ဝန်းသော စိုစွတ်မြေ ရှိပြီး မြစ်နှင့် ရေကန် များစွာရှိကာ ၄င်းသည် ဧည့်သည်ငှက်များအတွက် ပေါများကြွယ်ဝသော အစားအစာများနှင့် ကောင်းမွန်သော နားနေပတ်ဝန်းကျင်ကို ထောက်ပံ့ပေးသည်။ ဒေသခံ သစ်တောနှင့် မြက်ခင်းဆိုင်ရာ အဓိကစီမံခန့်ခွဲမှုဌာနများသည် ဧည့်သည်ငှက်များကို လုံခြုံစွာ ဆောင်းခိုစေနိုင်ရန် ကင်းလှည့်မှုများကို အစွမ်းကုန် လုပ်ဆောင်ခဲ့သည်။
ယခုနှစ်များတွင် ဒေသခံ ဂေဟပတ်ဝန်းကျင်သည် ဆက်လက်ကောင်းမွန်လာသည် နှင့်အမျှ Netta rufina၊ Anas zonorhyncha၊ ရေကြက်ဒုံ၊ မယ်ညိုငှက်၊ ဗျိုင်းဖြူ စသည့် ရေနေငှက် တစ်ချို့သည် ရွေးချယ်နေထိုင်ခဲ့ပြီး အမြဲတမ်းနေထိုင်ငှက် ဖြစ်လာ၍ အယ်ယွန်ခရိုင်အတွက် သစ်လွင်သော ရှုခင်းတစ်ကွယ်ကို ထည့်ပေးခဲ့သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံများ ယဉ်ကျေးမှုနှင့် အနုပညာပွဲတော်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် ဆစ်ဆောင်ပန်းနား၌ စတင်ကျင်းပမည်
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ယူနန်မုရွှေဟွာ တောရိုင်းမှိုရောင်းဝယ်ရေးစင်တာ၌ Collybia albuminosa ကို စတင်ရောင်းချ၍ တစ်ကီလိုဂရမ် အယွမ် ၂၅၀၀ မှ ၂၈၀၀ အထိဖြစ်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းသည် အရှေ့တောင်အာရှ ဒူးရင်းသီးများကို တရုတ်ဈေးကွက်တွင် အရောင်းကောင်းစေ
- လာအိုနိုင်ငံမှ သရက်သီးများကို တရုတ်-လာအို ရထားလမ်းဖြင့် တရုတ်နိုင်ငံသို့ ရောင်းချခဲ့
- ယူနန်ပြည်နယ်တွင် ပထမဆုံး ရောနှောတင်ဆောင်ရထားသည် မြန်မာနိုင်ငံသို့ ခုတ်မောင်းသွားခဲ့
- မေလမှစ၍ တရုတ်-လာအို ရထားလမ်းမှ သစ်သီးဝလံများ သယ်ယူပို့ဆောင်ရေး ပမာဏသည် နေ့စဉ်ပျမ်းမျှအားဖြင့် တန်ချိန် ၂၀၀၀ ကျော်ရှိ






