ယူနန်ပြည်နယ် နင့်အယ်၌ ကြယ်များ၊ တိမ်ပယ်လယ်နှင့် နေထွက်ခြင်းများ ရောပြွမ်းပြီး ဝင်းပထွန်းတောက်လျက်
2022-10-13 13:01|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဇောင်ရှေဇုန်းက ယူနန်ပြည်နယ် ဖူအယ်မြို့ နင့်အယ် ဟာနီလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မှ ဓာတ်ပုံရိုက်ရန် ကြိုက်နှစ်သက်သူ တစ်ယောက် ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် သူသည် ဇာတိဖြစ်သည့် နင့်အယ်၏ တိမ်ပယ်လယ်ကို လေကြောင်းမှ ပထမအကြိမ် ရိုက်ကူးချိန်တွင် ဤနေရာ၏ ရှုခင်းများသည် နက်နက်ရှိုင်းရှိုင် ဆွဲဆောင်ခံခဲ့၍ ထို့နောက်တွင် သူက နှစ်တိုင်း နင့်အယ်၏ တိမ်ပင်လယ်နှင့် နေထွက်ခြင်းများကို အဆက်မပြတ် အာရုံစူးစိုက် လျက်ရှိသည်။ အောက်တိုဘာလ ပထမဆယ်ရက်ပိုင်းတွင် ဇောင်ရှေဇုန်းက နင့်အယ်ခရိုင်ရှိ ဖူအယ်စန်းတောင်၌ ကြယ်များဖြင့် တန်းဆာဆင်ထားသော ကောင်းကင်ယံအောက်မှ ရောင်စုံတိမ်ပင်လယ် လူးလှိမ့်လှုပ်ရှားနေပုံများကို ရိုက်ကူးရခဲ့ပါသည်။
နေဝင်မိုးချုပ်မှ နံနက်ခင်းအထိ၊ ဇောင်ရှေဇုန်းသည် Time lapse ဗီဒီယိုရိုက်နည်း စသည့် ရိုက်ကူးနည်းလမ်းများဖြင့် ကြယ်များဖြင့် တန်းဆာဆင်ထားသော ကောင်းကင်ယံ၊ တိမ်ပင်လယ်၊ နေထွက်ခြင်း၊ Geminid ကြယ်မိုး၊ စူပါလ စသည့် အလှဆုံးသော အချိန်အခါကို မှတ်တမ်းပြုခဲ့ပါပြီ။
ဖူအယ်စန်းတောင်သည် နင့်အယ်ခရိုင်မြို့၏ အနောက်ဘက်၌ တည်ရှိ၍ မြေအနေအထားသည် မြောက်ဘက်တွင် မြင့်မားပြီး တောင်ဘက်တွင် နိမ့်၍ ပင်လယ်ရေမျက်နှာပြင်ထက် ကွားခြားချက် ကြီးမားပါသည်။ တစ်နှစ် ဆောင်းကူးရာသီနှင့် ဆောင်းရာသီတို့၊ အထူးသဖြင့် ဆောင်းနှောင်းကာလ ရောက်တိုင်း ဖူအယ်စန်းတောင်ပေါ်မှ တိမ်ပင်လယ် အလွန် ထည်ဝါတင့်တယ်၍ နေထွက်ချိန်တွင် ရောင်ခြည် ထိန်လင်းဖြာဖြာဝင်း၍ တိမ်ပင်လယ် လူးလှိမ့်လှုပ်ရှားနေသည့် သာယာလှပသော ရှုခင်းများကို ရှုစားရန် ခရီးသည်ကို များများ ဆွဲဆောင်လာလျက်ရှိသည်။
ခရီးထွက်ရန် အသိပေးခြင်း
၁။ ဖူအယ်စန်းတောင်၏ နေထွက်ချိန်သည် နံနက်ခင်း ၇ နာရီခန့် ဖြစ်ပါသည်။
၂။ တောင်တက်နည်း ၂ မျိုးရှိပါသည်။ ပထမအနေဖြင့် နင့်အယ်မြို့နယ်၏ တံခါးဝလေးတစ်ခုမှ မိနစ် ၅၀ ခန့်ကြာ လမ်းလျှောက်ခြင်းဖြင့် တောက်တက်ရောက်နိုင်ပါ။ ဒုတိယအနေဖြင့် ဖူအယ်စန်းတောင်၏ နောက်တောင်မှ မိနစ် ၂၀ ခန့်ကြာ ကားမောင်းရောက်နိုင်ပါ။
饶雪松是云南省普洱市宁洱哈尼族彝族自治县的一名摄影爱好者。2018年他第一次航拍家乡宁洱的云海,就被这里的景色深深吸引,之后每一年他都持续关注宁洱的云海、日出。10月上旬,饶雪松在宁洱县普洱山拍摄到星空轨迹下的七彩云海翻腾的画面。
从日暮到清晨,饶雪松用延时摄影等拍摄方式,记录过星空、云海、日出、双子座流星雨、超级月亮等绝美时刻。
普洱山坐落于宁洱县城的西侧,地势北高南低,海拔差距大。每年秋冬季节,尤其是深冬,普洱山上的云海壮丽无比,日出时刻霞光万丈,云海滚滚翻涌的美景,总会引来众多游客观赏。新华社发(高夏龙杰、苏红亮摄制)
出行提示:
一、普洱山日出的时间大约是早上7:00。
二、登顶方式:
1.从宁洱镇一小门口步行爬山,大约需要50分钟。
2.从普洱山后山驾车登高,预计需要20分钟。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