တရုတ် ကပ်ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့က မြန်မာ ကူညီခြင်း နေ့စဉ်မှတ်တမ်း

2020-04-22 16:51|Lancang-Mekong Party

1.webp

အဝေးရပ်က ကူညီပံ့ပိုးမှုတွေနဲ့အတူ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းလျက် ရှိနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) အဆုတ်ရောင်ရောဂါက မြန်မာနိုင်ငံမှာ ပျံ့နှံ့ကူးစက်လာတာ နဲ့အလျောက် တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေး ကော်မတီက ဖွဲ့စည်းပြီး ယူနန်ပြည်နယ်က ရွေးချယ်စေလွှတ်တဲ့ တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ မြန်မာနိုင်ငံကို အမြန်ဆုံး သွားရောက်ကူညီခဲ့တယ်။ တည်တံ့ခိုင်မြဲတဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး လက်ဆင့်ကမ်းခြင်းဖြင့် မြန်မာနိုင်ငံကို နွေးထွေးစေ ခဲ့ပါတယ်။ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေ အတွက် တရုတ်လူမျိုး အထူးသဖြင့် ယူနန်ပြည်နယ် နယ်သူနယ်သားတို့ဟာ မေတ္တာနဲ့ စေတနာတွေ ဆောင်ကြည်း လာပါတယ်။

640.webp (1)

ဧပြီလ ၈ ရက်နေ့ ရန်ကုန်

တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ဟာ မြန်မာနိုင်ငံ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့ကို အရောက်လာ ခဲ့ပါတယ်။ တရုတ်ဘက်က လှူဒါန်းတဲ့ ဓာတ်ခွဲစမ်းသပ်ခန်း Nucleic acid စစ်ဆေးခြင်း ကိရိယာ၊ ဓာတ်ခွဲစမ်းသပ်ပစ္စည်း၊ ဆေးဘက်ဆိုင်ရာ ကာကွယ်ရေးပစ္စည်းနဲ့ တရုတ်တိုင်းရင်းဆေးဝါး စတာတွေကိုလည်း တစ်ချိန်တည်းမှာ သယ်ဆောင်လာ ခဲ့ပါတယ်။ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေဟာ မြန်မာနိုင်ငံကို ရောက်ရောက်ချင်း များပြားလှတဲ့ အလုပ်တွေမှာ ဝိုင်းဝန်းဆောင်ရွက် ခဲ့ပါတယ်။ မြန်မာနိုင်ငံ ဆေးဘက်ဆိုင်ရာ အမှုထမ်းတွေနဲ့ ရင်ပေါင်တန်းပြီး အတူတကွ လုပ်ကိုင် ကြပါတယ်။

640.webp (3)

ဧပြီလ ၉ ရက်နေ့ ရန်ကုန်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ ကပ်ရောဂါတိုက်ဖျက်ရေး ဗီဒီယိုတိုင်ပင်ဆွေးနွေးပွဲကို ကျင်းပ ခဲ့ပါတယ်။ ရန်လီချွမ်၊ ဟန်ကွမ်ရင်း၊ တူရှောင်ဟွာနဲ့ ရှယ်ကျိန့် စတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တို့ဟာ မြန်မာနိုင်ငံ အခြေစိုက် တရုတ်လုပ်ငန်းအဖွဲ့အစည်းတွေ၊ မြန်မာပြည်ရောက် တရုတ်လူမျိုးတွေ၊ ပညာတော်သင် ကျောင်းသားကျောင်းသူတွေနဲ့ စေသနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေကို ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေး ဗဟိုသုတနဲ့ အသိပေးချက်တွေကို အလေးထား ရှင်းလင်းပြောပြ ခဲ့ပါသည်။ ဝန်ထမ်းများပြားတဲ့ လုပ်ငန်းအဖွဲ့ရဲ့ အဖွဲ့ဝင်တွေရဲ့ ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေး၊ မိုးရာသီမှာ ကပ်ရောဂါအပေါ် သက်ရောက်မှု၊ ပညာတော်သင်ကျောင်းသူကျောင်းသားတို့ ကြိုတင်ကာကွယ်ရေး၊ တရုတ်တိုင်းရင်းဆေးရဲ့ ကပ်ရောဂါခုခံတိုက်ဖျက်ရေးအပေါ် သက်ရောက်မှု စတဲ့ အကြောင်းအရာတွေ အပေါ် ကျွမ်းကျင်စွာ ဖြေဆိုပေး ခဲ့ပါတယ်။

640.webp (6)

