ကျေးဇူးပြုပြီး ကူမင်းမြို့တစ်ဝိုက်ရှိ စတော်ဘယ်ရီခြံတွေကို အကြံပြုပေးပါ
2022-03-30 11:30|
User မောင်မောင်ဝင်း၏မေးခွန်း။ ဒီရာသီမှာ စတော်ဘယ်ရီတွေ မှည့်နေပြီလို့ ကြားရပြီး စတော်ဘယ်ရီခြံကို သွားပြီးတော့ ဆွတ်စားချင်ပါတယ်၊ ကူမင်းမြို့တဝိုက်ရှိ စတော်ဘယ်ရီခြံတွေကို ထောက်ခံအကြံပေးပါ။
အယ်ဒီတာ၏အဖြေ။ မင်္ဂလာပါ၊ ကူမင်းမြို့တဝိုက်ရှိ စတော်ဘယ်ရီခြံ အများကြီး ရှိပါတယ်၊ ကျွန်တော်က ၃၊ ၄ ခုလောက် မိတ်ဆက်ပေးပါမယ်။
၁။ ဟွမ်လယ်လတ်ဆတ် သစ်သီးဆွတ်ခူးခြံ (ဂဟေစနစ် လယ်ယာမြေ)
ဟွမ်လယ်လတ်ဆတ် သစ်သီးဆွတ်ခူးခြံ (ဂဟေစနစ် လယ်ယာမြေ)သည် ကူမင်းမြီု့ အမ်နင်ခရီုင် ရှန်ကျဲမြို့နယ် တျင်တုန်ရွာမှာ တည်ရှိနေပြီး ခြံထဲမှာ စတော်ဘယ်ရီဆွတ်ခူးပါက တစ်ကီလိုရင် ယွမ် ၄၀ (ယူသွားနိုင်)၊ နေ့တိုင်း ၁၀:၃၀ မှ ၂၀:၀၀ အထိ ဖွင့်လှစ်ထားပါတယ်။
၂။ ဇောက်ဟဲ စတော်ဘယ်ရီခြံ အခြေစိုက်စခန်း
ကူမင်းမြို့ ချိန်ကွမ့်ရပ်ကွက် မာကျင်းဖူ့လမ်း ကန်ထန်ဇီရွာမှာ တည်ရှိနေတဲ့ ဇောက်ဟဲ စတော်ဘယ်ရီခြံ အခြေစိုက်စခန်းထဲမှာ ဝင်ရောက်ရင် တစ်ဦး ယွမ် ၆၀၊ စတော်ဘယ်ရီ ယူသွားချင်ရင်တစ်ဦး ယွမ် ၈၀ ပေးရပါမည်။ ဒီအခြေစိုက်စခန်းထဲမှာ စတော်ဘယ်ရီ အမျိုးမျိုး ရှိပြီး ဓာတ်မြေဩဇာ မသုံးလို့ ဆွတ်ခူးပြီး ချက်ချင်း စားလို့ရပါတယ်။
၃။ ဝေချန်းစိုက်ပျိုးရေး စတော်ဘယ်ရီ ဆွတ်ခူးအခြေစိုက်စခန်း
ဝေချန်းစိုက်ပျိုးရေး စတော်ဘယ်ရီ ဆွတ်ခူးအခြေစိုက်စခန်းက ကူမင်းမြို့ ချိန်ကွမ့်ရပ်ကွက် ဝူကျားယင်လျံဝမ်လမ်းမှာ တည်ရှိနေပြီး ခြံဝင်ကြေး တစ်ဦး ၇၈ ယွမ်၊ စတော်ဘယ်ရီ တစ်ကီလို ၉၉ က ၁၂၈ ယွမ်အထိ သယ်သွားလို့ ရပါမယ်။ ဒီအခြေစိုက်စခန်းမှာ စတော်ဘယ်ရီကို တစ်နှစ်ပတ်လုံး ခူးဆွတ်နိုင်ပြီး အမျိုးအစား ကြွယ်ဝပါတယ်။
ခရီးစဉ်အကြံပေးချက်။ အထက်ပါ စတော်ဘယ်ရီခြံများကို သွားရင် ကိုယ့်ကိုယ်ကို ကားမောင်းခြင်း ပိုပြီး အဆင်ပြေပါတယ်၊ ပျော်ရွှင်ပါစေ။
网友貌貌温提问:听说这个季节草莓都成熟了,想自己去草莓园边采边吃,能不能推荐几个昆明周边的草莓园?
小编解答:您好,昆明周边有很多草莓园,下面我为您推荐几个。
1.欢乐鲜果采摘园(生态农庄)
欢乐鲜果采摘园(生态农庄)位于昆明市安宁县街镇甸东村筲箕凹村,入园采摘草莓每公斤40元(可带走),营业时间每天10:30-20:00。
2.兆禾草莓园基地
位于昆明市呈贡区马金铺街道干塘子村的兆禾草莓园基地,入园费60元/人,若需带走则为80元/人。该基地草莓种类丰富,且不使用化肥,可现采现吃。
3.伟城农业草莓采摘基地
伟城农业草莓采摘基地位于昆明市呈贡区吴家营梁王路,入园费78/人,草莓需要带走为99-128元/公斤。该基地草莓全年均可采摘,品种丰富。
交通建议:以上草莓采摘园,建议自驾前往更为便利,祝您旅途愉快!
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့