China Eastern လေကြောင်းလိုင်းက ရန်ကုန်-ရှန်ဟိုင်းခရီးစဉ် စတင်ပြေးဆွဲ
2019-06-20 17:35|
ယခုနှစ်အတွင်း မြန်မာ -တရုတ်နှစ်နိုင်ငံအကြား ခရီး သည် သုံးသိန်းခြောက်သောင်းခန့် ကို ၀န်ဆောင်မှုပေးရန် ခန့်မှန်း ထားကြောင်း China Eastern လေကြောင်းလိုင်းက ထုတ်ပြန် သည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အကြား ကိုးခုမြောက်ခရီးစဉ်အ ဖြစ် ရှန်ဟိုင်း-ရန်ကုန်တိုက်ရိုက် လေကြောင်းခရီးစဉ်ကို China Eastern လေကြောင်းလိုင်းက ဇွန်လ ၁၉ ရက်တွင် စတင်ပျံသန်း ခဲ့သည်။
အဆိုပါလေကြောင်းလိုင်း သည် Airbus 320 အမျိုးအစား လေယာဉ်ကို အသုံးပြု၍ ရန်ကုန် -ရှန်ဟိုင်းတိုက်ရိုက်ခရီးစဉ်ကို ပျံ သန်းခြင်းဖြစ်ပြီး တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းမည်ဖြစ်သည်။ အ ဆိုပါလေကြောင်းလိုင်းသည် မန္တ လေး-ရှန်ဟိုင်းခရီးစဉ်ကို ဇန်န၀ါ ရီ ၃ ရက်တွင် စတင်ပျံသန်းခဲ့သည့် နောက် ရန်ကုန်သို့ တိုးချဲ့ပျံသန်း ခဲ့ခြင်းဖြစ်သည်။
ရှန်ဟိုင်း-ရန်ကုန်ခရီးစဉ် သည် အင်္ဂါ၊ ကြာသပတေး၊ စနေ ဖြစ်ပြီး ရန်ကုန်-ရှန်ဟိုင်းခရီးစဉ် သည် ဗုဒ္ဓဟူး၊ သောကြာ၊တနင်္ဂနွေ ဖြစ်သည်။ ခရီးစဉ်ကြာမြင့်ချိန် လေးနာရီနှင့် မိနစ်၅၀ ဖြစ်သည်ဟု China Eastern လေကြောင်းလိုင်းက ထုတ်ပြန်သည်။
China Eastern လေကြောင်းလိုင်းသည် ကူမင်း - မန္တလေး၊ ကူမင်း - ရန်ကုန်၊ ကူမင်း - နန်နင်း - ရန်ကုန်၊ ဘီဂျင် - ကူမင်း - နေပြည်တော်၊ ရှန်ဟိုင်း - မန္တလေး၊ ဟူးဟန် (Hohhot) ကူမင်း - ရန်ကုန်၊ ဝူဟမ် - ရန်ကုန်၊ ဝူဟမ် - မန္တလေး စသည့် ခရီးစဉ်များ ပျံသန်းနေပြီး ယခုစတင်ပျံသန်းသည့် ရှန်ဟိုင်း - ရန်ကုန် ခရီးစဉ်သည် ကိုးခုမြောက် ပျံသန်းသည့် ခရီးစဉ် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ရှန်ဟိုင်းခရီးစဉ်ကို Spring လေကြောင်းလိုင်းက ဇူ လိုင်အတွင်း ပြေးဆွဲရန်ရှိသည်ဟု China Global Television Network သတင်းဌာနက ဇွန်လအ တွင်း ဖော်ပြခဲ့သည်။ အဆိုပါလေ ကြောင်းလိုင်းသည် ရှန်ဟိုင်း-ရန်ကုန်ခရီးစဉ်ကို တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူးနှင့်သောကြာနေ့တို့တွင်ပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်-ရှန်ဟိုင်းခရီးစဉ်ကို တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် စနေတွင် ပျံသန်းမည်ဟု ဖော်ပြထားသည်။
ဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနသည် ၂၀၁၈ အောက်တိုဘာ ၁ ရက်ကစတင် ကာ တရုတ်နိုင်ငံသားများကိုဗီဇာ ဖြေလျှော့ပေးခဲ့သည့်နောက် တ ရုတ်နိုင်ငံအခြေစိုက်လေကြောင်း များ မြန်မာနိုင်ငံတွင် တိုးချဲ့ပျံ သန်းခဲ့သည်။
昆明信息港-彩云桥 记者文丽荣 据缅甸《七日新闻》《十一新闻》报道,6月19日,中国东方航空(以下简称“东航”)正式开通上海—仰光直飞航线。该航线开通后,预计年内将服务中缅游客约36万人次。
上海—仰光直飞航线由空客A320执飞,每周三班,二、四、六从上海始发,三、五、七从仰光始发,飞行时长4小时50分钟。
目前,东航已开通昆明—曼德勒、昆明—仰光、昆明—南宁—仰光、北京—昆明—内比都、上海—曼德勒、呼和浩特—昆明—仰光、武汉—仰光、武汉—曼德勒8条航线连接中缅两国,此次开通的上海—仰光直飞航线是东航开通的第9条中缅两国间航线,也是1月3日上海—曼德勒航线开通后,东航公司开通的又一条连接中国上海与缅甸的航线。
另据中国国际电视台6月报道,春秋航空公司7月将开通仰光—上海航线。该航线每周一、三、四、七从上海始发,周一、二、四、六从仰光始发。
自2018年10月1日,缅甸酒店和旅游部对中国游客实施落地签政策后,中国航空公司不断扩开缅甸航线。
အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့