တာလင်ရထားလမ်း ဖွင့်လှစ်၍ တရုတ်-မြန်မာအကြားမှ လူတွေသွားလာခြင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေး ပိုမိုလျင်မြန်လွယ်ကူစေ

2020-12-31 10:24|Lancang-Mekong Party

ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်(၁၀)နာရီ တာလီမှ လင်ချန်းမီးရထားလမ်း (အောက်တွင် “တာလင်ရထားလမ်း” ဟု ရေးသားမည်) ပထမဆုံးထွက်ခွာသည့် D8128 ရထားတွဲ စတင်ပြေးဆွဲသည်။

640.webp

640.webp (1)

640.webp (2)

လင်ချန်း၏တည်နေရာသည် တမူထူးခြားသည်။ တစ်မြို့လုံးရှိ ခရိုင်(၃)ခုသည် မြန်မာနိုင်ငံနှင့် ထိစပ်နေပြီး နယ်စပ်နယ်နမိတ်မျဉ်းကြောင်းသည် စုစုပေါင်း(၃၀၀)ကီလိုမီတာ ရှည်လျားကား နိုင်ငံတော်အဆင့်နယ်စပ်ဂိတ်ကို (၃)ခု တည်ဆောက်ဖွင့်လှစ်ထားပါသည်။ တာလင်ရထားလမ်း ဖွင့်လှစ်ခြင်း‌ကြောင့် လင်ချန်း၏ တည်နေရာ အားသာချက်ကို ပိုမိုလုပ်ဆောင်လာနိုင်စေသည်။ ရထားလမ်းသည် လင်ချန်းနှင့် ကုန်းတွင်းပိုင်းဒေသများကို ပိုမို နီးကပ်စွာ ချိတ်ဆက်ပေးလိုက်နိုင်သည်။ လင်ချန်းနယ်စပ်ဂိတ်နှင့် ပြည်တွင်းဒေသအသီးသီး၏ ဆက်သွယ်မှုကို ပိုမိုခိုင်မြဲအားကောင်းစွာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ယူနန်နှင့်အာဆီယံ၏ အပြန်အလှန်ချိတ်ဆက်မှုကို အရှိန်မြှင့်တင်သွားမည်ဖြစ်ပါသည်။

640.webp (3)

တာလင်ရထားလမ်းသည် တာလီပိုင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ တာလီမြို့မှ ဝူလန့်တောင်နှင့် လန်ချန်းမြစ်ကို ဖြတ်သန်းပြီး လန်ချန်းမြို့သို့ ဝင်ရောက်သည်။

တာလင်ရထားလမ်းသည် လင်ချန်းမြို့၏ ရထားလမ်းမရှိသည့်သမိုင်းကို အဆုံးသတ်လိုက်ပြီး တစ်နိုင်ငံလုံး၏ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်နှင့် ချိတ်ဆက်ခဲ့သည်။

640.webp (4)

640.webp (5)

ထိုအချိန်မှစ၍ ကူမင်းမှလင်ချန်းသို့သွားရန် အချိန်(၃)နာရီ(၃၇)မိနစ်သာ လိုအပ်ပါတော့သည်။

ရထားလမ်း၏ ဒီဇိုင်းအမြန်နှုန်းမှာ တစ်နာရီကီလိုမီတာ(၁၆၀)ဖြစ်ပြီး လည်ပတ်လိုင်းသည် စုစုပေါင်း (၂၀၁)ကီလိုမီတာရှည်လျားသည်။ ဝေးရှန်း၊ ယူရှင့်၊ လင်ချန်း စသည့် ခရီးသည်ဘူတာရုံအသစ်များ တည်ဆောက်ထားသည်။

640.webp (6)

