ကူမင်းမြို့ တုပ်နန်ပန်းစျေးတွင် မိုးဆန်းပန်းများ အရောင်းကောင်းခဲ့
2024-02-23 10:09|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဤနှစ် နွေဦးပွဲတော် အားလပ်ရက်အတွင်း တုပ်နန်ပန်းစျေးတွင် မိုးဆန်းပန်းများ၏ ရောင်းချမှုသည် ဆက်တိုက်တိုးလာခဲ့သည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကူမင်းမြို့ နိုင်ငံတကာ ပန်းမန်များ လေလံတင်ရောင်းချရေးစင်တာ (KIFA) ၏ စုစုပေါင်း ရောင်းဝယ်ရေးပမာဏသည် ပန်းတစ်ခိုင် ၂၉၅၇.၅ သောင်းခန့် ဖြစ်သည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့သည် နွေဦးပွဲတော် အားလပ်ရက်၏ နောက်ဆုံးနေ့ဖြစ်၍ ဤနေ့တွင် တုပ်နန်ပန်းစျေး၌ လူအများအပြားရှိပြီး လက်ထပ်ပန်းများ၊ နေကြာပန်းများ၊ နှင်းဆီပန်းများ၊ ဂျစ်ဖီလာပန်းများ၊ လီလီပန်းများ စသည့် ရောင်စုံပြီး ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် ပန်းမန်များကို လမ်းဘေးဆိုင်များတွင် အပြည့်အဝခင်းထားသည် ဖြစ်၍ ခရီးသည်များသည် ဓာတ်ပုံရိုက်ခြင်းနှင့် ရွေးချယ်ဝယ်ယူခြင်းကို ပြုလုပ်နိုင်ကြသည်။ တုပ်နန်ပန်းစျေးမှ လာသည့် မိုးဆန်းပန်း တစ်စည်းစည်းသည် အနယ်နယ်အရပ်ရပ်မှ ခရီးသည်များနှင့်အတူ တရုတ်နိုင်ငံ တစ်ပြည်လုံးနှင့် ကမ္ဘာတစ်ဝှမ်းလုံးသို့ သွားရောက်ခဲ့ကြသည်။
စာရင်းဇယားများအရ ဤနှစ် နွေဦးပွဲတော် အားလပ်ရက်အတွင်း တုပ်နန်ပန်းစျေး၏ မိုးဆန်းပန်းရောင်းချမှုနှင့် ခရီးသည်အရေအတွက် စလုံးသည် ဆက်တိုက် ပြင်းထန်စွာ တိုးလာခဲ့သည်။ တရုတ်နှစ်သစ်ကူးအကြိုနေ့မှ နှစ်သစ်အဋ္ဌမနေ့အထိ ခရီးသည် အယောက်ပေါင်း ၃ သိန်းခန့်သည် ဤစျေးသို့ မိုးဆန်းပန်းများကို ရွေးချယ်ဝယ်ယူလာခဲ့၍ နေ့စဉ်ပျမ်းမျှအားဖြင့် ခရီးသည်အရေအတွက် အယောက်ပေါင်း ၃.၅ ကျော်သွားခဲ့သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့


