"ယူနန်ဟုခေါ်သည့် ဘဝတစ်မျိုး" ဟူသော ဓာတ်ပုံပြပွဲကို ကူမင်း ချမ်ဆွေအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စတင်ကျင်းပခဲ့

2025-03-12 16:35|ရောင်စုံတိမ်တံတား

20250303a0e8cd9a3c564cfaa2b52403f8ca2c4b_202503038b8b966c3a0945a69a11894847475530

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်မတ်လ ၃ ရက်နေ့တွင် တတိယအကြိမ် Elephant International Communication Forum မှ အထူးလက်ဆောင်ပဏ္ဏာဆက်သမှု အနေဖြင့် "ယူနန်ဟုခေါ်သည့် ဘဝတစ်မျိုး" ဟူသော ဓာတ်ပုံပြပွဲကို ချမ်ဆွေအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စတင်ကျင်းပခဲ့သည်။ ဤအကြိမ် ဓာတ်ပုံပြပွဲသည် တတိယအကြိမ် Elephant International Communication Forum ၏ အောင်မြင်မှုများကို ဆက်ဆက်လုပ်ဆောင်ရန်၊ ယူနန်၏ အမှတ်တံဆိပ်အသစ် ဖြစ်သော "ယူနန်ဟုခေါ်သည့် ဘဝတစ်မျိုး" ၏ နိုင်ငံတကာ သြဇာလွှမ်းမိုးမှုကို တစ်ဆင့်တိုးပြီး ပိုမိုနက်ရှိုင်းစေရန် ဓာတ်ပုံများဖြင့် ယူနန်၏ ရာသီလေးပါးပြောင်းလဲမှုများ၊ လူမှုအခြေအနေများနှင့် နေထိုင်မှုအလှများကို ဖော်ပြရန် ရည်ရွယ်ထားသည်။

ဓာတ်ပုံပြပွဲတွင် မီဒီယာနှင့် ဓာတ်ပုံဆရာများမှ ရာနှင့်ချီသော ပြောင်မြောက်သော ဓာတ်ပုံလက်ရာများကို စုစည်းထား၍ "ဂေဟအစိမ်းရောင်"၊ "ရောင်စုံ"၊ "ပြေပြစ်၍ ချမ်းမြေ့သာယာမှု"၊ "တံခါးဖွင့်၍ အားလုံးပါဝင်လက်ခံခြင်း" ဟူသော အစိတ်အပိုင်း ၄ ခုကို ခွဲခြားထားသည်။ ၄င်းတို့အနက်၊ "ဂေဟအစိမ်းရောင်" အစိတ်အပိုင်းသည် ယူနန်၏ ကဗျာနှင့် ပန်းချီများကဲ့သို့ လှပသော သဘာဝရှုခင်းများကို ပြသသည့်အပြင် ဂေဟစနစ် ကာကွယ်ရေးနှင့် စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သဘောတရားကိုလည်း ဖော်ပြကာ ဂေဟယဉ်ကျေးမှု တည်ဆောက်ရာတွင် ယူနန်၏ အောင်မြင်မှုများကို ပြသသည်။ "ရောင်စုံ" အစိတ်အပိုင်းတွင် တိုင်းရင်းသားလူမျိုး အမျိုးမျိုးတို့၏ ထူးခြားသော အဝတ်အစုံများ၊ စည်ကားသော ပွဲတော်လှုပ်ရှားမှုများ၊ အလွန်ကျွမ်းကျင်သော ရိုးရာအတတ်ပညာများ စသည်တို့သည် ပရိတ်သတ်များအား ယူနန်ရှိ တိုင်းရင်းသားယဉ်ကျေးမှုများ၏ ထူးခြားသော ညှို့နိုင်စွမ်းများနှင့် နက်ရှိုင်းသော အကြောင်းစုံများကို ခံစားစေသည်။ "ပြေပြစ်၍ ချမ်းမြေ့သာယာမှု" အစိတ်အပိုင်းသည် လူသားနှင့် သဘာဝတရား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် လူများ၏ ကောင်းမွန်လှပသော ဘဝနေထိုင်မှုအပေါ် အလေးပေးဖော်ပြထားပြီး လက်ရှားများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေး တိုးတက်မှုဖြစ်စဉ်အတွင်း ယူနန်လူများ၏ ဘဝအဆင့်အတန်း စဉ်ဆက်မပြတ် မြှင့်တင်လာပြီး ပျော်ရွှင်သည့်ခံစားမှု အဆက်မပြတ် များလာသည့် ကျေနပ်စရာကောင်းသော ပြောင်းလဲမှုများကို သက်သေပြုထားသည်။ "တံခါးဖွင့်၍ အားလုံးပါဝင်လက်ခံခြင်း" အစိတ်အပိုင်းမှာ တရုတ်နိုင်ငံမှ တောင်အာရှအရှေ့တောင်အာရှသို့ မျက်နှာမူ ဖြာထွက်ခြင်းစင်တာကို ပိုမိုလျင်မြန်စွာ တည်ဆောက်ရန်၊ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးနှင့် ကျယ်ပြန့်သော ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် ယူနန်၏ တံခါးဖွင့်ခြင်း သဘောထားကို ပြသသည်။ 

