အပြည်ပြည်ဆိုင်ရာ တရုတ်ဘာသာ သင်ကြားပို့ချသည့် ဆရာမ တစ်ယောက်၏ မြန်မာနိုင်ငံက အချိန်ကာလကို ရေးမှတ်
2020-07-20 18:21|
မေလမှာ မြန်မာနိုင်ငံထွက် စိန်တစ်လုံးသရက်သီးရဲ့ မွှေးရနံ့ ပျံ့နှံ့လျက်ရှိပါတယ်။ သိပ်မကြာခင်ရက်တွေက ယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ် တရုတ်ဘာသာ အပြည်ပြည်ဆိုင်ရာ ပညာရေးမေဂျာက ဆရာမ ခန်ယုံဟာ မြန်မာနိုင်ငံက ပို့လာတဲ့ သရက်သီး နှစ်ဖာကို ရရှိခဲ့ပါတယ်။ “ဒီသရက်သီးတွေကို ကျွန်မရဲ့ ရန်ကုန်မှာရှိတဲ့ မိတ်ဆွေကောင်းတွေကနေ အမြန်ချောပို့နဲ့ ကူမင်းကို ပို့လာတာပါ။ ဒါဟာ ကျွန်မတို့ရဲ့ နက်ရှိုင်းတဲ့ ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်ပြနေတာပဲ ဖြစ်ပါတယ်။” သရက်သီးတွေကို မြည်းစမ်းသုံးဆောင်ရင်းနဲ့ ဆရာမ ခန်ယုံဟာ မြန်မာနိုင်ငံမှာ (၃)နှစ်တာ ပညာပို့ချခဲ့တဲ့ အချိန်ကာလကို အမှတ်ရနေပါတယ်။
နိုင်ငံခြားမှာ ပညာပို့ချရင်းနဲ့ မြန်မာနိုင်ငံကို ချစ်နေမိပြီ
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ရဲ့ တရားဝင်ဖိတ်ကြားချက်အရ ဆရာမ ခန်ယုံဟာ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် တရုတ်ဘာသာဌာနကို ရောက်ရှိလာပါတယ်။ သူမရဲ့ဘဝမှာ အဓိပ္ပာယ်နက်ရှိုင်းတဲ့ နိုင်ငံခြားပညာရေးပို့ချမှုခရီးစဉ်ကို စတင်လိုက်တာပါ။ “ဒါဟာ ကျွန်မအနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လက်တွေ့ထိတွေ့တာပါ။ မြန်မာနိုင်ငံကိုလည်း လေးလေးနက်နက် ချစ်နေမိပြီ။ လက်ရှိအချိန်အထိ ဆရာမ ခန်ယုံဟာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် နိုင်ငံခြားပါရဂူအဆောင်ကို ပထမဆုံး ရှောက်ရှိခဲ့တဲ့နေ့ကမြင်ကွင်းကို အမှတ်ရနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကျောင်းဆရာ၊ ဆရာမနဲ့ ကျောင်းသူကျောင်းသားတွေဟာ ဖော်ရွေပျူငှာပြီး သူမကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ စုံလင်တဲ့ ဒေသအစားအစာတွေကို ပြင်ဆင်ထားပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဆရာမ ခန်ယုံဟာ ဒေသနေထိုင်မှုဘဝကို အဆင်ပြေစေဖို့အတွက် ကျောင်းဆရာ၊ ဆရာမနဲ့ ကျောင်းသူကျောင်းသားများထံက မြန်မာ့ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို တက်တက်ကြွကြွ လေ့လာပြီး ပညာသင်ကြားပို့ချမှုမှာ ပိုမို ကောင်းမွန်အောင် တာဝန်ထမ်းဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ဆရာမ ခန်ယုံဟာ သင်တန်းပို့ချတဲ့ ပထမဆုံးနေ့က အပြာရောင် မြန်မာ့ရိုးရာဝတ်စုံကို အထူးတလည် ဝတ်ဆင်ခဲ့ပါတယ်။ မြန်မာတပည့်တွေဟာ ဆရာမ ခန်ယုံရဲ့ ခင်မင်ရင်းနှီးမှုကို ခံစားသိမြင်ကြပါတယ်။ “ကျွန်မက သင်ကြားပို့ချတဲ့အခါ တပည့်တွေကို စိတ်ဝင်စားစေဖို့ အမြဲတမ်း အလေးထားသင်ပါတယ်။ တပည့်တွေအတွက်လည်း သက်တောင့်သက်သာ စာသင်နိုင်ပြီး အလွန်သဘောကျကြပါတယ်။”တပည့်တွေ စာသင်ကြားလေ့လာမှု တိုးတက်လာတဲ့အခါမျိုးမှာ ကျွန်မက သူတို့ကို ရေခဲချောင်းနဲ့ သကြားလုံးတွေကို ဆုအဖြစ် ကျွေးလေ့ရှိပါတယ်လို့ ဆရာမ ခန်ယုံက ပြောပြပါတယ်။
“ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် တရုတ်ဘာသာဌာနက တစ်ဦးတည်းသော ဧည့်ပါမောက္ခဆရာမအနေနဲ့ ကလေးတွေဟာ တရုတ်ဘာသာစကားကို ပိုမို ကောင်းမွန်အောင် သင်ယူနိုင်ဖို့ ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ”ဆရာမ ခန်ယုံက သူတို့အသုံးပြုနေတဲ့ ဖတ်စာအုပ်တွေ ခေတ်နောက်ကျလွန်းနေတာ တွေ့ရှိရလို့ တရုတ်ဘာသာဌာန ဌာနမှူးကို တင်ပြပြီး ဖတ်စာအုပ်နဲ့ သင်ထောက်ကူပစ္စည်းတွေ အဆင့်မြှင့်တင်ပြောင်းလဲဖို့ ကူညီပေးခဲ့ပါတယ်။ “စာသင်နှစ်တစ်နှစ်မှာ ကျွန်မ တစ်ပတ်ကို စာသင်ချိန်(၂၄)ချိန် ပို့ချရတယ်။ တစ်ခါတလေ ကျွန်မ မနက် ၇ နာရီခွဲကနေ ညပိုင်းအထိ သင်တန်းပို့ချရတယ်။” အဲဒီအချိန်မှာပဲ ဆရာမ ခန်ယုံဟာ “တရုတ်ဘာသာဟောပြောခြင်း”၊ “အဆင့်မြင့်စာပေရေးသားခြင်း”စတဲ့ သင်ရိုးတွေကို တာဝန်ယူခဲ့ပါတယ်။ “ကျွန်မ ပင်ပန်းပေမယ့် တပည့်တွေ တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်လာတာတွေ့ရတော့ စိတ်ကြည်နူး ပျော်ရွှင်လာပါတယ်။ မြန်မာတပည့်တွေနဲ့ ဆက်ဆံရေးများပြားလာတာနဲ့အမျှ ကျွန်မဟာ သူတို့ရဲ့ သင်ကြားလေ့လာမှုအခြေအနေကိုလည်း ပိုပြီး သိကျွမ်းလာရပါတယ်”လို့ ဆရာမ ခန်ယုံက ပြောပါတယ်။ ဌာနက တခြားဆရာ၊ ဆရာမတွေနဲ့အတူ တပည့်တွေရဲ့ စာသင်ကြားရေးကို ဆွေးနွေးကာ ကိုယ်ရဲ့ ပို့ချမှုအတွေ့အကြုံတွေကို အသီးသီးမျှဝေလေ့ရှိပါတယ်လို့ သူမက ဆက်လက်ပြောပြပါတယ်။
ယဉ်ကျေးမှုဖလှယ်ရေးမှာ ရိုးသားမှုနဲ့အတူ နှလုံးသားချင်း ရင်းနှီးနီးစပ်
ပညာရေးဟာ ယဉ်ကျေးမှုဖလှယ်ရေးမှာ အရေးပါတဲ့ လမ်းကြောင်းဖြစ်ပါတယ်လို့ ဆရာမတစ်ယောက်အနေနဲ့ ခန်ယုံက လေးနက်စွာ ခံယူပါတယ်။ “ဖလှယ်ရေးမှာ တရုတ်-မြန်မာယဉ်ကျေးမှုအစီအစဉ်အမျိုးမျိုးကို ကျင်းပဖို့ အလွန် အရေးပါလှပါတယ်။” ၂၀၁၇ ခုနှစ် ဇွန်လ၊ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဖိတ်ကြားချက်အရ ဆရာမ ခန်ယုံက ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်“မြန်မာနိုင်ငံ တရုတ်ဘာသာစကားစွမ်းရည်ပြိုင်ပွဲ”ရဲ့ အကဲဖြတ်အဖြစ် တာဝန်ယူပြီး ပြိုင်ပွဲအပြီးမှာ ယှဉ်ပြိုင်မှုကို သုံးသပ်ပေးရပါတယ်။ “လှုပ်ရှားမှုဆင်နွှဲတဲ့အခါတိုင်း ကျွန်မဟာ စိတ်ရှည်လက်ရှည် ဂရုတစိုက်ကြည့်ရှုကာ သုံးသပ်ခဲ့ပါတယ်။”ဒါဟာ ကိုယ်ရဲ့အလုပ်ကို တာဝန်ခံတာဖြစ်တဲ့အပြင် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ရေးအတွက် အကျိုးသက်ရောက်စေပါတယ်လို့ ဆရာမ ခန်ယုံက ယုံကြည်စွာပြောပါတယ်။
“ယဉ်ကျေးမှုဖလှယ်ရေးဟာ တရုတ်-မြန်မာ ပြည်သူလူထုတို့ နှလုံးသားချင်း နီးစပ်စေတဲ့ နှောင်ကြိုးတစ်ချောင်းပါ။ ရိုးသားမှုနဲ့အတူ စိတ်ရင်းအမှန်နဲ့ နှလုံးသားချင်း ရင်းနှီးနီးစပ်စေရမယ်။”နေ့စဉ်နေထိုင်မှုဘဝမှာ ဆရာမ ခန်ယုံဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရိုးသားစွာ ပေါင်းသင်းဆက်ဆံမှုအပေါ် အလွန်အလေးထားပါတယ်။ လုပ်ဖော်ကိုင်ဘက်တွေဟာ စိတ်ရင်းအမှန်နဲ့ မိမိကို ဆက်ဆံသလို သူမလည်း စိတ်ရင်းအမှန်နဲ့ ပြန်လည်ဆက်ဆံသင့်ပါတယ်လို့ ဆရာမ ခန်ယုံက ထင်မြင်ယူဆပါတယ်။ “ဌာနက တခြားဆရာ၊ ဆရာမ နေမကောင်းရင် ကျွန်မ သူတို့ကို အချိန်မီ သွားရောက်ကြည့်ရှုပါတယ်။ များသောအားဖြင့် စားကောင်းသောက်ဖွယ်တွေ ဝယ်လာတဲ့အခါမှာလည်း သူတို့နဲ့အတူ မျှဝေကြပါတယ်။” မြန်မာဆရာ၊ ဆရာမများရဲ့အမြင်မှာ ဆရာမ ခန်ယုံဟာ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက် ဖြစ်သလို မိတ်ဆွေကောင်းလည်း ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလက ဆရာမ ခန်ယုံဟာ မြန်မာနိုင်ငံမှာ တာဝန်ပြီးဆုံးခါနီး တောင်ကြီးမြို့ကို သွားရောက်လေ့လာစဉ်က သွေးလွန်တုပ်ကွေးရောဂါကို ကူးစက်ခံခဲ့ရပါတယ်။ “ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲတယ်။ တခြားသူတစ်ယောက်က ကျွန်မကို ရိုက်နေသလိုပဲ ခံစားရပါတယ်။ ”ကျွန်မက ဒီကူးစက်ရောဂါကို ခုခံတိုက်ဖျက်နိုင်ဖို့ မြန်မာမိတ်ဆွေတွေဟာ လိုလေသေးမရှိ ဂရုစိုက်စောင့်ရှောက်မှုများစွာနဲ့ ပံ့ပိုးပေးခဲ့ကြပါတယ်။ “ကျွန်မတို့ နိုင်ငံခြားပါရဂူအဆောင် အဆောင်မှူးဦးလေးက အုန်းရည်သောက်ရင် တုပ်ကွေးရောဂါကြောင့် ခံစားရတဲ့ဝေဒနာ သက်သာစေတယ်လို့ သိတာကြောင့် ညနေပိုင်းမှာ အဆောင်ကို အုန်းသီးတစ်လုံး နေ့တိုင်းလာပို့ပေးပါတယ်။ ဒီအဆောင်မှူးဦးလေးက တရုတ်ဘာသာစကား မတတ်ပေမယ့် သူ့မျက်လုံးအမူအရာကနေ ချစ်ခင်ရင်းနှီးမှုကို ခံစားရပါတယ်”လို့ ဆရာမ ခန်ယုံက ပြန်လည်အောက်မေ့စွာ ပြောပြပါတယ်။ “မြန်မာနိုင်ငံမှာ ၃ နှစ်တာ ပညာရေးပို့ချမှုမှာ ကျွန်မကို ကူညီပေးတဲ့ လူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။ အဲဒီနွေးထွေးတဲ့အချိန်ဟာ ကျွန်မ ဘဝမှာ အဓိပ္ပာယ် အလွန် နက်ရှိုင်းတဲ့ ကာလပါ”လို့ ဆရာမ ခန်ယုံက လှိုက်လှိုက်လှဲလှဲ ပြောပြပါတယ်။
“ပညာရေးဟာ နှလုံးသားချင်း ဖလှယ်ရေးပါ။ ဆရာ၊ ဆရာမနဲ့ ကျောင်းသူကျောင်းသားတိုင်းဟာ တရုတ်-မြန်မာ ပြည်သူလူထုတို့ စိတ်နှလုံးချင်းနီးစပ်ဖို့ ဖော်ဆောင်တဲ့ လမ်းခရီးစဉ်မှာ ချစ်ကြည်ရေးသံတမန်တွေ ဖြစ်ကြပါတယ်။”တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၇၀)ပြည့်အခါသမယမှာ အနာဂတ်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူပြည်သားတို့ဟာ သိရှိနားလည်မှုကို မြှင့်တင်ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးလည်း ဒီထက်ပိုပြီး တည်တံ့ခိုင်မြဲပါစေလို့ ဆရာမ ခန်ယုံဟာ ယုံကြည်မျှော်လင့်မှုများစွာနဲ့ ဆုတောင်းပေးပါတယ်။
康泳(右)辅导缅甸学生(供图)
5月,正是缅甸圣德隆芒果飘香的季节。云南民族大学汉语国际教育专业的康泳老师收到了两大箱从缅甸寄来的芒果。“这些芒果是我在仰光的缅甸好友快递到昆明的,寄托着我们的深厚友谊。”品尝着芒果,康泳回忆起了在缅甸任教的3年时光。
异国任教 让她爱上缅甸
2017年1月17日,受缅甸外交部和教育部正式发函邀请,康泳来到了仰光外国语大学中文系,开始了人生中一段意义非凡的异国任教之旅。
“这是我第一次近距离地了解缅甸,3年的时光也让我深深地爱上了这个国家。”至今,康泳依然清晰地记得她第一天到仰光外国语大学外国专家公寓的场景,缅甸教师和学生都无比热情,还准备了丰盛的小吃欢迎她。
来到缅甸,康泳入乡随俗,主动向当地师生了解缅甸的文化习俗,以便更好地投入到教学工作中。
第一天上课,康泳特意穿了一套深蓝色的传统缅装,这让缅甸学生们倍感亲切。“我一直追求寓教于乐,所以课堂氛围比较轻松,学生们都很喜欢。”康泳说,当她发现学生进步时,还会请他们吃冰激凌或是送糖果作为奖励。“和缅甸学生接触越多,我对他们的学习状况也有了更深的了解。”康泳说,她经常和系里的其他老师一起交流学生的学习情况,并分享各自的教学经验。
“作为仰光外国语大学中文系唯一的外教,为了孩子们更好地学习中文,我需要付出更多努力。”康泳发现学生们使用的教材太老旧,就第一时间找到中文系主任杜恳美秋说明情况,并帮助他们更新教材。“有一个学期,我一周要上24节课,有时要从早上7点半一直上课到晚上才结束。”康泳说,那时她承担着《汉语演讲》《高级写作》等课程的教学任务,虽然很辛苦,但看到学生们有了较大的进步,内心既快乐又充实。
文化交流 以真心换真心
教育是文化交流的重要途径,对此,康泳深有体会。“在交流的过程中,举办各类中缅文化活动非常重要。”2017年6月、2018年11月、2019年10月,受中国驻缅甸大使馆邀请,康泳分别担任了缅甸第一、二、三届汉字英雄大擂台比赛评委,并代表评委做赛后点评。“每一次活动,我都会认真观看并作点评。”康泳表示,这不仅是对自己工作的负责,更是为中缅文化交流贡献绵薄之力。
“文化交流是民心相通的基石,可以达到‘以真心换真心’的效果。”在生活上,康泳非常注重与同事们相处的细节,在她看来,同事们以真心对自己,她也应该以真心回馈。“每次有老师生病,我都会第一时间去看望。平时买了好吃的食品,我也会邀请老师们一起分享。”在许多缅甸教师看来,康泳不仅是他们的同事,更是一位好朋友。
2019年11月,任期结束快要回国之前,康泳在去东枝做田野调查时感染了登革热。康泳说,帮助她战胜病痛的就是来自缅甸朋友的关心。“公寓宿管大叔听说椰子水对登革热疼痛的症状有所缓解,每天晚上,他都会送一个椰子到我的宿舍。大叔虽然不会中文,但从他的行动中,我能感受到他的真情实意。”康泳感动地说,“感谢每一位温暖过我的人,这是我人生中一段值得珍藏的岁月。”
在中缅建交70周年这个特殊的节点上,康泳希望:汉语教育中的每一位教师和学生,都成为促进中缅民心相通的友好使者。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့