ကူမင်းမြို့ တုပ်နန်ပန်းစျေးတွင် မိုးဆန်းပန်းများ အရောင်းကောင်းခဲ့
2024-02-23 10:09|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဤနှစ် နွေဦးပွဲတော် အားလပ်ရက်အတွင်း တုပ်နန်ပန်းစျေးတွင် မိုးဆန်းပန်းများ၏ ရောင်းချမှုသည် ဆက်တိုက်တိုးလာခဲ့သည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကူမင်းမြို့ နိုင်ငံတကာ ပန်းမန်များ လေလံတင်ရောင်းချရေးစင်တာ (KIFA) ၏ စုစုပေါင်း ရောင်းဝယ်ရေးပမာဏသည် ပန်းတစ်ခိုင် ၂၉၅၇.၅ သောင်းခန့် ဖြစ်သည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့သည် နွေဦးပွဲတော် အားလပ်ရက်၏ နောက်ဆုံးနေ့ဖြစ်၍ ဤနေ့တွင် တုပ်နန်ပန်းစျေး၌ လူအများအပြားရှိပြီး လက်ထပ်ပန်းများ၊ နေကြာပန်းများ၊ နှင်းဆီပန်းများ၊ ဂျစ်ဖီလာပန်းများ၊ လီလီပန်းများ စသည့် ရောင်စုံပြီး ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် ပန်းမန်များကို လမ်းဘေးဆိုင်များတွင် အပြည့်အဝခင်းထားသည် ဖြစ်၍ ခရီးသည်များသည် ဓာတ်ပုံရိုက်ခြင်းနှင့် ရွေးချယ်ဝယ်ယူခြင်းကို ပြုလုပ်နိုင်ကြသည်။ တုပ်နန်ပန်းစျေးမှ လာသည့် မိုးဆန်းပန်း တစ်စည်းစည်းသည် အနယ်နယ်အရပ်ရပ်မှ ခရီးသည်များနှင့်အတူ တရုတ်နိုင်ငံ တစ်ပြည်လုံးနှင့် ကမ္ဘာတစ်ဝှမ်းလုံးသို့ သွားရောက်ခဲ့ကြသည်။
စာရင်းဇယားများအရ ဤနှစ် နွေဦးပွဲတော် အားလပ်ရက်အတွင်း တုပ်နန်ပန်းစျေး၏ မိုးဆန်းပန်းရောင်းချမှုနှင့် ခရီးသည်အရေအတွက် စလုံးသည် ဆက်တိုက် ပြင်းထန်စွာ တိုးလာခဲ့သည်။ တရုတ်နှစ်သစ်ကူးအကြိုနေ့မှ နှစ်သစ်အဋ္ဌမနေ့အထိ ခရီးသည် အယောက်ပေါင်း ၃ သိန်းခန့်သည် ဤစျေးသို့ မိုးဆန်းပန်းများကို ရွေးချယ်ဝယ်ယူလာခဲ့၍ နေ့စဉ်ပျမ်းမျှအားဖြင့် ခရီးသည်အရေအတွက် အယောက်ပေါင်း ၃.၅ ကျော်သွားခဲ့သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
- တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့


