ခေါင်းနီစင်ရော် ရှေ့ပြေးအဖွဲ့သည် ကူမင်းမြို့သို့ ရောက်ရှိခဲ့
2022-10-12 15:52|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အောက်တိုဘာလ ၈ ရက်နေ့တွင် ကူမင်း ငှက်မျိုးအသင်းမှ အသင်းဝင် ကောဘီမင်မှာ တိန်ချီးရေကန်တောင်ပိုင်း၊ တိန်ချီးရေပေါ်ရဲဌာန အနီးတစ်ဝိုက်မှ ရေပြင်နယ်နိမိတ်၌ ခေါင်းနီစင်ရော် တစ်စုကို တွေ့၍ သေသေချာချာ ကြည့်ရှုအကဲခတ် ခြင်းအားဖြင့် ၄င်းသည် ဤနှစ် တိန်ချီးရေကန်၌ ပထမဦးဆုံး ပေါ်ပေါက်လာသည့် ခေါင်းနီစင်ရော် ရှေ့ပြေးအဖွဲ့ ဖြစ်ပါသည်ဟု သိခဲ့ပါသည်၊ ၄င်းသည် တစ်နှစ်တစ်ကြိမ်လာသည့် ခေါင်းနီစင်ရော်များ ပြန်ရောက်ပြီ ဖြစ်၍ ကူမင်းမြို့သည် ခေါင်းနီစင်ရော် ကြည့်ရှုသည့် အချိန်ကာလကို ကြိုဆိုတော့မည်ဟု သဘောဆောင်ထားပါသည်။
ကူမင်း ငှက်မျိုးအသင်းမှ ဒုတိယအတွင်းရေးမှူးချုပ် ဝမ်ဇိပျင်မှာ "ငါတို့ ကြည့်ရှုအကဲခတ် ပြီးတော့ အကောင် ၂၀၀ ကျော် လာရောက်ပါပြီလို့ သိရပါတယ်။ ဓာတ်ပုံ ရှိတယ်နော်၊ ဖြတ်ကျော်တဲ့ ခေါင်းနီစင်ရော်တွေ ဖြစ်တယ်လို့ ထင်တယ်၊ ခြုံပြီးပြောရရင် ရှေ့ပြေးအဖွဲ့က လာပါပြီ"ဟု ပြောခဲ့ပါသည်။
ဝမ်ဇိပျင်၏ မိတ်ဆက်ခြင်းအရ ခေါင်းနီစင်ရော် ရှေ့ပြေးအဖွဲ့သည် တိန်ချီးရေကန်၏ ဆောင်းရာသီကူး ပတ်ဝန်းကျင်များကို ပိုမိုသိကျွမ်း၍ သူတို့အနက် ခေါင်းနီစင်ရော်ငယ်များ ရှိလျှင် ရှေ့ပြေးအဖွဲ့သည် ပြန်ရောက်လာပါပြီ ဆိုနိုင်ပါသည်။ ခေါင်းနီစင်ရော်များသည် ပြောင်းရွှေ့ပျံသန်းရာတွင် တစ်သုတ်ခွဲ လာ၍ တစ်စုံတစ်ခုသော အရေအတွက်သို့ ရောက်ရှိချိန် သူတို့သည် ရေကန်ကမ်းကပ်ပြီး အစာရှာလျက်ရှိသည် ဟူသော ထူးခြားချက်တစ်ခု ရှိပါသည်။
လွန်ခဲ့သည့်နှစ်တွင် ခေါင်းနီစင်ရော် ရှေ့ပြေးအဖွဲ့သည် ဤအချိန်တွင် လာရောက်သည် ဖြစ်၍ သာမန်အားဖြင့် ခေါင်းနီစင်ရော်များသည် အောက်တိုဘာလ ဒုတိယဆယ်ရက်ပိုင်းတွင် တိန်ချီးရေကန်သို့ ဝင်ရောက်ပြီး နိုဝင်ဘာလအစပိုင်းတွင် မြို့သို့ စတင်ဝင်ရောက်၍ ဤအချိန်ရောက်လျှင် ကူမင်းမြို့သည် ခေါင်းနီစင်ရော် ကြည့်ရှုသည့် အချိန်ကာလသို့ ဝင်ရောက်ပြီဟု ဝမ်ဇိပျင်မှာ ပြောဆိုခဲ့ပါသည်။
10月8日,昆明鸟类协会会员郭黎明在滇池外海、滇池水上派出所附近水域发现了一群红嘴鸥,经过仔细观察,发现这是今年首次出现在滇池的红嘴鸥先头部队,这意味着一年一度的红嘴鸥又回来了,昆明即将迎来观鸥季。
昆明鸟类协会副秘书长王智斌说:“我们的人观察了,来了200多只,有照片,可能是过路红嘴鸥,总之是先头部队到了。”
王智斌介绍,红嘴鸥先头部队对滇池的越冬环境比较熟悉,如果其中还有幼鸥,说明先头部队回来了。海鸥的迁徙有一个特点,就是一批一批地来,当到达一定数量的时候,它们就会靠岸觅食了。
王智斌说,去年红嘴鸥的先头部队也是在这个时候来,一般来说,红嘴鸥在10月中旬进入滇池,11月初就开始入城,这个时候,昆明就进入观鸥季了。(春城晚报 记者左学佳 昆明鸟类协会 会员郭黎明)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