ဧပြီလ ၁၀ ရက်နေ့ ရန်ကုန်

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေဟာ ရန်ကုန်အထွေထွေဆေးရုံနဲ့ မြောက်ဥက္ကလာပဆေးရုံ စတဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သွားရောက် ခဲ့ပါတယ်။ ဆေးကုသမှု၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ စီမံခန့်ခွဲမှု၊ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ စီမံအသုံးပြုမှု၊ အရေးပေါ် လူနာဆောင်၊ ကူးစက်မှုထိန်းချုပ်ခြင်းနှင့် စီမံခန့်ခွဲခြင်း စတာတွေကို လေ့လာကြည့်ရှု ခဲ့ပါတယ်။ ဒါ့အပြင် ကူးစက်ရောဂါဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို စူးစမ်းလေ့လာခဲ့တယ်။ မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲစမ်းသပ်ခန်းမှာ အလုပ်တွေကို ဆောင်ရွက် ခဲ့ပါတယ်။ မြန်မာဘက်နဲ့ ကပ်ရောဂါတိုက်ဖျက်ရေး အတွေ့အကြုံတွေကို မျှဝေပေး ခဲ့ပါတယ်။

640.webp (8)

ဧပြီလ ၁၄ရက်နေ့ မန္တလေး

တရုတ်နိင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ မန္တလေးမြို့ကို သွားရောက် ခဲ့ပါတယ်။ ဒေသရဲ့ ကိုရိနာဗိုင်းရပ်စ် (COVID-19) ခုခံတိုက်ဖျက်ရေး လုပ်ဆောင်မှုကို စူးစမ်းလေ့လာ ခဲ့ပါတယ်။ ၎င်းပညာရှင်တွေဟာ မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မန္တလေးပြည်သူ့ဆေးရုံကြီး စတဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေကို သွားရောက် ခဲ့ပါတယ်။ မန္တလေးပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)က လက်ရှိ အဆင့်မြှင့်တင် ပြောင်းလဲနေတဲ့ ဓာတ်ခွဲစမ်းသပ်ခန်းကို ကြည့်ရှု ခဲ့ပါတယ်။ မြန်မာတိုင်းရင်းဆေးတက္ကသိုလ်မှာ ဖလှယ်ရေးနှင့် သင်တန်းပို့ချခြင်းတွေကို ပြုလုပ် ခဲ့ပါတယ်။

640.webp (9)

ဧပြီလ ၁၅ ရက်နေ့ မန္တလေး

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ မန္တလေးဆေးတက္ကသိုလ်မှာ မြန်မာနိုင်ငံက ဆေးဘက်ဆိုင်ရာ ပညာရှင်တွေနဲ့ ဆွေးနွေးဖလှယ် ခဲ့ကြပါတယ်။ PowerPoint ဖြင့် ဆေးကုသမှု အတွေ့အကြုံတွေကို ၎င်းမြန်မာပညာရှင်တွေ နဲ့အတူ မျှဝေ ပေးခဲ့ပါတယ်။

640.webp (10)

ဧပြီလ ၁၆ ရက်နေ့ နေပြည်တော်

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ နေပြည်တော်မြို့မှာ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ကပ်ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေကို ဆွေးနွေးဖလှယ် ခဲ့ပါတယ်။ မြန်မာနိုင်ငံတိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဆေးဘက်ဆိုင်ရာဌာနများက ကိုယ်စားလှယ်တွေဟာ ဗီဒီယိုဖြင့် တရုတ်ကျွမ်းကျင်ပညာရှင်အဖွဲ့ကို မေးမြန်း ခဲ့ပါတယ်။ တရုတ်ကျွမ်းကျင်ပညာရှင်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ရန်လီချွမ်ဟာ မြန်မာနိုင်ငံမှာ သွားရောက်စုံစမ်းလေ့လာမှုနဲ့ မြန်မာဘက်နဲ့ ပူးပေါင်းပြီး ကပ်ရောဂါတိုက်ဖျက်ရေး ဆောင်ရွက်မှု အခြေအနေတွေကို မိတ်ဆက်ပေး ခဲ့ပါတယ်။ ကပ်ရောဂါခုခံတိုက်ဖျက်ရေး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ ဆေးကုသကယ်ဆယ်ရေး၊ ဆေးရုံကူးစက်မှုထိန်းချုပ်ခြင်းနဲ့ တရုတ်တိုင်းရင်းဆေးဖြင့် ကုသခြင်း စတာတွေနဲ့ပတ်သက်ပြီး အကြံပြုချက်တွေကို တင်ပြ ခဲ့ပါတယ်။

