အာဆီယံအစားအစာ ပွဲတော်တွင် မြန်မာ့ရိုးရာ အစားအစာ ၁၀၀ ခန့် ပြသမည်

2019-08-09 14:45|၇ ရက်နေ့စဉ်သတင်း

မန္တလေး၌ ယခုလအ တွင်း ပြုလုပ်မည့် အာဆီယံအ စားအစာပွဲတော် (၂၀၁၉) တွင် မြန်မာ့ရိုးရာအစားအစာအမျိုးအ စား ၁၀၀ ခန့်ပါဝင်ပြသမည်ဖြစ် ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ဒုညွှန်ကြား ရေးမှူးချုပ်ဦး အောင်အေးဟန်က ပြောသည်။

‘‘ဒီရာသီက မိုးရာသီဖြစ်တဲ့ အတွက် ခရီးသွားဧည့်သည်က အထိုက်အလျောက် နည်းလေ့ရှိ ပါတယ်။ အဓိကရည်ရွယ်ချက်က တော့ မြန်မာ့ရိုးရာအစားအစာ တွေ တိမ်မြုပ်ပျောက်ကွယ်မ သွားအောင်၊ ဒီအစားအစာတွေ ကို ဆက်လက်ထိန်းသိမ်းနိုင် အောင်ဆောင်ရွက်ခြင်းနဲ့ ခရီး သွား ဧည့်သည်တွေကိုပါ ဆွဲ ဆောင်နိုင်ဖို့ ဒီပွဲကို ပြုလုပ်ရ တာပါ’’ ဟု ဦးအောင်အေးဟန်က ပြောသည်။

ယင်းပွဲတော်ကို သြဂုတ် ၁၇ ရက်နှင့် ၁၈ ရက်တွင် မန္တလေး မြို့ Convention Centre ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းရှိ ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ စားသောက်ဆိုင်လုပ်ငန်း ရှင်အသင်းများက ရိုးရာအစားအစာများ ပါဝင်ပြသမည်ဖြစ်သည်။

ထို့အပြင် အာဆီယံ + ၄ နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံ တို့မှ ရိုးရာအစားအစာများကိုပါ တစ်နေရာတည်းတွင် လေ့လာ မြည်းစမ်းနိုင်မည့် အစားအစာပွဲ တော်ဖြစ်စေရန်လည်း စီစဉ်ထား ကြောင်း ၎င်းကပြောသည်။

‘‘အာဆီယံဒေသတွင်း နိုင်ငံ တွေနဲ့မြန်မာနိုင်ငံအကြားမှာ အ စားအသောက်တွေကို ဖော်ထုတ် ပြသမယ့်ပွဲတော် တစ်ခုဖြစ်ပါ တယ်။ အဓိကကတော့ မြန်မာ ကနေဦးစီးကျင်းပတဲ့အတွက် မြန်မာ့ရိုးရာ အစားအစာတွေက ပိုပြီးများမှာဖြစ်ပါတယ်။ မြန်မာ့ အစားအစာတွေကို အာဆီယံနဲ့ နိုင်ငံတကာကို ဖော်ထုတ်ပြသတဲ့ သဘောပါ’’ ဟု မြန်မာနိုင်ငံစား သောက်ဆိုင် လုပ်ငန်းရှင်များအ သင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦး သင်္ကြန်ကျော်ကပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ ရိုးရာအစားအစာများ ဖော် ထုတ်ပွဲတော်ကို ၂၀၁၈တွင် ပုဂံရှိ လောကနန္ဒာဘုရား၌ ကျင်းပခဲ့ပြီး ယခုနှစ်သြဂုတ်တွင် အာဆီယံနိုင်ငံများပါ ပူးပေါင်း ပါဝင်နိုင်မည့်ပွဲတော်တစ်ခုအနေ ဖြင့် မန္တလေးမြို့၌ ကျင်းပရန်စီစဉ်ခြင်းဖြစ်သည်။

အာဆီယံ အစားအစာပွဲ တော် ၂၀၁၉ တွင် အာဆီယံ + ၄ နိုင်ငံများမှ အစားအစာပြခန်း ၁၁၀ ကျော်နှင့် မြန်မာ့ရိုးရာအ မှတ်တရ ပစ္စည်းအရောင်းပြခန်း ၃၀ ကျော်ပါဝင်ပြသမည့်အပြင် ဒေါင်းလန်းကြီးများဖြင့် မြန်မာ့ရိုး ရာအစားအသောက်များကို စား သောက်မှု ပုံစံများလည်း သရုပ် ဖော်ပြသမည်ဖြစ်သည်။


昆明信息港讯 彩云桥记者金玉 8月8日,据缅甸《七日新闻》报道, 2019东盟美食节(下称“美食节”)将于17至18日在曼德勒会展中心举行,届时缅甸14个省邦美食家将携100余种传统美食出席。

缅甸酒店与旅游部部长吴昂埃汉透露,举办美食节旨在传承缅甸传承缅甸传统美食文化。此外,缅甸目前正处雨季,游客稀少,希望通过美食节吸引更多游客赴缅旅行。本次美食节上,还可品尝中国、日本、印度、韩国等国家的传统美食。

“本次美食节将展出缅甸及其他东盟国家美食。”缅甸酒店业协会曼德勒区主席吴丁江觉直言,缅甸作为主办方,展会将以缅甸美食为主,向东盟各国展示更多传统美食。

据了解,缅甸酒店与旅游部2018年已在蒲甘成功举办过一届缅甸传统美食节。2019年,缅甸号召其他东盟国家共同在曼德勒举办美食节。本次美食节计划设110余个美食展位,30余个传统纪念品展位。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်