တာလင်ရထားလမ်း ဖွင့်လှစ်သည့်ရက်တွင် တာလင်ရထားလမ်း ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းကိုလည်း တစ်ပြိုင်နက်တည်း လုပ်ဆောင်ခဲ့သည်။ လင်ချန်းဘူတာရုံ ကုန်ပစ္စည်းတင်ချရာနေရာတွင် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို ဖွင့်လှစ်လုပ်ဆောင်မည်ဖြစ်ပါသည်။ ယခု တာလင်ရထားလမ်း လင်ချန်းဘူတာရုံတွင် ထွက်ခွာဆိုက်ရောက်လိုင်း (၇)လိုင်းရှိပြီး ကနဦးကုန်စည်သယ်ယူပို့ဆောင်ရေးစွမ်းအားမှာ တစ်နှစ်လျှင် တန်ချိန်ပေါင်း(၁၈)သိန်းခန့် ရှိနိုင်မည်ဖြစ်သည်။

viewpoints

တာလင်ရထားလမ်း ဖွင့်လှစ်သည့်အတွက် တရုတ်-မြန်မာနယ်စပ် နှစ်ဖက်စလုံးမှ အလွန်ဝမ်းသာပျော်ရွှင်နေကြပါသည်။ သူတို့ ဘာတွေပြောကြသည်ကို နားဆင်ကြပါစို့။

မြန်မာကွမ်းလုံ-ဟိုပုံး-ချင်းရွှေဟော် နယ်စပ်ကုန်သွယ် ရေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါ်လွင်လွင်မာ--

ရထားလမ်းစတင်ဖွင့်လှစ်သည့်သတင်း ကြားသိရပြီးနောက် ကျွန်မ အလွန်အားတက်မိပါသည်။ မြန်မာကွမ်းလုံ-ဟိုပုန်-ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းတွင် အသင်းသား (၅၀၀)ကျော်ရှိပြီး အသင်းသားအများစုသည် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကို လုပ်ဆောင်ကြသည်။ ဥပမာ- ရွှေမန်းချယ်ရီသွင်းကုန်ထုတ်ကုန် ကုမ္ပဏီလီမိတက်သည် တရုတ်နိုင်ငံသို့ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း စသည့် စိုက်ပျိုးရေးထုတ်ကုန်ကို အဓိကတင်သွင်းပြီး တရုတ်နိုင်ငံမှ မြေသြဇာကို မြန်မာနိုင်ငံသို့‌ တင်ပို့ရောင်းချသည်။ ကျွန်တော်တို့၏ ဧည့်သည်များမှာ အဓိကအားဖြင့် ကူမင်းတွင် ရှိကြသည်။ တစ်ကြိမ်လျှင် အနည်းဆုံးကုန်ပစ္စည်း တန်(၅၀၀) သယ်ပို့ရသည်။ ယခင်က ကူမင်းသို့ ကားဖြင့်သယ်ပို့ရာတွင် (၂၄)နာရီကြာမြင့်သည်။ ယခုအခါ ကိုဗစ်-19 ကပ်ရောဂါကြောင့် တရုတ်-မြန်မာကုန်သွယ်ရေးပမာဏ လျော့နည်းပြီး ဂိတ်ဖြတ်ချိန် ကြာမြင့်သောကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ကုန်ကျ စရိတ်နှင့် အချိန်မှာ တိုးမြှင့်လာသည်။ ကုန်ပစ္စည်းတစ်တန်၏ သယ်ပို့စရိတ်သည် တရုတ်ငွေ ယွမ်(၃၀၀)ခန့်ရှိသည်။ ရထားလမ်းသည် လုပ်ငန်းများအတွက် လွယ်ကူစေပြီး အထူးလိုအပ်နေသည့် လမ်းပန်းဆက်သွယ်ရေး ဖြစ်ပါသည်။ အနာဂတ်တွင် ချင်းရွှေဟော်အထိ ရထားလမ်းဖောက်နိုင်ဖို့ကိုလည်း မျှော်လင့်ထားပါသည်။

လင်ချန်း-မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ရန်စန်လုံ--

လင်ချန်း-မြန်မာနိုင်ငံကုန်သည်ကြီးများအသင်းတွင် အသင်းသားပေါင်း (၂၀၀)ကျော်ရှိပြီး အဓိကမှာ အဝတ်အထည်၊ စိုက်ပျိုးရေးထွက်ကုန်၊ ကျောက်မျက်ရတနာ စသည့်သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ လုပ်ဆောင်ကြသည်။ ယူနန်ပြည်နယ်ပြင်ပမှကုန်သည်များသည် လင်ချန်းလုပ်ငန်းများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံကုန်သွယ်ရေးကို လုပ်ဆောင်လိုသော်လည်း ခေတ်နောက်ကျသည့် လမ်းပန်းဆက်သွယ်ရေးကြောင့် အတားအဆီးများစွာ ဖြစ်စေသည်။ တာလင်ရထားလမ်းနှင့် မကြာမီဖွင့်လှစ်တော့မည့် မော်လင် (မော်ကျန်း-လင်ချန်း) အမြန်လမ်းမကြီးတို့ဖြင့် ယူနန်ပြည်နယ်ပြင်ပမှ ကုန်သည်များကို လင်ချန်းသို့ ရောက်ရှိလာစေနိုင်မည်ဖြစ်ပြီး လင်ချန်းနှင့် တရုတ်-မြန်မာကုန်သွယ်ရေးကို လေ့လာသိရှိကာ လင်ချန်းနှင့် မြန်မာ-တရုတ်ကုန်သွယ်‌ရေး၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်နိုင်မည် ဖြစ်ပါသည်။

