ကူမင်းမြို့ ဖူမင်ခရိုင်၌ စိုက်ပျိုးထားသော တရုတ်မို တစ်ထောင်ကျယ်သည့် ချယ်ရီသီးများ မှည့်လာ၍ ဆွတ်ခူးနိုင်

2022-04-18 00:00|ရောင်စုံတိမ်တံတား

18

(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ချယ်ရီပန်းများသည် ဖေဖော်ဝါရီလ တွင် ပွင့်ကြ၍ ဧပြီလတွင် ချယ်ရီသီးများ အနီရောင် ဖြစ်လာပါသည်။ လက်ရှိအချိန်တွင် ကူမင်းမြို့ ဖူမင်ခရိုင်၌ စိုက်ပျိုးထားသော ချယ်ရီသီးများသည် ဆွတ်ခူးရာသီသို့ ဝင်ရောက်တော့မည် ဖြစ်ပါသည်။ ဖူမင်ခရိုင် ချစ်ကျိုးမြို့နယ်၊ တုန်းချွန်မြို့နယ်စသည့် နေရာများတွင် ချယ်ရီသီးများ အကိုင်းအခက်ပေါ်တွင် ပေါက်နေ၍ မနည်းသော မြို့သူမြို့သားများသည် စိုက်ခြံထဲ ဝင်ရောက်ဆွတ်ခူးပြီး နွေဦးအရသာကို မြည်းစမ်းကြပါသည်။

19

ချစ်ကျိုးမြို့နယ်သည် ချယ်ရီသီး စိုက်ပျိုးသည့် သမိုင်း ရှည်လျား၍ လက်ရှိတွင် စိုက်ပျိုးဧရိယာသည် တရုတ်မို လေးထောင်ကျော် ရှိနေသဖြင့် ၎င်းသည် ကူမင်းမြို့၏ ဆင်ခြေဖုံးရှိ ချယ်ရီသီးအထွက် အများဆုံးသော ဒေသများထဲမှ တစ်ခု ဖြစ်ပါသည်။ ချစ်ကျိုးမြို့နယ်တွင် စိုက်ပျိုးထားသော “တာ့ဟုန်ဖောင်”ဟု ခေါ်သည့် ချယ်ရီသီး အမျိုးအစားသည် အသီးကြီး၊ အရောင်တောက်ပ၊ အရည်များနှင့်ချို၊ အရသာကောင်း စသည်များကြောင့် နာမည်ကျော်ကြားလှပါသည်။

20

ယခု တုန်းချွန်မြို့နယ်တွင် ချယ်ရီသီး တရုတ်မို တစ်ထောင်ကျော် စိုက်ပျိုးထား၍ ရာသီဥတု ပူနွေး၊ မြေသြဇာ ထက်သန်နှင့် အပူချိန် ကွာခြားချက် ကြီးမားသောကြောင့် ချယ်ရီသီး ပထမ အသုတ်များသည် ရင့်ကျက် လာနေပြီ၊ ခရီးသွား ဧည့်သည်များသည် ဥယျာဉ်ထဲသို့ ဝင်ရောက်ဆွတ်ခူးပြီး မြည်းကြည့်ကြပါသည်။

18

二月樱花开,四月樱桃红。当下,昆明市富民县的樱桃即将迎来采摘季。在富民县赤鹫镇、东村镇等地,一颗颗樱桃挂满枝头,不少市民已经入园采摘,品尝春日美味。

19

赤鹫镇种植红樱桃历史悠久,目前种植面积已达4000多亩,是昆明市近郊最为集中的樱桃主产区之一。赤鹫镇种植的樱桃品种“大红袍”,以其鲜果粒大、颜色艳丽、汁多味甜、口感好而出名。

20

目前,东村镇种植樱桃1000余亩,由于气候温热、土壤肥沃、温差较大,“头水樱桃”已经成熟,已有游客入园采摘品尝。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်