ဒုတိယအကြိမ် မြစ်ကြီးနား ကျောက်မျက်ပြပွဲကို မေလသို့ ရွှေ့ပြောင်း ကျင်းပမည်

2019-04-25 11:16|၇ရက်နေ့စဉ်သတင်းစာ

ကျပ်ငွေဖြင့် ပြသရောင်းချမည့် ဒုတိယအကြိမ် မြစ်ကြီးနားကျောက်မျက်ပြပွဲကို ဧပြီအတွင်း ကျင်းပရန် စီစဉ်ထားရာ မှ မေလသို့ ပြောင်းရွှေ့စီစဉ်ခဲ့ သည်ဟု မြန်မာနိုင်ငံ ကျောက် မျက်ရတနာ လုပ်ငန်းရှင်များအ သင်း အတွင်းရေးမှူး ဦးသောင်း ထွန်းက ပြောသည်။

‘‘မြစ်ကြီးနားမှာ ပထမတုန်း ကတော့ ဒီလထဲမှာ လုပ်ဖို့ အစီ အစဉ်။ ဒါပေမဲ့ အဲဒါကို ပြောင်း သွားပြီးတော့ ငါးလပိုင်းထဲမှာ လုပ်မယ်ဆိုပြီးတော့ ပြောင်းသွား တယ်။ ငါးလပိုင်းထဲမှာတော့ လုပ်မယ်။ ရက်အတိအကျကိုတော့ နောက်မှ ပြန်ကြေညာပေးမယ်’’ ဟု ဦးသောင်းထွန်းက ဆိုသည်။

ယင်းသို့ ပြောင်းရွှေ့စီစဉ်ရ သည့်အကြောင်းရင်းကို ၎င်းက ထည့်သွင်း ပြောကြားခြင်း မရှိပေ။

ပထမအကြိမ်ထက် ယခု ဒုတိယအကြိမ် ပြပွဲတွင် ပိုမိုရောင်းချနိုင်မည်ဟု မျှော်မှန်းထား ကြောင်း ၎င်းက ပြောသည်။

ကချင်ပြည်နယ် ကျောက် မျက်ရတနာလုပ်ငန်းရှင်များအ သင်း (မြစ်ကြီးနား)က ဦးစီးကျင်း ပသော ပထမအကြိမ် ကျောက် မျက်ရတနာ အရောင်းပြပွဲကို ၂၀၁၈ မတ်လ ၂၆ ရက်က စ၍ ငါး ရက်ကြာ ကျင်းပခဲ့သည်။

ထိုပြပွဲတွင် ကျောက်မျက် ရတနာပြခန်း ၂,၀၀၀ ကျော် ခင်း ကျင်းပြသပြီး ပြည်နယ် အစိုးရ ခွင့်ပြုချက်အရ C နှင့် D အဆင့်ရှိ ကျောက်စိမ်းအရိုင်းတုံးများအ ပါအဝင် လက်ဝတ်ရတနာအချော ထည်များ၊ ပယင်းများ ပြသရောင်း ချခဲ့သည်။

အဆိုပါပြပွဲတွင် ရောင်းချခဲ့ ရသည့် ကျောက်စိမ်းအရိုင်းထည် များကို ပြည်ပသို့ သယ်ယူခွင့်ပေး မထားဘဲ လက်ဝတ်ရတနာ အ ချောထည်များသာ ပြည်ပသယ် ဆောင်ခွင့်ပြုခဲ့သည်။

ထို့အပြင် ကျောက်မျက် ရောင်းရငွေ၏ ၂ ရာခိုင်နှုန်းကို ပြပွဲကျင်းပရေးကော်မတီက အ ခွန်ကောက်ခံခဲ့သည်။ (By ပိုင်စိုးသူ)

昆明信息港-彩云桥 记者文丽荣 据缅甸《七日新闻》报道,原定于4月举行的第二届缅甸密支那珠宝展将延期至5月举行,具体时间将随后公布。据悉,本届展会使用缅币进行交易,预计销售额将超过上一届。

2018年5月26日,密支那第一届珠宝展举行。本次珠宝展为期5天,共设展位2000余个。在克钦邦政府许可下,除展销一般珠宝外,还展销C级、D级翡翠原石及首饰成品、琥珀。其中,仅首饰成品允许运送出境,翡翠原石等则被禁止运送出境。此次珠宝展由克钦邦珠宝行业企业家协会(密支那)主办,会后主办方向参展商收取了翡翠销售额2%的税。

အယ်ဒီတာ: မြရွှေစင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်