လင်ချန်းယုံချိန်ကုန်သွယ်ရေးကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဝူချုံယု--

ကျွန်တော်တို့ယုံချိန်းသည် မြန်မာနိုင်ငံသို့ စက်ပစ္စည်းယန္တရား ထုတ်ကုန်များကို တင်ပို့ပြီး မြန်မာနိုင်ငံမှ ဆော်ဂမ်ပြောင်း၊ ဝါဂွမ်း စသည့် စိုက်ပျိုးရေးထွက်ကုန်များကို တင်သွင်းသည်။ ကျွန်တော်တို့၏ ဆောက်လုပ်ရေးဆိုင်ရာ စက်ပစ္စည်းများနှင့် စက်ယန္တရားများသည် အဓိက ကွမ်ရှီ၊ ဟော်နန်၊ ဟော်ပေ စသည့်နေရာ‌များမှဖြစ်ပါသည်။ ရထားလမ်းသယ်ယူပို့ဆောင်ရေးသည် ၎င်းကဲ့သို့သော အကြီးစားကုန်ပစ္စည်းများ သယ်ပို့ရာတွင် အလွန် အထောက်အကူပြုပြီး ကုန်ကျစရိတ် သက်သာစေပါသည်။ အထူးသဖြင့် မကြာတော့သော အနာဂတ်တွင် တာလင်ရထားလမ်းနှင့် မော်လင်အမြန်လမ်းမကြီးသည် အပြန်အလှန်ချိတ်ဆက် အင်အားဖြစ်စေပြီး မော်လင်အမြန်လမ်းမကြီးသည် ပြည်နယ်အတွင်း သယ်ယူပို့ဆောင်ရေးအတွက် ကြီးမားသော သက်ရောက်မှုရှိစေမည်ဖြစ်သကဲ့သို့ တာလင်ရထားလမ်းသည် လင်ချန်းနှင့် ပြည်နယ်ပြင်ပမြို့များကို ပိုမိုကောင်းမွန်စွာ ချိတ်ဆက်ပေးနိုင်မည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ လင်ချန်းသည် မြန်နှုန်းမြင့်ရထားလမ်းကြောင်းနှင့် အမြန်လမ်းမကြီး လမ်းကြောင်းကို အထောက်အကူပြုပြီး မြန်မာနိုင်ငံဈေးကွက်ကိုမှီကာ တိုးတက်လာမည်ဖြစ်ပါသည်။

ယူနန်မုန်တင်“ဆုံဆည်းရာ”ယဉ်ကျေးမှုဖြန့်ချိရေးကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ထောင်ဝမ်ထုံ--

လင်ချန်းကို ရထားစီးပြီး “ဆုံဆည်းရာ”အအေးဆိုင်တွင် ချိန်းကာ စောင့်မျှော်နေမည်။ တာလင်ရထားလမ်း ဖွင့်လှစ်ပြီးနောက် လင်ချန်း၏ ကျေးလက်ဒေသ ခရီးသွားလာရေး၊ all-for-one ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှုသည် အရှိန်အဟုန်မြင့်တက်လာပါတော့မည်။ ကျွန်မသည် လင်ချန်းသူတစ်ဦးဖြစ်ပြီး နှလုံးသားထဲမှာလည်း လင်ချန်းရှိနေပါသည်။ ယခုကဲ့သို့လမ်းပေါက်တော့ ကျွန်မတို့လင်ချန်းဒေသခံ လုပ်ငန်းများသည် ပြင်ပလောကသို့ မွေးရပ်မြေအလှ၊ စားသောက်ဆိုင်များကို ပိုမိုကျော်ကြားနိုင်မည့်အခွင့်အရေးရရှိနေပါသည်။ ကျွန်မတို့ နောက်ထပ်ခြေလှမ်း အတွက် စီစဉ်ထားပါသည်။ ယူနန်ပြင်ပဒေသတွင် ဆိုင်ခွဲဖွင့်ပြီး လင်ချန်း၏ သဘာဝစားသောက်ကုန်များနှင့် အရှေ့တောင်အာရှ စားသောက်ကုန်များကို စားသုံးသူများ၏ လျှာထိပ်သို့အမြန် သယ်ပို့ပေးလိုပါသည်။