640.webp (12)

ဧပြီလ ၁၈ ရက်နေ့ ရန်ကုန်

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ ဝေဘာဂီဆေးရုံကို သွားရောက် ခဲ့ပါတယ်။ ၎င်းဆေးရုံက ဆေးဘက်ဆိုင်ရာအမှုထမ်းတွေ နဲ့အတူ အတည်ပြုလူနာနဲ့ ၎င်းတို့ရဲ့ ဆေးကုသနည်းတွေကို ဆွေးနွေးဖလှယ် ခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ အမှုထမ်းတွေကို လူနာထိတွေ့ခြင်း၊ ပြုစုစောင့်ရှောင့်ခြင်း နဲ့ပတ်သက်ပြီး သင်တန်းပို့ချ ပေးခဲ့ပါတယ်။ တရုတ်ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ တစ်ချိန်တည်းမှာ ယင်းဆေးရုံကို ကပ်ရောဂါ တိုက်ဖျက်ကာကွယ်ရေးပစ္စည်းများကို လှူဒါန်း ပေးခဲ့ပါတယ်။

640.webp (13)

ဧပြီလ ၁၉ ရက်နေ့ ရန်ကုန်

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ ဖောင်ကြီးဆေးရုံ (ယာယီ)ကို သွားရောက်ပြီး ကပ်ရောဂါတိုက်ဖျက်ကာကွယ်ရေးပစ္စည်းများ လှူဒါန်းပေး ခဲ့ပါတယ်။ ယင်းဆေးရုံက သက်ဆိုင်ရာ တာဝန်ရှိသူနဲ့ ဆွေးနွေးဖလှယ် ခဲ့ပါတယ်။

640.webp (14)

ဧပြီလ ၂၂ ရက်နေ့ ရန်ကုန်-ကူမင်း

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ကူညီပံ့ပိုးမှု တာဝန်တွေကို အောင်မြင်စွာ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့ကနေ ယူနန်ပြည်နယ် ကူမင်းမြို့ကို ပြန်လည်ရောက်ရှိပါတယ်။

640.webp (15)

၁၄ ရက်တာအချိန်ကာလမှာ တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် စတဲ့ နေရာတွေကို သွားရောက်စူးစမ်း ခဲ့ပါတယ်။ လက်တွေ့လေ့လာ ပြီးနောက် ဒေသရဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းကို တိတိကျကျ ဖော်ဆောင်နိုင်တဲ့ အကြံပြုချက်တွေကို တင်ပြ ခဲ့ပါတယ်။ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေဟာ နားလည်တတ်ကျွမ်းပြီး စေတနာရှိတဲ့ မျှဝေမှုတွေနဲ့ မြန်မာနိုင်ငံအစိုးရ၊ ဆေးဘက်ဆိုင်ရာ အမှုထမ်း၊ ပြည်သူပြည်သားတို့ရဲ့ အသိအမှတ်ပြုမှုနဲ့ ဂုဏ်ပြုချီးမြှင့်ခြင်းကို တော်တော်များများ ရရှိ ခဲ့ပါတယ်။

640.webp (16)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်။။

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ အဝေးရပ်က မြန်မာနိုင်ငံကို အမြန်ဆုံး လာရောက် ကူညီပံ့ပိုးပါတယ်။ ဂုဏ်ယူသင့်တဲ့ ကောင်းကင်တမန်တွေပါ။ တရုတ်-မြန်မာ နှစ်နိုင်ငံတို့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနဲ့ အေးအတူပူအမျှ ကံကြမ္မာအသိုင်းအဝန်းကို ထင်ဟပ်ဖော်ပြ နေပါတော့တယ်။

640.webp (17)

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေး။။

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ မြန်မာနိုင်ငံ ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းရာမှာ အချိန်မီ ကူညီပံ့ပိုးပေးခြင်း နဲ့အတူ မြန်မာ-တရုတ် နှစ်နိုင်ငံတို့ ချစ်ခင်ရင်းနှီးတဲ့ ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရေးကို လက်ဆင့်ကမ်း လိုက်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့က တင်ပြတဲ့ အကြံပြုချက်ကို နိုင်ငံတစ်ဝှမ်းမှာ ကျင့်သုံးပါမယ်။ တရုတ်နိုင်ငံနဲ့ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

640.webp (18)

