COP15 ၏ ပထမပိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၁ ရက်တွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၌ ဖွင့်လှစ်
2021-10-11 17:43|
ဇီဝမျိုးစုံကွဲပြားမှုဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင်ပါဝင်သောနိုင်ငံများကွန်ဖရင့်၏ ၁၅ ကြိမ်မြောက် အစည်းအဝေး ပထမပိုင်းအား တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏မြို့တော် ကူမင်းတွင် ယနေ့ အောက်တိုဘာ ၁၁ ရက်တွင် စတင်ကျင်းပခဲ့သည်။
၂၀၁၁ခုနှစ် မှ ၂၀၂၀ ပြည့်နှစ် အတွင်း ကမ္ဘာလုံးဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် နိုင်ငံတကာအအဖွဲ့အစည်းများ က ၂၀၁၀ ပြည့်နှစ်တွင် လုပ်ငန်းရည်မှန်းချက် ၂၀ ကိုချမှတ်ခဲ့ကြောင်း ဇီဝမျိုးစုံကွဲပြားမှုဆိုင်ရာအတွင်းရေးမှူး အဖွဲ့မှ တွဲဖက်ပြန်ကြားရေးမှူးတစ်ဦးဖြစ်သူ Liu Sijia က ပြောကြားခဲ့သည်။ ယခုအချိန်အထိ မည်သည့်ပန်းတိုင်မှ အကောင်အထည်မဖော်နိုင်သေးကြောင်း ၎င်းအရာရှိက မှတ်ချက်ပြုသည်။
လာမည့်နှစ်တွင်ကျင်းပရန်မျှော်လင့်ထားသည့် ယခုအစည်းအဝေး၏ ဒုတိယပိုင်းတွင် နိုင်ငံတကာအဖွဲ့အစည်းများမှ မျှော်လင့်ချက်ကြီးကြီးမားမားထားရှိသော “၂၀၂၀ ပြည့်နှစ်အလွန် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများမူဘောင်” ကိုပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ချက်တစ်ခုချလိမ့်မည်ဟု Liu ကပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ၁၉၉၃ ခုနှစ်တွင်စတင်အသက်ဝင်ခဲ့သောဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာကွန်ဗင်းရှင်းတွင်ပါ ဝင်သည့်ပထမဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ ယင်းညီလာခံ၌ အဖွဲ့အစည်းပေါင်း ၁၉၆ ခု ရှိပြီး ညီလာခံသည် ကွန်ဗင်းရှင်းဆိုင်ရာ ဆွေးနွေးခြင်းနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းများအတွက် အမြင့်ဆုံးယန္တရားလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့