မဟာမဲခေါင်မြစ်ကုန်သွယ်မှုမြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ လီယူကူး--

လင်ချန်မြို့တွင် ရထားလမ်းဖောက်ဖို့ ကျွန်တော် အနှစ်(၄၀)ကျော် စောင့်ခဲ့ရပါသည်။ ယနေ့ တာလင်ရထားလမ်း စတင်ဖွင့်လှစ်တော့ ကျွန်တော်အထူးပင် ဝမ်းသာပါသည်။ လွန်ခဲ့သောနှစ် (၃၀) က ကျွန်တော် လင်ချန်းသို့သွားပြီး စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်သည့်အခါတိုင်း တောင်တွေကို ဖြတ်ပြီး အချိန်(၁၀)နာရီကျော်ကြာ ကားစီးရသည်။ လမ်းကျဉ်းပြီး ခက်ခဲပါသည်။ ယခုတာလင်ရထားလမ်းရှိတော့ ကူမင်းမှ လင်ချန်းသို့ အချိန်(၃)နာရီလောက်သာကြာပြီး လွယ်ကူလျင်မြန်လှသည်။ လမ်း‌ပေါက်သွားတော့ လင်ချန်းမှ မဲခေါင်မြစ် ဒုတိယနယ်ပယ်‌ဒေသသို့ ဝင်ရောက်ပြီး ကျွန်တော်တို့ စီးပွားရေးအခွင့်အရေးများစွာ ရရှိနိုင်မည် ဖြစ်ပါသည်။ ကျွန်တော်တို့အသင်းမှ တာလင်ရထားလမ်း စီးပွားရေးလေ့လာ‌ရေးခရီးထွက်ဖို့ စီစဉ်နေပြီဖြစ်ပါသည်။

640.webp (7)

မော်လင်အမြန်လမ်းမကြီးသည် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းတွင် စတင်ပြီး ကားများဖြတ်သန်းပြေးဆွဲတော့မည်

လင်ချန်းမြို့၏ ပထမဆုံး အမြန်လမ်း-- မော်လင်အမြန်လမ်းမကြီးသည် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်းတွင် စတင်ပြီး ကားများဖြတ်သန်းပြေးဆွဲတော့မည် ဖြစ်ပါသည်။

640.webp (8)

မော်လင်အမြန်လမ်းမကြီးသည် မော်ကျန်းခရိုင် ပိရှီမြို့ဟောင်းကလေးမှစတင်ပြီး ဆောက်လုပ်ပြီးစီးခဲ့သည့်ကူမင်း-မော်ဟန် အမြန်လမ်းမကြီးနှင့်ချိတ်ဆက်ကာ မော်ကျန်းခရိုင်၊ ရှင်းဖျင်ခရိုင်၊ ကျိန့်ယွမ်ခရိုင်၊ ကျင်တုံးခရိုင်များကိုဖြတ်သန်းပြီး လင်ချန်းမြို့ လင်ရှန်းမြို့နယ်တွင် အဆုံးသတ်သည်။ ကားများဖြတ်သန်း သွားလာနိုင်ရန် အပြီးသတ်ပြီးပါက လင်ချန်းမှကူမင်း၏ စုစုပေါင်းအရှည်မှာ (၄၈၀)ကီလိုမီတာရှိပြီး ယာဉ်မောင်းချိန်မှာ ယခင်(၈-၉)နာရီမှ ယခုအခါ (၄-၅)နာရီအထိ လျော့နည်းသွားမည် ဖြစ်ပါသည်။

12月30日上午10点,大理至临沧铁路(以下简称“大临铁路”)首发列车D8128次列车发车!

