ဧရာဝတီတိုင်းတွင် တစ်လအတွင်း မိုဘိုင်းဖုန်းအသံခေါ်ဆိုမှု နာရီငါးသိန်းကျော်ရှိဟု အူရီးဒူးထုတ်ပြန်
2017-12-28 18:44|
တစ်လအတွင်း နာရီ ပေါင်း ငါးသိန်းကျော်ကို ဧရာဝတီ တိုင်းဒေသကြီးရှိ မိုဘိုင်းဖုန်း အသုံးပြုသူများက အသံခေါ် ဆိုမှု ပြုလုပ်ခဲ့ကြောင်း ဆက်သွယ်ရေးအော်ပရေတာ အူရီးဒူးက ထုတ်ပြန်သည်။
အူရီးဒူး၏အသံခေါ်ခသည် တစ်မိနစ်လျှင် ၁၀ ကျပ်သတ်မှတ် ထားခြင်းကြောင့် တစ်လအတွင်း ဧရာဝတီတိုင်းဒေသကြီးမှ ကျပ် သိန်းသုံးထောင်ကျော်ဝင်ငွေရရှိခဲ့ သည်။ အဆိုပါပမာဏသည် စက် တင်ဘာ ၂၀ ရက်မှ အောက်တိုဘာ ၂၀ အထိ ဝင်ငွေဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးအ တွင်း အူရီးဒူးအသုံးပြုသူဦးရေကို အော်ပရေတာက ထုတ်ပြန်ခဲ့ခြင်း မရှိသော်လည်း တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အူရီးဒူးအသုံးပြု သူကိုးသန်းခန့်ရှိသည်။ အလားတူ မကွေးတိုင်းဒေသကြီးတွင်စက် တင်ဘာ ၇ ရက်မှ အောက်တိုဘာ ၆ ရက်အထိ အသံခေါ်ဆိုမှု မိနစ် သန်း ၃၀ ရှိခဲ့သည်။
အော်ပရေတာများမိုဘိုင်း ဖုန်းအသံခေါ်ဆိုခ ရရှိသည့်ဝင်ငွေ ကို မထုတ်ပြန်သော်လည်း ဒေသခံ များကိုယ်စား မိုဘိုင်းဖုန်းတစ်မိ နစ်ခေါ်ဆိုတိုင်းဒေသဖွံ့ဖြိုးမှုအတွက် တစ်ကျပ်ပြန်လည် လှူဒါန်းသည့် အစီအစဉ်ကို မကွေးတိုင်းနှင့် ဧရာဝတီတိုင်းအတွင်း ပြုလုပ်ခဲ့ခြင်းကြောင့် တစ်လအတွင်း အသံခေါ်ဆိုမှုကို အူရီးဒူးက ထုတ်ပြန်ခြင်းဖြစ်သည်။ ဆက်သွယ်ရေး ကွန်ရက် တွင် အချို့တာဝါတိုင်များသည် အ သုံးပြုသူနည်းခြင်းကြောင့် အရှုံး ပေါ်နေကြောင်း၊ ဧရာဝတီတိုင်း အတွင်း ရောင်းချသည့် ဆင်းမ်ကတ်များသည် 3G ကွန်ရက် သာမက 2G ကွန်ရက်ကိုပါ အသုံးပြုနိုင်ရန် အောက်တိုဘာအတွင်း ခွင့်ပြုခဲ့ကြောင်း အူရီးဒူးစီးအီးအို Mr. Vikram က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ လူနေထူထပ်ရာမြို့ကြီးအားလုံး တွင် အူရီးဒူးက ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ထားသော် လည်း မြို့ချင်းဆက်လမ်းပိုင်းများတွင် ကွန်ရက် အားနည်း နေကြောင်း လန်ဒန်အခြေစိုက် ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ အချက်အလက်များထုတ်ပြန်သည့် Open Signal က ဝက်ဘ်ဆိုက် တွင် ကြေညာထားသည်။
ခန့်မှန်းတွက်ချက်မှုများအရ မြို့ပြဒေသရှိ မိုဘိုင်းဖုန်းအသုံးပြုသူတစ်ဦးသည် တစ်လလျှင် ပျမ်းမျှကျပ်နှစ်သောင်းခန့် အကုန်အကျခံ၍ မိုဘိုင်းအင်တာနက် အသုံးပြုနေပြီး ကျေးလက်ဒေသရှိ မိုဘိုင်းဖုန်းအသုံးပြုသူ တစ်ဦးသည် တစ်လလျှင် ၂,၅၀၀ ကျပ် အကုန်အကျခံကာ မိုဘိုင်းဖုန်းအသံခေါ်ဆိုမှု အသုံးပြုနေသည်။
据缅甸《七日新闻》报道,卡塔尔(Ooredoo)电信公司发布消息称,9月20日至10月20日,伊洛瓦底省手机用户使用语音通话时长达50万小时。语音通话费为每分钟10缅币,卡塔尔公司获得3亿缅币的收入。
据悉,虽然运营商未公布伊洛瓦底省卡塔尔用户数量,但缅甸全国范围内约有900万名卡塔尔用户。此外,9月7日至10月6日,马圭省手机用户使用语音通话时长也达50万小时。
卡塔尔电信公司执行总裁维克拉姆(Vikram)表示,虽然运营商未公布手机语音通话所得利润,但马圭省和伊洛瓦底省内居民每使用手机语音通话1分钟,卡塔尔公司将捐赠1缅币用于当地发展。目前,由于一些通信塔使用人数少,给卡塔尔电信公司造成了损失。此外,10月可在伊洛瓦底省内购买2G和3G的SIM卡。
伦敦Open Signal公司发布消息称,卡塔尔在伊洛瓦底省人口密集城市建了通信网,但城市间网络连接依然比较弱。
据估计,城市手机用户每月平均花费2万缅币,主要用来上网;而从村手机用户每月花费2500缅币,主要用于语音通话。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့