မြန်မာနိုင်ငံ အင်တာနက်စာဖတ်ပရိသတ် လင်းဆောင်ထွေး။။

တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကို ကျေးဇူးတင် ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံစလုံး အခက်အခဲမှ လွတ်မြောက်အောင်မြင်ပါစေ။ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကမ္ဘာတည်သ၍ အဓာန့်ရှည်ပါစေ။

တရုတ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကို အတူ ဂုဏ်ပြုချီးကျူးပြီး သူတို့ရဲ့ အိမ်အပြန်ကို ကြိုဆိုလိုက်ကြရအောင်။

1.webp

千里驰援,胞波情深。随着新冠肺炎疫情在缅甸蔓延,由中国国家卫生健康委员会组建,云南省选派的中国抗疫医疗专家组火速“逆行”,前往缅甸支援,用“胞波深情”温暖缅甸,向缅甸人民传递中国人民特别是云南人民的友谊和关爱。

640.webp (1)

48日 仰光

中国抗疫医疗专家组抵达缅甸最大城市仰光,中方捐赠的一批实验室核酸检测仪器设备、试剂和耗材、医疗防护物资及中西药品等同机抵达。中国专家们在抵达当地后就立即投入到繁忙的工作中,和缅甸医疗卫生工作者并肩战斗。

640.webp (3)

49日 仰光

受中国驻缅甸大使馆邀请,中国抗疫医疗专家组举行了防疫视频座谈。杨丽娟、韩广营、杜晓华、谢健等专家组成员向驻缅中资机构、华侨华人、留学生和志愿者教师代表重点讲解了新冠肺炎防护知识和注意事项,并就劳动密集型企业员工防疫、雨季对疫情影响、留学生群体防护、中医在疫情防控中的作用等问题予以专业解答。

640.webp (6)

410日 仰光

中国抗疫医疗专家组成员赴仰光综合医院和北奥卡拉帕医院等医疗机构,调研和了解医疗救治、医护人员配备、医疗资源配置和利用、重症病房设置、感染控制与管理等情况,并进行流行病学调查;在缅甸国家卫生实验室开展工作,与缅方分享防疫抗疫经验。

640.webp (8)

414日 曼德勒

中国抗疫医疗专家组抵达曼德勒,对当地新冠疫情防控工作进行调研。中方专家走访了曼德勒省卫生局、曼德勒人民医院等医疗机构,参观了曼德勒公共卫生实验室(PHL)正在进行改造的实验室,并在缅甸传统医药大学开展了交流培训。

640.webp (9)

415日 曼德勒

中国抗疫医疗专家组在曼德勒医科大学与缅方医学专家座谈,并通过PPT向他们分享了治疗经验。

640.webp (10)

416日 内比都

中国抗疫医疗专家组在内比都同缅甸卫生与体育部进行防疫工作交流,缅甸各省邦卫生部门代表通过视频同专家组问答。专家组组长杨丽娟介绍了在缅甸走访调研及与缅方合作抗疫情况,就疫情防控、实验室检测、医疗救治、医院感染控制和中医药救治等提出工作建议。

640.webp (12)

418日 仰光

中国抗疫医疗专家组前往维巴基医院,和院方交流讨论了确诊病例和其诊疗方案,并对医护人员进行了感控及护理培训。同时,专家组还为该院捐赠了一批防护物资。

640.webp (13)

419 仰光

中国抗疫医疗专家组前往 Paung Gyi hospital 捐赠了一批防护物资,并和院方相关负责人进行了交流座谈。

640.webp (14)

422日 仰光—昆明

中国抗疫医疗专家组圆满完成在缅甸的援助任务,从仰光启程返回云南昆明。

640.webp (15)

14天,中国抗疫医疗专家组接连走访了缅甸仰光、曼德勒和内比都等地,并在实地调研后,对当地新冠疫情防控工作提出切实可行的建议。专家组成员通过专业而真诚的分享,受到了缅甸政府、医疗同行和广大民众认可和赞誉。

640.webp (16)

中国驻缅甸大使陈海

中方专家组千里驰援缅甸,是名副其实的“逆行天使”,体现了中缅胞波情谊和命运共同体精神。

640.webp (17)

缅甸卫生与体育部部长敏推

中方专家组在缅甸应对疫情最需要的时候雪中送炭,体现了缅中深厚的胞波情谊。缅方将在全国推行专家组建议,并加强与中方的抗疫合作。

640.webp (18)

缅甸网友林奥推

感谢中国专家!希望缅中两国共克时艰,胞波友谊长青。

为“逆行天使”们点赞,欢迎他们回家!

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်