နိုင်ငံများစွာမှပုဂ္ဂိုလ်များက တရုတ်ကွန်မြူနစ်ပါတီတည်ထောင်သည့် နှစ် ၁၀၀အတွင်း ရရှိသော အောင်မြင်မှုများကို ချီးကျူး

2021-07-07 15:53|CRI

ယခုရက်များတွင် နိုင်ငံများစွာမှ အစိုးရအကြီးအကဲနှင့် ပညာရှင်များက China Media Group မှ သတင်းထောက်၏ အင်တာဗျူးကို လက်ခံဖြေကြားရာတွင် ရှီကျင့်ဖိန်၏ တရုတ်ကွန်မြူနစ်ပါတီတည်ထောင်ခြင်း နှစ် ၁၀၀ပြည့် အထိမ်းအမှတ် အခမ်းအနား၌ အရေးကြီးမိန့်ခွန်းကို တန်ဖိုးထားချီးကျူးပြီး တရုတ်ကွန်မြူနစ်ပါတီတည်ထောင်သည့် နှစ် ၁၀၀အတွင်း ရရှိသောအောင်မြင်မှုများကို ချီးကျူးကြောင်း ဖော်ပြကြပါသည်။

လာအို-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ခင်မာနီအင်ထီရာက တရုတ်ပြည်၏ အထွေထွေ နိုင်ငံတော်အင်အားနှင့် နိုင်ငံတကာ၌ သြဇာလွှမ်းမိုးမှု တစ်နေ့ထက်တစ်နေ့ တိုးတက်လာ သော်လည်း အားနည်းသူများကို မည်သည့်အခါမျှ အနိုင်ကျင့်ခြင်း မရှိကြောင်း၊ ရှီကျင့်ဖိန် တင်ပြသော “Belt and Road” အဆိုပြုချက်သည် ကမ္ဘာ့နိုင်ငံအအသီးသီးအတွက် အကျိုးစီးပွားများကို ထိထိရောက်ရောက် ဆောင်ကြဉ်းပေးပြီး လူသားကံကြမ္မာတူ အသိုင်းအဝန်း တည်ဆောက်ခြင်း အဆိုပြုချက်သည်  နိုင်ငံတကာမိသားစုကြီး၏ ထောက်ခံမှုများကို ကျယ်ပြန့်စွာ ရရှိကြောင်း၊ ယင်းတို့သည် တရုတ်နိုင်ငံက နိုင်ငံတကာမိသားစုကြီးအတွက် အပြုသဘောဆောင်သည့် အကျိုးပြု စွမ်းဆောင်မှု ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

连日来,多国政要、学者在接受中央广播电视总台记者专访时,高度评价习近平总书记在庆祝中国共产党成立100周年大会上的重要讲话,称赞中国共产党建党百年以来取得的辉煌成就。

老中友协主席坎玛尼·因提拉表示,习近平有关“中国人民也绝不允许任何外来势力欺负、压迫、奴役我们”的表述给他留下深刻印象。他说,在老挝与中国的长期交往中,他感受到中国人民热爱和平,有着强烈的民族自豪感。中国的综合国力和国际影响力与日俱增,却从不欺负弱小,对其他国家指手画脚。习总书记提出的“一带一路”倡议为世界各国带来了实实在在的利益,“构建人类命运共同体”的蓝图得到了国际社会的广泛支持,这些都是中国对国际社会做出的积极贡献。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်