ယူနန်ပြည်နယ် တောင်အာရှအရှေ့တောင်အာရှဒေသတွင်း နိုင်ငံတကာ ပြန်ကြားရေးစင်တာ၏ ဟုံဟယ်စင်တာခွဲကို ဖွင့်လှစ်ခဲ့

2022-10-12 18:39| ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်အခုရက်များတွင် ယူနန်ပြည်နယ် တောင်အာရှအရှေ့တောင်အာရှဒေသတွင်း နိုင်ငံတကာ ပြန်ကြားရေးစင်တာ၏ ဟုံဟယ်စင်တာခွဲကို တရားဝင် ဖွင့်လှစ်ခဲ့ပါသည်။ ဤစင်တာသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြန်ကြားရေးဌာန စိစစ်ခွင့်ပြုခြင်းဖြင့် ဖွင့်လှစ်သည့် ပထမဦးဆုံး ယူနန်ပြည်နယ် တောင်အာရှအရှေ့တောင်အာရှဒေသတွင်း နိုင်ငံတကာ ပြန်ကြားရေးစင်တာ၏ ပြည်နယ်ခွဲ(မြို့)ပိုင် စင်တာ ဖြစ်ပါသည်။

ဟုံဟယ် ဟာနီလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပြန်ကြားရေးဌာန၏ သက်ဆိုင်ရာ တာဝန်ခံသူက ဟုံဟယ် ဟာနီလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲသည် မြင့်မားသော စံချိန်၊ မြင့်မားသော အရည်အသွေးများဖြင့် ဤစင်တာခွဲကို တည်ဆောက်စေမည်ဖြစ်ကြောင်း၊ ပလက်ဖောင်းနှင့် အရင်းအမြစ်အားသာချက်များကို မှီခို၍ နိုင်ငံတကာ စကားရည်ထိုးစစ်တွင် ဟုံဟယ်ပြည်နယ်ခွဲ၏ ပုံရိပ်ကို အပြည့်အဝ ပြသသွားမည်ဖြစ်ရာ၊ နိုင်ငံတကာ မိတ်ဆွေသင်္ဂဟအသိုက်အဝန်တွင် ဟုံဟယ်ပြည်နယ်ခွဲ၏ ပုံပြင်များကို ကောင်းမွန်စွာ ပြောပြသွားမည် ဖြစ်ရာ၊ နိုင်ငံတကာ ပလက်ဖောင်းသစ်တွင် ဟုံဟယ်ပြည်နယ်ခွဲ၏ အတွေ့အကြုံများ၊ အောင်မြင်မှုများနှင့် ထူးချွန်မှုများကို လုပ်ဆောင်ဖြစ်ပေါ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အခုနှစ်များတွင် ဟုံဟယ်ပြည်နယ်ခွဲသည် မီဒီယာပေါင်းစည်းမှုကို နက်ရှိုင်းစွာ ပေါင်းစည်းဖွံ့ဖြိုးစေသည့် အခွင့်အလမ်းကို အသုံးပြု၍ တရုတ်နိုင်ငံတော်နှင့် ယူနန်ပြည်နယ်တို့၏ မဟာဗျူဟာ အစီအစဉ်များကို တက်ကြွစွာ ဝန်ဆောင်ပေးပြီး ပါဝင်၍ နိုင်ငံတကာ ပြန်ကြားရေးဆိုင်ရာ အတွေ့အကြုံသစ်၊ နည်းလမ်းသစ်များကို တက်ကြွစွာ စူးစမ်းရှာဖွေကာ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း (Convention on Biological Diversity - CBD) ၁၅ ကြိမ်မြောက် စာချုပ်ချုပ်ဆိုသောနိုင်ငံများညီလာခံ (COP15) "မြောက်ဘက်သို့ ရွှေ့ပြောင်းသည့် အာရှဆင်အုပ်ကြီး" ဟုံဟယ်ကို ဖြတ်သန်းခြင်း၊ "လိပ်ပြာ များများပျံသန်းသည့် အံ့ဖွယ်ကောင်းသော ဂေဟရှုခင်း" စသည့် သတင်းများ ရေးသားဖော်ပြကာ ပထမအကြိမ် ဆင်ဆိုင်ရာ နိုင်ငံတကာ ပြန်ကြားရေးဖိုရမ်၊ နိုင်ငံတကာ လူငယ်များ ဟုံဟယ်သို့ လည်ပတ်ကြည့်ရှုခြင်းတို့ကို ကျင်းပကာ "လိပ်ပြာ များများပျံသန်းခြင်း"သည် ၂၀၂၂ ခုနှစ်တွင်း နိုင်ငံတကာ ပြန်ကြားရေးဆိုင်ရာ လူသိများသော စကားလုံးကို အရွေးခံ၍ ပါဝင်ရိုက်ကူးသည့် မှတ်တမ်းတင်ရုပ်ရှင်ကား ဖြစ်သည့် "ယူနန်-ဗီယက်နမ် ရထားလမ်း၊ အသက်၏ပုံပြင်"ကို တရုတ် နိုင်ငံတကာ အသံလွှင့်ဌာန၏ "တရုတ်နိုင်ငံ၌ ပြန်တွေ့ခြင်း"ဟူသော အစီအစဉ်တွင် ထုတ်လွှင့်ခဲ့ပါသည်။

近日,云南省南亚东南亚区域国际传播中心红河分中心揭牌。该中心是省政府新闻办批复成立的第一个云南省南亚东南亚区域国际传播中心州(市)分中心。

红河州委宣传部相关负责人表示,红河州将高标准、高质量推动该分中心建设,依托平台和资源优势,着力在国际舆论场充分展示红河形象,在国际社交圈讲好红河故事,在国际新平台干出红河经验、红河成效、红河亮点。

近年来,红河州以推进融媒体深度融合发展为契机,主动服务和融入中央及省委的战略布局,积极探索国际传播新经验、新路径,相继推出COP15“北移亚洲象群”途经红河、“蝴蝶大爆发生态奇观”等系列报道,举办了首届大象国际传播论坛、国际青年红河参访行,“蝴蝶大爆发”入选2022年度国际传播热词,参与摄制的纪录片《滇越铁路·生命的故事》在中国国际电视台《中国再发现》栏目播出。(云南日报 记者饶勇 通讯员 王陶 初政艳)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်