အမျိုးသားအဆင့် ဆိပ်ကမ်း ၇ ခု အထိ တိုးလာ၍ ဆစ်ဆောင်ပန်းနား ပြည်နယ်ခွဲ၏ ဆိပ်ကမ်းစီးပွားရေး တည်ဆောက်ရန် အရှိန် မြှင့်တင်လာ
2024-03-15 15:24|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ တရုတ်-လာအို နယ်စပ်တွင် တည်ရှိသည့် မုန်မန် အဝေးပြေးလမ်းမကြီး ဆိပ်ကမ်းသည် နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက် ရရှိခဲ့ပြီးနောက် ပြည်ပသို့ စတင်ဖွင့်လှစ်ခဲ့သည် ဖြစ်၍ ဆစ်ဆောင်ပန်းနား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိ သတ္တမမြောက် အမျိုးသားအဆင့် ပြည်ပသို့ တံခါးဖွင့်သည့် ဆိပ်ကမ်း ဖြစ်လာခဲ့သည်။ ထို့ပြင် လက်တွေ့ဆောင်ရွက်နေသည့် ဆစ်ဆောင်ပန်းနားပြည်နယ်ခွဲ၏ ဆိပ်ကမ်းစီးပွားရေး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေသည့် ၃ နှစ်တာ လုပ်ငန်းစီမံကိန်းထဲတွင် စတင်ဆောင်ရွက်ခဲ့သည့် ဆိပ်ကမ်း ၁၈ ခု တည်ဆောက်ရေး စီမံကိန်းသည် ပုံသေဥစ္စာပစ္စည်း ရင်းနှီးမြှုပ်နှံမှု ယွမ်ပေါင်း ၁၃.၃၄၃ ဘီလီယံ ကို ဆောင်ရွက် ပြီးဆုံးသွားခဲ့သည်။ "အဝေးပြေးလမ်းမကြီး၊ ရေကြောင်း၊ လေကြောင်းနှင့် ရထားလမ်း"တို့ ပါဝင်သည့် အမျိုးသားအဆင့် စတီရီယို ပြည်ပသို့ တံခါးဖွင့်ဆိပ်ကမ်း၏ အားသာချက်များကို ပိုင်ဆိုင်သည့် ဆစ်ဆောင်ပန်းနားတွင် ဆိပ်ကမ်းစီးပွားရေး တည်ဆောက်ရန် အရှိန် နောက်ထပ် မြှင့်တင်လာနေသည်။
နောက်နောင်တွင် ကုန်သွယ်ရေးလုပ်ငန်းဌာနများသည် ရေကြောင်း၊ ကုန်းလမ်း၊ လေကြောင်းနှင့် ရထားလမ်းတို့ဖြင့် ကုန်စည် ပေါင်းစပ် ပို့ဆောင်ရေးလုပ်ငန်းအား တွဲဖက်ဆောင်ရွက်စနစ်ကို ကြိုးပမ်းအားထုတ် တိုးတက်စေပြီး "ဆိပ်ကမ်း+ လမ်းကြောင်း+ မြို့ပြမြို့နယ်+ စက်မှုလုပ်ငန်း+ ကုန်စည်ပို့ဆောင်ရေး+ ခြံမြေ"တို့ တွဲဖက် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုလျင်မြန်စွာ တွန်းတင်၍ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး ကုန်ကျစရိတ်ကို တိကျစွာ ကျဆင်းစေကာ တောင်အာရှ၊ အရှေ့တောင်အာရှသို့ ဖြာထွက်သည့် ဒေသတွင်း အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး စင်တာကို တည်ဆောက်မည် ဖြစ်သည်ဟု ဆစ်ဆောင်ပန်းနား ပြည်နယ်ခွဲ ကုန်သွယ်ရေးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် လော်ကျင်းဝေက ပြောခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ






