"ဆီးနှင်းတောင်မှ တစ္ဆေ" ဟု ခေါ်သည့် ယူနန်ရွှေခြည်မွေးမျောက်သည် ရိုးအပုံများပေါ်လွင်လျက်
2022-09-30 12:16|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) "ဆီးနှင်းတောင်မှ တစ္ဆေ" ဟု ခေါ်သည့် ယူနန်ရွှေခြည်မွေးမျောက်သည် ယူနန်ပြည်နယ်၏ တိရစ္ဆာန်များထဲတွင် အတောက်ပဆုံးသော ပုလဲ ဖြစ်သည်။ သူတို့သည် အသားဖြူ၊ မျက်လုံးအပုံမှာ ဘင်္ဂလားဆီးသီးနှင့်တူ၊ နှုတ်ခမ်းနီသောကြောင့် ကျောရိုးဆစ်ဖွဲ့စည်းပုံနှင့် အမြင်အာရုံဘက်တွင် လူနှင့် တူသည်။
ယူနန်ရွှေခြည်မွေးမျောက်သည် တရုတ်နိုင်ငံတွင် ထူးခြားစွာ ရှိသည့် ရှားပါး၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသော ပရိုင်းမိတ်နို့တိုက်သတ္တဝါမျိုး ဖြစ်၍ ကမ္ဘာနှင့် နိုင်ငံတော်မှ ပထမတန်းစား ကာကွယ်ထိန်းသိမ်းထားသည့် တိရစ္ဆာန်များသို့ ထည့်သွင်းထားပါပြီ။ ၎င်းသည် တရုတ်နိုင်ငံ တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်ခန်ခရိုင်၊ ယူနန်ပြည်နယ် တယ်ချင်ခရိုင်၊ ဝေရှီလီဆူလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်၊ ယိလုံနာဆီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်၊ လန်ဖြင် ဘိုင်လူမျိုး ဖူမီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်နှင့် ယူလုံခရိုင်တို့တွင် ခွဲဖြန့်ထားသည်။ ယူနန်ရွှေခြည်မွေးမျောက်သည် ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၂၆၀၀ မှ ၄၂၀၀ အကြားရှိ သစ်တောထဲတွင် နေထိုင်ကြပြီး ဤဒေသအတွင်းမှ နေထိုင်သည့် ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ဆုံးသော လူသားမဟုတ်သည့် ပရိုင်းမိတ်နို့တိုက်သတ္တဝါမျိုး ဖြစ်သည်။ နှစ်ပေါင်းအများအပြားတွင် ယူနန်ရွှေခြည်မွေးမျောက် ကာကွယ်ရန် အဆက်မပြတ် ကြိုးစားခြင်းဖြင့် ၎င်း၏အရေအတွက်မှာ အကောင် ၁၄၀၀ မှ ၃၀၀၀ ခန့်အထိ တိုးလာခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- "ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း"၊ တရုတ်နွေဦးပွဲတော် ပါဝင်ဆင်နွှဲရန် ကူမင်းမြို့မှ ကမ္ဘာတစ်ဝှမ်း ဖိတ်ခေါ်
- ရေလက်ကြားနှစ်ဖက်ဒေသ ကျောင်းများအကြား အားကစားမဟာမိတ် ဘေ့စ်ဘောပြိုင်ပွဲကို ကူမင်းမြို့တွင် ကျင်းပခဲ့
- ၂၀၂၆ ခုနှစ် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် နွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲနှင့် နယ်စပ်အရပ်သားဖျော်ဖြေပွဲ ကျင်းပ
- ၁၈ ကြိမ်မြောက် ကူမင်း နွေဦးပွဲတော် ကုန်စည်ပြပွဲကို တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲ စင်တာတွင် ဖွင့်လှစ်ခဲ့၍ ၁၄ ရက်ကြာ ကျင်းပမည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်ရှိ ယန့်စန်းခရိုင်တွင် ဘလူးဘယ်ရီသီးများဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေသည့် လျှို့ဝှက်ချက်များ
- ကူမင်းမြို့ရှိ နှစ်သစ်ကူးအကြိုပန်းစျေးကွက်တွင် ထောက်ပံ့မှုနှင့် ဝယ်လိုအား နှစ်မျိုးလုံး တိုးတက်နေ
- ယူနန်ပြည်နယ်က နိုင်ငံခြားဆိုင်ရာ ဥပဒေဝန်ဆောင်မှုလှုပ်ရှားမှုစီးရီးများကို စတင်
- တရုတ်-လာအို ရထားလမ်းတွင် ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား ၄ ကြိမ် ထပ်တိုးပြေးဆွဲ







