တာ့လီ အယ်ယွန်ခရိုင်သည် လှေကားထစ်လယ်ကွက်၌ ပန်းစိုက်ပျိုးခြင်းဖြင့် လူများကို ချမ်းသာစေ
2022-10-27 17:02|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဆောင်းချဉ်းရာသီတွင် ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ အယ်ယွန်ခရိုင် ရှီစန်းမြို့နယ် ထျန်ကျယ်ရွာရှိ ဂျင်းထျေဖိန်အခြေခံစခန်း၌ ရွာသူရွာသားများသည် သစ္စာပန်းခက်များကို ရိတ်သိမ်းခြင်းနှင့် ထည့်သွင်းထုပ်ပိုးခြင်းတို့ကို မအားမလပ် လုပ်နေကြပါသည်။ ပွင့်ငုံလျက်ရှိသော အနှံသဏ္ဌာန်ပန်းခက် တစ်စည်းစည်းကို ကူမင်းတုပ်နန်ပန်းစျေးသို့ ညတွင်းချင်း ပို့ဆောင်ပြီး တစ်နိုင်ငံလုံး နေရာအသီးသီးသို့ လျင်မြန်စွာ ဖြန့်ဖြူးရောင်းချ၍ ထောင်လိုက်သောင်းလိုက်ရှိသော အိမ်ထောင်စုများမှ ပန်းအိုးထဲ၌ ထွန်းတောက်ရွှန်းတင့်သော သစ္စာပန်းများကို ပွင့်ဖူးမည် ဖြစ်သည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရှေ့သို့တွန်းတင်ရာတွင် အယ်ယွန်ခရိုင်မှာ ဖွံ့ဖြိုးတိုးတက်မှု နည်းလမ်းသစ်များကို စဉ်ဆက်မပြတ် ရှာဖွေပြီး "ပန်းမန်စီးပွားရေး"သည် ၎င်းတို့ထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် ထျန်ကျယ်ရွာသည် "ကုမ္ပဏီများနှင့် သမဝါယမအဖွဲ့နှင့် လယ်သမားအိမ်ထောင်စုများ" ဖြစ်သော ပုံစံဖြင့် ဆင်ခြေလျှောတောင်ယာမြေများကို ပြုပြင်ပြောင်းလဲ ဖြစ်လာသည့် လှေကားထစ်လယ်ကွက်များတွင် ပန်းမန် အမို ၇၀ ကျော်ကို စိုက်ပျိုးခဲ့၍ အမျိုးအစားများသည် အဓိကအားဖြင့် သစ္စာပန်းနှင့် ကတ္တီပါပန်း ဖြစ်၍ မိုးဆန်းပန်း တစ်ခိုင်၏ ပျမ်းမျှအဖိုး ၂ ယွမ်ခန့် ဖြစ်သည်။ ယခုအချိန်အထိ အခြေခံစခန်း၌ မိုးဆန်းပန်းအခိုင် ၂၇.၅ သောင်းကျော်ကို ခူးဆွတ်ရောင်းချခဲ့ပြီ။ ထို့နောက်၊ ထျန်ကျယ်ရွာ၏ ကျေးရွာပါတီကလာပ်စည်းကော်မတီနှင့် ရွာသူရွာသားကော်မတီတို့သည် မိုးဆန်းပန်း ထည့်သွင်းထုပ်ပိုးခြင်းလုပ်ငန်းကိုလည်း တက်ကြွစွာ ကြံစည်ပြီး ထွက်ကုန်တန်ဖိုးနှင့် အကျိုးစွမ်းဆောင်မှုများကို နောက်ထပ်မြှင့်တင်၍ ပိုများသော ပြည်သူလူထုများကို ဝင်ငွေတိုးစေပြီး ကုံလုံကြွယ်ဝစေမည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- "ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း"၊ တရုတ်နွေဦးပွဲတော် ပါဝင်ဆင်နွှဲရန် ကူမင်းမြို့မှ ကမ္ဘာတစ်ဝှမ်း ဖိတ်ခေါ်
- ရေလက်ကြားနှစ်ဖက်ဒေသ ကျောင်းများအကြား အားကစားမဟာမိတ် ဘေ့စ်ဘောပြိုင်ပွဲကို ကူမင်းမြို့တွင် ကျင်းပခဲ့
- ၂၀၂၆ ခုနှစ် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် နွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲနှင့် နယ်စပ်အရပ်သားဖျော်ဖြေပွဲ ကျင်းပ
- ၁၈ ကြိမ်မြောက် ကူမင်း နွေဦးပွဲတော် ကုန်စည်ပြပွဲကို တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲ စင်တာတွင် ဖွင့်လှစ်ခဲ့၍ ၁၄ ရက်ကြာ ကျင်းပမည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်ရှိ ယန့်စန်းခရိုင်တွင် ဘလူးဘယ်ရီသီးများဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေသည့် လျှို့ဝှက်ချက်များ
- ကူမင်းမြို့ရှိ နှစ်သစ်ကူးအကြိုပန်းစျေးကွက်တွင် ထောက်ပံ့မှုနှင့် ဝယ်လိုအား နှစ်မျိုးလုံး တိုးတက်နေ
- ယူနန်ပြည်နယ်က နိုင်ငံခြားဆိုင်ရာ ဥပဒေဝန်ဆောင်မှုလှုပ်ရှားမှုစီးရီးများကို စတင်
- တရုတ်-လာအို ရထားလမ်းတွင် ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား ၄ ကြိမ် ထပ်တိုးပြေးဆွဲ






