မြန်မာပြည်တွင်း စက်သုံးဆီသုံးစွဲမှုနှုန်း ပြန်တက်၊ဈေးနှုန်း အတက်ဘက် ဦးတည်
2020-05-20 15:21|
မြန်မာနိုင်ငံအနှံ့အပြားတွင် အသွားအလာ ကန့်သတ်မှုများ ဖြေ့လျှော့ပြီးနောက် ပြည်တွင်းစက်သုံးဆီ သုံးစွဲမှုနှုန်း အနည်းငယ် ပြန်တက်လာခဲ့ပြီး ဈေးနှုန်းများလည်း အတက်ဘက်တွင် ဆက်လက်ရှိနိုင်ကြောင်း စက်သုံးဆီလုပ်ငန်းလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။
ကိုဗစ်ဂယက်ကြောင့် ကမ္ဘာ့အနှံ့အပြားတွင် စက်သုံးဆီဈေးနှုန်းများကျဆင်းနေခြင်းဖြစ်ပြီး ဧပြီလမှစတင်ကာ ပြည်တွင်းသုံးစွဲမှုနှုန်းလည်း လျော့နည်းလာခဲ့သည်။
“ပြည်တွင်း သုံးစွဲမှုက လက်ရှိမှာ ကိုဗစ်ရောဂါနည်းနည်းငြိမ်သွားတာကြောင့် ပြီးခဲ့တဲ့ နှစ်လကထက် သုံးစွဲမှုတွေပြန်တက်လာတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲမှာ ဈေးကွက်က မရှိသလောက်ဖြစ်သွားတယ်။ မနေ့ကဆို ဈေးကွက်ပြတ်လပ်မှု အထိဖြစ်သွားပြီး သိုလှောင်ထားတဲ့ ဆီတွေအကုန် ကုန်သလောက်ဖြစ်သွားတယ်”ဟု MK High Class Fuel Distribution ၏ CEO ဦးမင်းအောင်ခန့်က ဆိုသည်။
ယနေ့မေ၁၈ ရက် စက်သုံးဆီဆိုင်အချို့၏ လက်ကားရောင်းချသည့် ဈေးနှုန်းများမှာ ဒီဇယ်တစ်လီတာ ၄၇ဝ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ၄၈ဝ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၃၈ဝ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၅၀ဝ ကျပ်၊အောက်တိန်း ၉၇ တစ်လီတာ ၈၁ဝ ကျပ်ဖြင့် မေလ ဆန်းနောက်ပိုင်းတွင် ဈေးနှုန်းများပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။
“စက်သုံးဆီးဈေးနှုန်းကတော့ ကမ္ဘာ့ပေါက်ဈေး ဝယ်ယူရတဲ့ဈေးကို အခြေခံတွက်ချက်ရတာဖြစ်လို့၊ ပြည်တွင်းသုံးစွဲမှု တွေတက်လာလို့ဈေးတက်လာတာတော့မဟုတ်ဘူး။ ဈေးကွက်ပေါ်အခြေပြုတာဖြစ်လို့ ပြည်တွင်းပေါက်ဈေးက နိုင်ငံတကာဈေးအပေါ်မှာပဲမူတည်မယ် ”ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးသူများအသင်း ရုံးအဖွဲ့မှူး ဦးဝင်းမြင့်က မြန်မာတိုင်းမ်သို့ မှတ်ချက်ပြုသည်။
ပြည်တွင်းစက်သုံးဆီဈေးကွက်သည် မတ်လနှင့်ဧပြီလအတွင်းဝယ်လိုအား ကျဆင်းခဲ့သည်။Covid-19 ဂယက်ကြောင့် ကမ္ဘာ့ရေနံဈေးများ စံချိန်တင်ထိုးကျလာကာ နောက်ဆက်တွဲအနေဖြင့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများပါ ကျဆင်းလာခြင်းဖြစ်သည်။
မေ ၅ ရက်တွင် ပြည်တွင်းစက်သုံးဆီဆိုင်များ၏ ဈေးနှုန်းမှာ ဒီဇယ် တစ်လီတာ ၄၅ဝ ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ ၄၆ဝ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၃၁ဝ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၄၃ဝ ကျပ်၊အောက်တိန်း ၉၇ တစ်လီတာ ၇၆ဝ ကျပ်ဖြင့် ဧပြီလဈေးနှုန်းများအတိုင်း အကျဘက်တွင် ဆက်လက်ရပ်တည်ခဲ့သည်။
လက်ရှိတွင် ကမ္ဘာ့ရေနံထုတ်လုပ်မှု လျှော့ချခြင်းများရှိသော်လည်း ကမ္ဘာအနှံ့အပြားတွင် စက်သုံးဆီ သုံးစွဲမှု ပြန်လည်ရှိလာခြင်းကြောင့် ဈေးနှုန်းများ အတက်ဘက်၌ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်း လုပ်ကိုင်သူ အချို့က ခန့်မှန်းကြသည်။
Covid-19 မဖြစ်ခင်ကာလ၂ဝ၂ဝ ပြည့်နှစ်၊မတ် ၇ ရက်ထိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ အောက်တိန်း- ၉၂ တစ်လီတာ ကျပ် ၆၆ဝ၊ အောက်တိန်း- ၉၅ တစ်လီတာ ကျပ် ၇၈ဝ၊ ဒီဇယ်တစ်လီတာ ကျပ် ၇၂ဝ နှင့် ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၇၃ဝ ဖြင့် ရောင်းချခဲ့သည်။ (မြန်မာတိုင်းမ်နေ့စဉ်)
昆明信息港-彩云桥 记者文丽荣 据缅甸时报报道,缅甸国内燃油行业从业人员介绍,自当局在全国范围内逐步减少出行限制后,国内燃油使用频率小幅回升,价格也随之上涨。此外,虽然目前世界石油减产,但由于全球范围内燃油使用频率回升,预计价格还将继续上涨。
5月5日,国内加油站燃油价格为柴油450缅币/升、高级柴油460缅币/升、92号汽油310缅币/升、95号汽油430缅币/升、97号汽油760缅币/升,与4月基本持平。(注:本文所提价格均为批发价)
5月初期以后,油价开始回升。MK High Class Fuel Distribution 公司首席执行官吴敏昂康表示,目前由于疫情稍有好转,国内燃油销售量相比前两个月有所回升。虽然4月燃油市场基本零成交,但5月17日国内市场燃油供不应求,存储的燃油也基本售罄。部分加油站5月18日的批发价格为柴油470缅币/升、高级柴油480缅币/升、92号汽油380缅币/升、95号汽油500缅币/升、97号汽油810缅币/升。
缅甸燃油进口和分销商协会会长吴温敏称,燃油价格主要由世界市场价格决定,国内需求量增加,价格也不一定上涨。3月和4月,受新冠肺炎疫情影响,世界石油价格跌破记录,4月起缅甸国内燃油需求量有所下降,价格也随之下跌。
据悉,自新冠肺炎疫情爆发前至今年3月7日,国内燃油价格为92号汽油660缅币/升、65号汽油售价780缅币/升、柴油售价720缅币/升、优质柴油售价730缅币/升。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့