640.webp

640.webp (1)

640.webp (2)

临沧区位独特,全市3个县与缅甸接壤,边境线长300公里,有3个国家级开放口岸。大临铁路开通使临沧区位优势得到进一步释放。铁路将临沧与内陆地区紧密联系在一起,将极大加强临沧边境口岸与国内各地的联系、加快实现云南与东盟的互联互通。

640.webp (3)

大临铁路起自大理白族自治州大理市,越过无量山,跨过澜沧江,进入临沧市。

大临铁路结束了临沧市不通铁路的历史,接入全国高铁网。

640.webp (4)

640.webp (5)

从现在开始,昆明至临沧只需要3小时37分。

铁路设计行车速度160公里每小时,营业线路全长201公里,新设巍山、云县、临沧等客运车站。

640.webp (6)

大临铁路开通当天,大临铁路货运业务也同步上线,临沧站货场将开办货运业务。目前,大临铁路临沧站设置到发线7条,初期货运设计能力为每年近180万吨。

中缅边境两侧,有不少人因为大临铁路的开通高兴不已,来听听他们怎么说!

缅甸滚弄—户板—清水河边境贸易商会会长杜伦伦玛

铁路通车的消息让我非常振奋!缅甸滚弄—户板—清水河边境贸易商会有500多名会员,许多会员都从事边境进出口贸易。比如琉璃樱花进出口有限公司,主要向中国出口大米、豆类、玉米、芝麻等农副产品,同时将中国的肥料卖到缅甸。我们的客户主要在昆明,每次至少需要运输500吨货物,以前通过汽车运输到昆明,运输时间为24小时。因为疫情,中缅贸易的货物量减少、通关时间加长,导致货物运输成本增加,一吨货物的运费大约需要300元人民币。铁路对于企业来说是便捷且急需的交通设施,期待在不久的将来,铁路可以修到清水河口岸。

临沧缅商商会会长杨善龙

临沧缅商商会有会员200余人,会员企业主要从事服装、农副产品、珠宝等产品的进出口贸易。许多云南省外的商人,有意向与临沧企业合作进行对缅贸易,但是落后的交通造成了不小的阻碍,大临铁路和即将开通的墨临(墨江—临沧)高速,可以将更多云南省外的商人带到临沧,了解临沧和缅中贸易,促进临沧乃至缅中贸易的发展。

临沧荣晟商贸有限公司总经理吴穹宇

荣晟商贸主要向缅甸出口工程机械和设备,进口缅甸的高粱、棉花等农副产品。因为我们的工程机械和设备主要来自广西、河南、河北等地,铁路对这样的重型货物运输来说是个福音,成本可以大幅度降低。更值得一提的是,在不久的将来,大临铁路和墨临高速会形成很好的双向驱动,墨临高速对省内运输能产生更大影响,大临铁路则将临沧和省外城市更好地连接起来,可以说,借助这一条高铁一条高速,背靠缅甸市场,临沧大有可为。

云南孟定相约小筑文化传播有限公司总经理陶婉彤

坐上火车来临沧,相约小筑等着你。大临铁路开通后,临沧的乡村旅游、全域旅游发展同时驶入快车道。作为一个土生土长的临沧人,我生在临沧,心也在临沧。现在路通了,我们这些临沧本土的企业有了更多向外界宣传家乡美景、美物的机会,我们已经做好下一步准备:到中国其他省市开设分店,把更多临沧的生态美食和东南亚美食第一时间送到食客的舌尖。

大湄公河经贸促进商会会长 李云昆

等临沧通铁路,我等了40多年。今天,大临铁路通车,我太开心了!回想30多年前,我每次到临沧洽谈业务,都要翻山越岭,不仅要坐几十个小时的车,而且路窄又特别难走。现在大临铁路通车了,从昆明到临沧只需要3个小时左右,方便且快捷。路通了,从临沧进入湄公河次区域地区,我们将迎来无限商机,我们商会正准备组织一次沿大临铁路的商务考察之旅。

640.webp (7)

墨临高速将于12月31日下午通车

临沧市第一条高速公路——墨临高速将于明天(12月31日)下午通车!

640.webp (8)

墨临高速起于墨江县碧溪,接已建的昆明至磨憨高速公路,经过墨江县、新平县、镇沅县、景东县,止于临沧市临翔区。建成通车后,临沧到昆明的总里程达480公里左右,行驶时间由现在的8至9小时缩短到4至5小时。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်