20250303a0e8cd9a3c564cfaa2b52403f8ca2c4b_20250303546845d1d67540ef8c15bf4598982d71

ပြောင်မြောက်သော ဓာတ်ပုံလက်ရာ တစ်ချပ်ချပ်သည် မှန်ဘီလူးဖြင့် ယူနန်၏ ထူးခြားသော သဘာဝရှုခင်းများ၊ လူမှုအခြေအနေများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအောင်မြင်မှုများကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည်။ "ဒီတစ်ချပ်တိုင်းဟာ ယူနန်လူမျိုးတွေ ကမ္ဘာကို သိအောင် ရေးထားတဲ့ မေတ္တာစာတွေပါ။ ပိုများတဲ့ လူတွေက ယူနန်ကို မှန်ဘီလူးကနေ တွေ့ရှိပြီး ချစ်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။" ဟု ဓာတ်ပုံပြပွဲ၏ တာဝန်ခံသူက ပြောခဲ့သည်။

"ယူနန်ဟုခေါ်သည့် ဘဝတစ်မျိုး" ဟူသော ဓာတ်ပုံပြပွဲကို ကူမင်း ချမ်ဆွေ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆစ်ဆောင်းပန်းနား ကာဆာ အပြည်ပြည်ဆိုင်ရာလေဆိပ်တို့၌ တစ်ချိန်တည်း ကျင်းပနေ၍ ဤနှစ် မေလအထိ ဆက်လက်သွားမည် ဖြစ်သည်။

20250303a0e8cd9a3c564cfaa2b52403f8ca2c4b_202503038b8b966c3a0945a69a11894847475530

3月3日,第三届大象国际传播论坛特别献礼——“有一种叫云南的生活”主题摄影展在昆明长水国际机场启幕。本次主题摄影展旨在延续第三届大象国际传播论坛成果,进一步深化“有一种叫云南的生活”作为云南全新品牌形象的国际影响力,以光影艺术描绘云南的四季流转、人文风情与生活美学。

主题摄影展汇集了上百幅来自媒体、摄影师的优秀摄影作品,分为“生态绿色”“多姿多彩”“和谐幸福”“开放包容”四个主题板块。其中,“生态绿色”板块以一幅幅精美的摄影作品呈现出云南如诗如画的自然风光,在展现云南自然之美的同时,更传递出生态保护与绿色发展理念,展现了云南在生态文明建设中取得的成效。在“多姿多彩”板块,作品中各民族独特的服饰、热闹的节庆活动、精湛的传统技艺等,让观众感受到云南民族文化的独特魅力与深厚底蕴。“和谐幸福”板块则聚焦于人与自然和谐共生和人民美好生活,作品见证了云南在经济发展、社会进步过程中,人民生活水平不断提高、幸福感不断增强的可喜变化。“开放包容”板块,系列作品展示了云南加快建设我国面向南亚东南亚辐射中心、与世界各国开展广泛交流与合作的开放姿态。

20250303a0e8cd9a3c564cfaa2b52403f8ca2c4b_20250303546845d1d67540ef8c15bf4598982d71

一幅幅精美的摄影作品,用镜头语言生动展现了云南独特的自然风光、人文风情和发展成就。正如影展相关负责人所说:“这里每一帧都是云南人民写给世界的情书,期待更多人通过镜头发现云南、爱上云南。”

据悉,“有一种叫云南的生活”主题摄影展于昆明长水国际机场和西双版纳嘎洒国际机场同步开展,将持续至今年5月。

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်