စနေတနင်္ဂနွေနေ့မှာ ကူမင်းမြို့ပတ်လည်းနားကို ချယ်ရီသီး ဆွတ်ခူးနိုင်တဲ့ နေရာများကို ထောက်ခံအကြံပေး
2021-04-16 18:45|
User မောင်မောင်၏မေးခွန်း။ မင်္ဂလာပါ။ ကျွန်တော်က မြန်မာနိုင်ငံ ရန်ကုန်မြို့က လာတာပါ၊ ချယ်ရီသီးစားရတာ သိပ်ကြိုက်ပါတယ်၊ အခုရက်များမှာ ကူမင်းမြို့ကို ယာယီအလုပ်တာဝန် လာထမ်းဆောင်နေပါတယ်၊ ဒါကြောင့် စနေတနင်္ဂနွေနေ့မှာ သူငယ်ချင်းတို့နဲ့ ကူမင်းမြို့ ပတ်လည်းနားကို ချယ်ရီသီး ဆွတ်ခူးသွားချင်ပါတယ်၊ အကြံပေး ပါရစေ။
အယ်ဒီတာ၏အဖြေ။ မင်္ဂလာပါ။ ကူမင်းမြို့ ပတ်လည်းနားမှာ ချယ်ရီသီးခြံ များပါတယ်၊ ကျွန်မက နေရာသုံးလေးငါးကို မိတ်ဆက်ပေးမယ်။
၁။ ဖုမင်ခရိုင် ချီကျုပ်မြို့နယ် ချယ်ရီသီးခြံ
အဲဒီချယ်ရီသီးခြံဟာ ကူမင်းမြို့ ဖုမင်ခရိုင် ချီကျုပ်မြို့နယ် ယိဖျင်ရွာမှာ တည်ရှိနေပြီး စိုက်ပျိုးရေးဧရိယာ အမို ၄ ထောင် ကျယ်ဝန်းပါတယ်၊ အသီးသီးတဲ့ အကျယ်အဝန်း အမို ၃ ထောင်ကျော် ရှိပြီး တစ်နှစ် ထွက်ကုန်အရေအတွက် တန်ချိန် ၃၀၀ ရှိပါတယ်၊ ကူမင်းမြို့မှာ အကြီးဆုံး ချယ်ရီပင်စိုက်ရာနေရာ ဖြစ်ပါတယ်။ ၂၀၂၁ခုနှစ်
ချယ်ရီသီးဆွတ်ခူးပွဲကို ဧပြီလ ၁၇ ရက်နေ့ ချီကျုပ်မြို့နယ်မှာ ကျင်းပမယ်။ မေလ ဒုတိယဆယ်ရက်ပိုင်းအထိ ချယ်ရီသီးများကို ဆက်လက် ဆွတ်ခူးနိုင်မယ်။ ချယ်ရီသီးခြံကို ဝင်ရောက်ဆွတ်ခူးရင် လူတစ်ယောက် အယွမ် ၂၀ လောက် လိုပြီး လတ်ဆတ်တဲ့ ချယ်ရီသီးရဲ့ ရောင်းဈေးက တစ်ကီလိုဂရမ် အယွမ် ၅၀ ကို မကျော်နဲ့။
၂။ အန်နင်ခရိုင် ချင်းလုံမြို့နယ် ချယ်ရီသီးခြံ
အဲဒီချယ်ရီသီးခြံက ကူမ်းမြို့ အန်နင်ခရိုင် ချင်းလုံမြို့နယ်မှာ တည်ရှိနေပြီး စိုက်ပျိုးရေးဧရိယာ အမို ၂ ထောင်နီးပါး ကျယ်ဝန်းပြီး ချင်းလုံမြို့နယ် ကျေဖိုင်တာ့ရွာ၊ ကျေဖိုင်ရှောင်ရွာ၊ ရှောင်သိန့်ရွာနဲ့ ယီပိုင်ထျန်ရွာတို့မှာ အဓိကအားဖြင့် စုစည်းပြန့်နှံ့ နေပါတယ်။
၃။ယန်ဇုံဟိုင် ရှုခင်းသာရပ်ကွက် မာလန်ကွန်မြူနီတီ
ယန်ဇုံဟိုင် ရှုခင်းသာရပ်ကွက် ချီတိန့်လမ်း မာလန်ကွန်မြူနီတီမှ အမို ၃ ထောင်ကျော် ကျယ်ဝန်းတဲ့ ချယ်ရီပင်က အသီး ရှေ့စဉ်နောက်ဆက်သီးပါတယ်၊ ဒီနှစ် ရာသီဥတု သင့်လျော်တဲ့ကြောင့် မာလန်မှ ချယ်ရီသီးများက ဧပြီလ ၆ ရက်နေ့မှာ သီးထွက်များတဲ့ အချိန်ကာလကို ဝင်ရောက်ခြင်းမှစပြီး ချယ်ရီသီးများကို အရက် ၅၀ ကျော်ကြာ ဆက်လက်ဆွတ်ခူးနိုင်မယ်။
ခရီးစဉ်အကြံပေးချက်။ အထက်ပါ ချယ်ရီသီးခြံများကို သွားရင် ကိုယ့်ကိုယ်ကို ကားမောင်းခြင်း ပိုပြီး အဆင်ပြေပါတယ်၊ ပျော်ရွှင်ပါစေ။
网友貌貌提问:您好,我来自缅甸仰光,我很喜欢吃樱桃,这几天正好到昆明出差,所以想趁着周末和朋友去周边摘樱桃,请贵网站帮忙推荐。
小编解答:您好,昆明周边有很多樱桃种植园,下面我为您介绍几个,以供参考。
1.富民赤鹫镇樱桃种植园
富民赤鹫镇樱桃种植园位于昆明市富民县赤鹫镇玉屏村,种植面积达4000亩,挂果3000多亩,年产量300吨,是昆明市最大的樱桃集中种植区。赤鹫镇将于4月17日举办2021年樱桃采摘节。樱桃采摘可持到5月中旬。人均入园采摘费约20元/人,鲜果销售价格不超过50元/公斤。
2.安宁青龙镇樱桃种植园
安宁青龙镇樱桃种植园位于昆明市安宁县青龙镇,种植面积近2000亩,主要集中在青龙镇的界牌大、小村,小甸和一摆田村。
3.阳宗海马郎
阳宗海风景名胜区七甸街道马郎社区的3000余亩樱桃陆续进入挂果期,今年气候适宜,马郎樱桃从4月6日进入丰产期起,采摘期可持续50余天。
交通建议:以上樱桃采摘园,建议自驾前往更为便利,祝您旅途愉快!
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့