ကူမင်းမြို့ ပတ်လည်းနားမှာ စနေတနင်္ဂနွေနေ့မှာ လည်ပတ်နိုင်သော နေရာများကို ထောက်ခံအကြံပေး
2019-06-28 10:37|
User ထွန်းထွန်း၏မေးခွန်း။ မင်္ဂလာပါ။ ကျွန်တော်က မြန်မာနိုင်ငံ မန္တလေးမြို့က လာတာပါ၊ ယာယီအလုပ်တာဝန် သွားထမ်းဆောင်ဖို့ ကူမင်းမြို့ကို လောလောဆယ် ရောက်မယ်၊ ကူမင်းမြို့ ပတ်လည်းနားကို စနေတနင်္ဂနွေနေ့မှာ တာတိုခရီးလာလည် ချင်ပါတယ်၊ အကြံပေး ပါရစေ။
အယ်ဒီတာ၏အဖြေ။ မင်္ဂလာပါ။ ကူမင်းမြို့နှင့် ပတ်လည်းနားမှာ သွားလည်လို့ ကောင်းမွန်လှပတဲ့ နေရာ များပါတယ်၊ ကျွန်မက အကောင်းဆုံး တာတိုခရီးစဉ် လမ်းကြောင်းများကို ပြောပြမယ်။
၁။ ဖူရှန်းကန်
ဖူရှန်းကန်က ယူနန်ပြည်နယ်မှာ အပန်းဖြေ၊ ခရီးသွားလာဖို့ အရေးကြီးတဲ့ နေရာ ဖြစ်ပါတယ်။ အဲဒီနေရာက ကူမင်းမြို့နဲ့ နီးပါတယ်၊ တာတိုခရီးစဉ်ရဲ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်နိုင်ပါတယ်။ ကူမင်းတောင်ပိုင်း ကားဂိတ်ကို ရောက်ပြီးတော့ ကားနဲ့ သွားနိုင်ပါတယ်၊ (၂)နာရီလောက် လိုပါတယ်။
၂။ မီလယ်ခရိုင်
မီလယ်ခရိုင်က အသကအ်ငယ်ဆုံးတဲ့ မြို့ပြကို လို့ခေါ်ပါတယ်၊ ပေါများကြွယ်ဝတဲ့ ရေပူစမ်း သယံဇာတပစ္စည်းနဲ့ ကောင်းမွန်တဲ့ ရာသီဥတု ပတ်ဝန်းကျင်များကြောင့် ကူမင်း မြို့သူမြို့သားများရဲ့ အပန်းဖြေရန် နေရာကောင်း ဖြစ်လာပါတယ်။ အခု၊ ကူမင်းမြို့က မီလယ်ခရိုင်ကို တိုက်ရိုက် မြန်နှုန်းမြင့်ရထား ရှိပါတယ်၊ လျင်မြန်ပြီး လုံခြုံပါတယ်၊ ခရီးစဉ်က (၃၄)မိနစ်ဘဲ လိုပါတယ်။ ကူမင်းတောင်ပိုင်း ဘူတာရုံကို ရောက်ပြီး အဲဒီ မြန်နှုန်းမြင့်ရထားကို စီးနိုင်ပါတယ်။
၃။ ရှီးစမ်းတောင်
ရှီးစမ်းတောင်က ကူမင်းမြို့ အနောက်ဘက် ဆင်ခြေဖုံးရပ်ကွက်မှာ တည်ရှိပြီး စနေတနင်္ဂနွေနေ့မှာ ခရီးသွားလည်ဖို့ သင့်တော်ပါတယ်။ တောင်တက်ပါတယ်၊ လယ်သမားအိမ်မှာ အထူးဟင်းလျားစားပါတယ်၊ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း စေနိုင်ပါတယ်။ မြို့တွင်းရပ်ကွက်က ဘတ်စ်ကားနံပါတ် (၅၄)၊ (၆၆)၊ (၁၁၆)၊ (၁၈၁)၊ (၁၈၅)၊ (C8) စတာတို့နဲ့ မြမ်စမ်းကားဂိတ်ကို ရောက်ပြီးတော့ ဘတ်စ်ကားနံပါတ်(၆)နဲ့ ကောင်းရောင် (ရှီးစမ်းတောင်ခြေ)ကို ရောက်နိုင်ပါတယ်။
网友吞吞提问:你好,我来自缅甸曼德勒,近期将到昆明出差,想趁着周末,在昆明周边进行一次短途旅游,请贵网站帮忙推荐。
小编解答:您好,昆明及周边州市有很多不错的地方,下面我为你介绍几条适合短途旅行的路线,以供参考。
1.抚仙湖
抚仙湖是是云南省重要的休闲、旅游、度假目的地。且距离昆明不远,适合短途旅行。您可到昆明南部汽车客运站乘车前往,车程约为2小时。
2.弥勒
弥勒被称为“最年轻的城市”依托丰富的温泉资源和良好的气候环境,日益发展成为昆明人的度假胜地。目前,昆明有直达弥勒的高铁,快速且安全,34分钟即可到达。您可前往昆明南站乘坐高铁。
3.西山
西山位于昆明西郊,适合周末出游,爬爬山,吃吃农家乐,也是可以身心愉悦。
从市区乘坐54/66/116/181/185/C8等线路抵达岷山车场后换乘6路公交就可抵达高尧(西山脚下)。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့