တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုပညာရှင် အဖွဲ့သည် ကူမင်းမြို့မှ မြန်မာနိုင်ငံသို့ ထွက်ခွာသွား

2020-04-08 14:43|Lancang-Mekong Party

untitled

မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ ဧပြီလ ၈ ရက်နေ့တွင် တရုတ်အစိုးရမှ မြန်မာနိုင်ငံ Covid-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်း၌ သွားရောက်ကူညီမည့် အဖွဲ့ဝင် ၁၂ ဦးပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုပညာရှင် အဖွဲ့သည် China Eastern Airlines မှ အထူးလေယာဉ်ဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ထွက်ခွာသွားပါကြောင်း သတင်းအရ သိရပါသည်။

1

2

အဆိုပါ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ပညာရှင်အဖွဲ့သည် တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေး ကော်မရှင်မှ ဖွဲ့စည်းခဲ့ပြီး ယူနန်ပြည်နယ်မှ ရွေးချယ်စေလွှတ်ခြင်း ဖြစ်ပါသည်။ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံအတွက် နက်ရှိုင်းသော ချစ်ကြည်ရင်းနီးမှုကို ဖော်ဆောင်၍ ပညာရှင်အဖွဲ့နှင့်အတူ လှူဒါန်းထားသော တရုတ်ယွမ်ငွေ ၄.၃၄ သန်း (ဒေါ်လာ ၆.၁၄ သိန်း) တန်ဖိုးရှိ ရောဂါ စစ်ဆေးစမ်းသပ်ရေး ပစ္စည်းကိရိယာများ၊ ဆေးဘက်သုံး N95 နှာခေါင်းစည်း ၈၅၀၀ ခု၊ ဆေးဘက်သုံး တစ်ခါသုံး နှာခေါင်းစည်း ၆၀၀၀၀ ခု၊ PPE ကာကွယ်ရေးဝတ်စုံ ၅၅၀၀ နှင့် တရုတ်တိုင်းရင်းဆေးပါရှိသော ဆေးဝါးများကိုလည်း ပါဝင်သည်။

3

4

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု ပညာရှင်အဖွဲ့ဝင်များမှာ ယူနန်ပြည်နယ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (Yunnan Center for Disease Control and Prevention)၊ ကူမင်းဆေးတက္ကသိုလ် တွဲဘက်ဆေးရုံ (အမှတ် ၁)၊ ယူနန်ပြည်နယ် တရုတ်တိုင်းရင်းဆေးရုံတို့မှ ဖြစ်ပြီး အသက်ရှူခြင်း၊ ရောဂါကူးစက်ခြင်း၊ ပြင်းထန်ရောဂါကုသခြင်း၊ လူနာပြုစုခြင်း၊ စစ်ဆေးစမ်းသပ်ခြင်း၊ တရုတ်တိုင်းရင်းဆေး စသည့် နယ်ပယ်မှ ကျွမ်းကျင်သူများ ပါဝင်ဖွဲ့စည်းထားကြောင်း သတင်းအရ သိရပါသည်။

untitled

应缅甸政府邀请,4月8日,中国政府赴缅甸抗疫医疗专家组一行12人乘坐东航包机从昆明出发前往缅甸仰光。

1

2

此次中国政府赴缅甸抗疫医疗专家组由国家卫生健康委员会组建,云南省选派。为体现云南对缅甸的深情厚谊,专家组一行携带价值434万元的抗疫捐赠物资一同前往,包括检测设备和试剂等,同时还包括8500只医用N95口罩、6万只一次性医用口罩、5500套医用防护服等医疗防护物资及一批中西药品。

3

4

专家组成员来自云南省疾控中心、昆明医科大学第一附属医院、省中医医院,专业领域涵盖呼吸、感染、重症、护理、检验、中医等。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်