ကူမင်းမြို့ ကျောက်ချန်ကျုံးလမ်းကို သွားပြီး Jacaranda mimosifolia ကြည့်ရှုဖို့ ဘတ်စ်ကား ဘယ်လိုစီးရမလဲ

2022-05-16 11:33|ရောင်စုံတိမ်တံတား

User ကိုကိုလှိုင်း၏မေးခွန်း။ မင်္ဂလာပါ၊ အခု ကူမင်းမြို့ရှိ Jacaranda mimosifolia က ပွင့်ပါတော့မယ်၊ မေဒေးအားလပ်ရက်အချိန်မှာ ပန်းရှုစားဖို့ ကျောက်ချန်ကျုံးလမ်း သွားချင်ပါတယ်။ ဘတ်စ်ကား ဘယ်လိုစီးရမလဲ။

အယ်ဒီတာ၏အဖြေ။ မင်္ဂလာပါ၊ Jacaranda mimosifolia ရှုစားဖို့ ကျောက်ချန်ကျုံးလမ်း သွားရင် ဘတ်စ်ကားနံပါတ် ၆၅၊ ၁၀၄၊ ၁၈၇ ကို စီးပြီး ကျောက်ချန်ကျုံးလမ်း ၊ ကျောက်ချန်ရှီးလမ်းဆုံ၊ ကျောက်ချန်ပေလမ်းဆုံ ရောက်နိုင်တဲ့အပြင် ဘတ်စ်ကားနံပါတ် k ၅၊ Z ၆၃၊ ၁၃၉ ကို စီးပြီး ကျောက်ချန်ပေလမ်းဆုံ ရောက်ပြီးတော့ ပန်းတွေကို ရှုစားနိုင်ပါတယ်။ အဲဒီအနက် ဘတ်စ်ကားနံပါတ် ၁၈၇ ကို စီးပြီး လျှံဟွာချီလမ်း၊ ပေမိန်လမ်းဆုံစတဲ့ နေရာတွေကို ရောက်ပြီး Jacaranda mimosifolia ကို ရှုစားနိုင်ပါတယ်။ ဒါ့အပြင် မြို့သူမြို့သားနဲ့ ခရီးသည်တို့ကို ပန်းရှုစားဖို့ အဆင်ပြေစေတဲ့အတွက် Jacaranda mimosifolia ပွင့်တဲ့အချိန်ကာလမှာ ကူမင်းဘတ်စ်ကားဟာ Jacaranda mimosifolia ပတ်လည် ကြည့်ရှုတဲ့ အထူးလိုင်းကို ဖွင့်လှစ်ပေးမယ်။ ဘာစီကြားယွမ်၊ ကျောက်ချန်ပေလမ်းဆုံ၊ ကျောက်ချန်ကျုံးလမ်းဆုံနဲ့ ရွှေဖူလမ်းဆုံစတဲ့ မှတ်တိုင်များ ဖြတ်ကျော်တဲ့ ပတ်လည်ဘတ်စ်ကားကို စီးပြီး ပန်းရှုစားခြင်းနဲ့ ဓာတ်ပုံရိုက်ခြင်း လုပ်လို့ ရပါတယ်။

အထက် ပြောတဲ့တာက ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ အားလပ်ရက် ပျော်ရွှင်ပါစေ။


网友哥哥莱提问:您好,最近昆明的蓝花楹要开了,五一假期想去教场中路赏花。请问可以坐哪路公交车呢?

小编解答:您好,去教场中路欣赏蓝花楹,除乘坐65路、104路、187路途经教场中路、教场西路口、教场北路口外,乘坐k5路、Z63路、139路到教场北路口也可以开始赏花。其中,乘坐187路,在莲花池街、北门街口等地方,也能欣赏到蓝花楹。同时,为方便市民和游客赏花,蓝花楹盛开期间,昆明公交还将开通蓝花楹循环观光赏花专线。您可以乘坐途经巴士家园、教场北路口、教场中路口、学府路口的循环公交赏花、拍照。

希望能帮助到您,祝您假期愉快!

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်