မန္တလေးတိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ယမန်နှစ်ထက် နှစ်ဆကျော်မြင့်တက်

2017-12-28 18:42|၇ ရက်နေ့စဉ်သတင်း

၂၀၁၇-၁၈ ဘဏ္ဍာနှစ် ခုနစ်လအတွင်း မန္တလေးတိုင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ် လာ သန်းတစ်ထောင်ခန့်ရှိပြီး ယမန်နှစ်ထက် နှစ်ဆကျော် မြင့် တက်ကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင် (မန္တလေး) ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးက ပြောကြားသည်။

ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဧပြီမှ အောက်တိုဘာအထိ ခုနစ် လအတွင်း မန္တလေးတိုင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၈ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၉၆၃ သန်းခန့်ရှိ သည်။ ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တစ်နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ခုနစ်ခုနှင့် ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ သန်း ၇၀၀ ကျော်သာရှိခဲ့ရာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ယမန်နှစ်ထက် နှစ်ဆခန့် မြင့် တက်ခြင်းဖြစ်သည်။

‘‘ဒီနှစ်အတွင်းမှာ ထူးခြား တာက မန္တလေးတိုင်းကို အာရှက နိုင်ငံတွေအပြင် ဥရောပနဲ့ အမေ ရိကန်က လုပ်ငန်းတွေ တော်တော်များများ ပါလာပြီး ရင်းနှီးမြှုပ်နှံကြ တဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုက သိသာစွာ မြင့်တက်လာတာပဲ ဖြစ်ပါတယ်’’ဟု ဒေါ်နွယ်နီဦးက ပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ် ငန်း ၁၈ ခုတွင် စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများက အ များဆုံးဖြစ်ကြောင်း၊ အမေရိကန်၊ပြင်သစ်၊ နယ်သာလန်၊ ဗြိတိန်၊ စင်ကာပူ၊ တိုင်ပေ၊ ထိုင်းနှင့် တရုတ်တို့မှ လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

အဆိုပါ နိုင်ငံများအနက် ကန်ဒေါ်လာ သန်း ၆၀၀ ဖြင့် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အ များဆုံးဖြစ်ပြီး ဒုတိယအများဆုံး နယ်သာလန်နိုင်ငံက ကန်ဒေါ်လာ သန်း ၁၅၀ ခန့် ရင်းနှီးမြှုပ်နှံထား ကာ တတိယအများဆုံး အမေရိ ကန်နိုင်ငံက သန်း ၁၂၀ ကျော်ရင်းနှီးမြှုပ်နှံထားသည်။

၁၉၉၄ မှ ၂၀၁၇ အောက်တို ဘာလကုန်အထိ မန္တလေးတိုင်း အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၅၅ ခုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံခန့်ရှိလာကြောင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (မန္တလေး) စာရင်းများတွင်ဖော်ပြထား သည်။ (By နိုင်လင်းအောင်)

昆明信息港-彩云桥 记者金玉 据缅甸《七日新闻》报道, 2017-2018财年4至10月曼德勒省引进外资9.63亿美元,比上一财年同比增加2倍多。

据悉,2017-2018财年4至10月,曼德勒省内共有18个外国投资企业,工业和服务业占大多数。而2016-2017财年4至10月,曼德勒省仅有7个外国投资企业,引进外资7亿美元。

缅甸投资委员会曼德勒办事处秘书长杜暖尼吴表示,相比往年,曼德勒省本财年引进外资明显增长,除新加坡、中国、中国台北、泰国等亚洲国家外,法国、荷兰、英国等欧洲国家和美国公司也到曼德勒省开展投资工作。其中,中国以6亿美元的投资额占据第一位;荷兰以1.5亿美元的投资额居第二位,美国以1.2亿美元的投资额居第三位。

据缅甸投资委员会曼德勒办事处数据显示,1994年至2017年10月,曼德勒省共有55个外国投资企业,投资额达31亿美元。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်