CPC သည် ဗိုလ်ကျမှု မရှိဘဲ နိုင်ငံတော် အင်အား ကြီးမားတောင့်တင်းစေသော ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေး လမ်းကြောင်းသစ်ကို ရှာဖွေရရှိ

2021-07-05 15:45|CRI

မကြာခင်က ကျင်းပခဲ့သော တရုတ် ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့သည့် နှစ်၁၀၀ပြည့် ဂုဏ်ပြုခြင်း ည်ီလာခံတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က တရုတ်ပြည်သည် ကမ္ဘာ့ငြိမ်းချမ်းရေး တည်ထောင်သူ၊ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြု စွမ်းဆောင်သူနှင့် နိုင်ငံတကာ စည်းစနစ် ထိန်းသိမ်းကာကွယ်သူ တစ်လျှောက်လုံး ဖြစ်ကြောင်း၊ အခြား နိုင်ငံများ၏ ပြည်သူများ အပေါ် တရုတ်ပြည်သူများ အနေနှင့် အနိုင်ကျင့်မှု၊ ဖိနှိပ်မှုနှင့် ကျွန်ပြုမှု ဘယ်တော့မှ မရှိခဲ့ဖူးကြောင်း၊ ယခင်က မရှိကြောင်း၊ ယခု မရှိကြောင်း၊ အနာဂတ်တွင်လည်း ရှိမည် မဟုတ်ကြောင်း တည်ကြည်လေးနက်စွာ ပြောကြားသည်။ အခြားနိုင်ငံများထက် တရုတ်ပြည်သည် အေးချမ်းတည်ငြိမ်ရေး၏ အရေးကြီးပုံကို ပိုပြီး သိရှိနားလည်၍ ငြိမ်းချမ်းရေး အပေါ် ဆထက်ထမ်းပိုး အမြတ်တနိုးထား အလေးဂရုပြုကြောင်း China Media Groupက ဖော်ပြသည်။

တရုတ် ကွန်မြူနစ်ပါတီ အာဏာကျင့်သုံးခဲ့သည့် နောက်ပိုင်းတွင် ပြည်သူများကို ဦးဆောင်ပြီး နိုင်ငံတော် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ကာ ဗိုလ်ကျမှု မရှိဘဲ နိုင်ငံတော် အင်အား ကြီးမားတောင့်တင်းစေသော ဖွံ့ဖြိုးရေး လမ်းကြောင်းသစ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယင်းသည် လူသား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း အတွက် ကြီးမားသည့် အကျိုးပြု စွမ်းဆောင်မှု ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

ကမ္ဘာပေါ်တွင် အကြီးဆုံး နိုင်ငံရေး ပါတီ ဖြစ်သည့် တရုတ် ကွန်မြူနစ်ပါတီသည် ကမ္ဘာ့ အပေါ် ခြိမ်းခြောက်မှု မဟုတ်ဘဲ ကမ္ဘာ့ ငြိမ်းချမ်းမှု ထိန်းသိမ်းကာကွယ်ရေး အတွက် ကျောရိုင်းမဏ္ဍိုင် ဖြစ်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီက တရုတ်ပြည်သူများနှင့် ကမ္ဘာ့အား “ဗိုလ်ကျမှုနှင့် တိုးချဲ့ရေးကို ဘယ်တော့မှ ပြုမည် မဟုတ်ကြောင်း”ဟု ကတိပြုကြောင်း China Media Groupက ဖော်ပြသည်။

သို့သော် ငြိမ်းချမ်းရေးကို ကြည်ညိုလေးမြတ်ခြင်းသည် မိမိ၏ တရားမျှတမှန်ကန်သည့် အခွင့်အရေးနှင့် အကျိုးအမြတ်ကို လက်လွတ်ခံမည့် သဘောကို မဆောင်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ အနေနှင့် မည်သည့် ပြင်ပ အင်အား မဆို တရုတ်ပြည်သူများ အပေါ် အနိုင်ကျင့်မှု၊ ဖိနှိပ်မှုနှင့် ကျွန်ပြုမှုကို ပြုလုပ်ရန် တစ်ပြားသားမှ လက်ခံမည် မဟုတ်ကြောင်း China Media Groupက ဖော်ပြသည်။

 

“中国共产党关注人类前途命运,同世界上一切进步力量携手前进,中国始终是世界和平的建设者、全球发展的贡献者、国际秩序的维护者!”在庆祝中国共产党成立100周年大会上,中共中央总书记习近平作出庄严宣示。

外界看到,中共执政以来带领人民建设发展国家,没有走西方世界“国强必霸”的老路,而是走出了一条国强共赢的新路。这是对人类进步事业的重大贡献。

中华文化的历史传承、中共的和平基因以及新中国建设实践,都充分证明:一个拥有9500多万名党员的世界第一大执政党根本不是世界和平的威胁,而是维护世界和平的中坚力量。“永不称霸、永不扩张”是她对中国人民的承诺,也是对世界的坚定承诺。

需要指出的是,中国执政党崇尚和平绝不意味着会放弃自身正当权益,绝不允许任何外来势力欺负、压迫、奴役中国人民。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်