မြန်မာနိုင်ငံရှိ ပုဂံ၏ ရှုခင်းများ
2022-11-30 17:46|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ပုဂံသည် မြန်မာနိုင်ငံရှိ သမိုင်းဝင် ရှေးဟောင်းမြို့၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု ပျက်သုဉ်းခဲ့သော နေရပ်အကြွင်း၊ နာမည်ကျော်ကြားသော ခရီးသွားရှုခင်းသာနေရာတို့ ဖြစ်ပြီး ဧရာဝတီမြစ်၏ အလယ်ပိုင်းတွင် တည်ရှိသည်။ ပုဂံသည် အေဒီ ၁၁ ရာစုမှ ၁၃ ရာစုအထိ ရှေးမင်းဆက်များ၏ မြို့တော် ဖြစ်သည်။ နှစ်ပေါင်း ၉၀၀ ကျော်အတွင်းတွင် စေတီပုထိုးနှင့် ဘုရားကျောင်း အဆူ ၄၄၈.၆ သောင်းကို တည်ဆောက်ခဲ့ပြီး ဘုရားသောင်းနှင့်ချီသောမြို့ ဟူသော နာမည်ကောင်းကို ချီးကျူးခဲ့သည်။ ယခုရှိ စေတီပုထိုးနှင့် ဘုရားကျောင်း အဆူ ၂၀၀၀ ကျော်သည် ရှေးဟောင်းဗိသုကာအနုပညာ၏ သင်္ကေတဖြစ်၍ မြန်မာနိုင်ငံရှိ အဖိုးတန်လှသော သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သည်။
"ပုဂံသို့ မသွားရောက်ဖူးလျှင် မြန်မာနိုင်ငံသို့ တကယ့်ကို မရောက်ဖူးပါ" ဟူသော စကားရှိခဲ့သည်။ အပြင်သဏ္ဌာန် မတူသော စေတီပုထိုးများနှင့် ဘုရားကျောင်းများ ထောင်ပေါင်းများစွာ မြင်ရသောအခါ၊ စေတီပုထိုးများသည် နေဝင်ချိန်နှင့် နံနက်ဆည်းဆာအောက်တွင် ပေါ်ထွက်လာသည့် အလှနှင့် ခန့်ညားထယ်ဝါမှုကို ကြည့်ရှုသောအခါ၊ ဥရောပစတိုင်ပုံတူသော ရှုခင်းကြည့်မြင်းရထားကို စီးပြီး စေတီပုထိုးများ အကြား တဖြည်းဖြည်း လမ်းလျှောက်သောအခါ အထက်ပါဆိုရိုးစကား၏ အဓိပ္ပါယ်ကို ရှင်လင်းပြတ်သား နားလည်နိုင်မည် ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


























