တိန်ချီးရေကန်၏ တောင်ဘက်ကမ်းရှိ "ဝေလငါးကျွန်း"သည် အွန်လိုင်းတွင် နာမည်ကြီးလာ
2023-02-08 14:34|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကူမင်းမြို့ ကျင့်နင်ခရိုင် ကူယန်လမ်း ဟိုင်ကေကျေးရွာ၌ တိန်ချီးရေကန်၏ တောင်ဘက်ကမ်းရှိ "ဝေလငါးကျွန်း"သည် အွန်လိုင်းတွင် နာမည်ကြီးလာ၍ ခရီးသည်အများအပြား လာရောက်ကြည့်ရှုရန်၊ ဓာတ်ပုံရိုက်ရန် ဆွဲဆောင်လာခဲ့သည်။ ဤနှစ် နွေဦးပွဲတော်အတွင်း "ဝေလငါးကျွန်း"သည် အားလပ်ရက်ခရီးသွားရန်အတွက် အွန်လိုင်းတွင် နာမည်ကြီးလာသည့် ရှုခင်းသာရပ်ကွက်တစ်ခု ဖြစ်လာ၍ ဒေသခံရှိ ကျေးလက်ဒေသ ခရီးသွားလုပ်ငန်းများနှင့် ခရီးစဉ်တစ်လျှောက်ရှိ စိုစွတ်မြေဥယျာဉ် ဂေဟဗေဒ အပန်းဖြေ ခရီးသွားလုပ်ငန်းများကို လူကြိုက်များလာစေခဲ့သည်။
"ဝေလငါးကျွန်း"သည် ဟိုင်ကေကျေးရွာ၌ တိန်ချီးရေကန်၏ တောင်ဘက်ကမ်းနှင့် ၂၀၀ မီတာကွာခြားသည့်နေရာ၌ တည်ရှိပြီး ဤသဘာဝကျွန်း၏ ဧရိယာအကျယ်အဝန်း စတုရန်းမီတာ ၆၀၀ ခန့်ရှိသည်ဖြစ်၍ ၄င်း၏ အပြင်ပုံသဏ္ဍာန်သည် အဝေးမှကြည့်လျှင် ရေမျက်နှာပြင်ပေါ်ရှိ ဝေလငါးကြီးတစ်ကောင်နှင့် တူသည်ဖြစ်၍ ရေမျက်နှာပြင်ပေါ်တွင် ပျံဝဲနေသော ခေါင်းနီစင်ရော်နှင့် ရေငှက်များသည် ၄င်းကို ပိုမိုသက်ဝင်လှုပ်ရှားစေ၍ တစ်ခုလုံး စိမ်းလန်းသော သစ်ပင်များဖြင့် ဖုံးလွှမ်းထားသော "ဝေလငါးကျွန်း"သည်လည်း ကြည်လင်အပြာရောင်ဖြစ်သော ရေနှင့် ကောင်းကင်များထဲတွင် ထူးခြားသော အစီမ်းရောင်ဖြစ်သော အလှဆင်မှုတစ်ခု ဖြစ်လာခဲ့သည်။
လူများသည် ကင်မရာ၊ မိုဘိုင်းလ်ဖုန်းနှင့် မောင်းသူမဲ့လေယာဉ်များဖြင့် "ဝေလငါးကျွန်း"၏ လှပမှုများကို ရိုက်ကူးမှတ်တမ်းပြုခဲ့သည်၊ သို့မဟုတ် ပြင်ပတွင် ကွင်းဆင်းပန်းချီရေးဆွဲခြင်း၊ တောရိုင်းတွင် ကော်ဖီသောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်၊ သို့မဟုတ် စိုစွတ်မြေနှင့် မက်တာစီကွိုင်ယာသစ်တောများအကြား ဖြည်းဖြည်းချင်း လျှောက်လှမ်းပြီး သဘာဝရှုခင်းများကို လည်ပတ်ကြည့်ရှု၍ ဂေဟစနစ် အပန်းဖြေခြင်း၏ သဘောတွေ့မနောခွေ့ကို အားရပါးရ ခံစားခြင်းသည် လူ့ကိုအားကျစေသည့် နေထိုင်မှုပုံစံတစ်မျိုး ဖြစ်လာခဲ့ပြီ။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်
- ယူနန်ပြည်နယ်ရှိ အမြန်လမ်းမကြီး ၄ လိုင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်
- "ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်"နှင့်အတူ ဆောင်းရာသီတွင် နွေဦးမြို့တော်ကို လည်ပတ်ကြည့်ရှုမည်
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ယူနန့်ကော်ဖီစေ့ပို့ဆောင်ရေး အထူးရထားသည် လည်ပတ်ပြေးဆွဲ
- ကူမင်းမြို့မှ စီမံခန့်ခွဲခြင်းဖြင့် မိုဟန်မြို့နယ်သည် တံခါးဖွင့်ဒေသသစ်အဖြစ် ပြောင်းလဲသွားသည် ဟုဗဟိုမီဒီယာက ချီးကျူး
- ဟယ်ခုတ်ဆိပ်ကမ်းမှ ပြည်ဝင်ပြည်ထွက်လူဦးရေက ယူနန့်ဖွင့်လှစ်သောဆိပ်ကမ်း၏ ပထမနေရာတွင် သုံးနှစ်ဆက်ရပ်တည်
- ယူနန်ထောပတ်သီးများကို မလေးရှားနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့







