နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှစ်လအတွင်း ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံကျော် ဝင်ရောက်

2017-12-08 16:43|၇ရက်နေ့စဉ်သတင်း

ယခုဘဏ္ဍာနှစ် ရှစ်လအ တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန် ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ ကျော် ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင် အတွင်းရေးမှူး ဦးအောင် နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံသား ရင်းမြှုပ်နှံ မှုသည် ကျပ်ဘီလီယံ ၂,၈၀၀ ကျော်ရှိပြီး နိုဝင်ဘာအတွင်း ခွင့်ပြု ခဲ့သည့် လုပ်ငန်းများသည် စိုက်ပျိုးရေးကဏ္ဍ၊ အိမ်ရာအဆောက်အ အုံကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ် ကဏ္ဍ၊ ဟိုတယ်ခရီးသွားကဏ္ဍ နှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့ ပါဝင်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

နိုဝင်ဘာအတွင်း ခွင့်ပြုခဲ့ သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တွင် စက်မှုကဏ္ဍ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍ၊ လယ် ယာကဏ္ဍ၊ မွေးမြူရေးနှင့် ရေ လုပ်ငန်းကဏ္ဍတို့ ပါဝင်ကြောင်း ၎င်းက ပြောသည်။ အလုပ်အကိုင် အခွင့်အလမ်း ၇,၀၀၀ ကျော်ဖန် တီးပေးနိုင်မည်ဟု ၎င်းက ဆို သည်။

ပြည်ထောင်စုအစိုးရက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုး ရများ အစီအစဉ်ဖြင့် ကန်ဒေါ်လာ ငါးသန်း (ကျပ်သန်း ၆,၀၀၀) အထိ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြု ပေးနိုင်ရန် စီစဉ်ခဲ့သည်။

ထိုအစီအစဉ် စတင်ချိန် ဩဂုတ်မှ ဒီဇင်ဘာ ၄ ရက်အထိ ရန်ကုန်တိုင်းအစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၂၂ သန်းကျော် ခွင့်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

စင်ကာပူ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတ နိုင်ငံ၊ တိုင်ပေ၊ ဟောင်ကောင်၊ ဂျပန်နှင့် မလေးရှားတို့မှ ရင်းနှီး မြှုပ်နှံမှုများဖြစ်ကြောင်း ရန်ကုန် တိုင်းအစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

昆明信息港-彩云桥 记者金玉 据缅甸《七日新闻》报道,缅甸投资委员会秘书长吴昂奈吴表示,2017至2018财年前8月,缅甸吸引外资47亿余美元,本土投资额28000亿余缅币。

11月,缅甸批准本国公民投资农业、房地产、工业、电力、酒店旅游业和其他服务业领域。批准外资进入工业、交通运输与通信、农业、养殖业及水产领域,创造7000余个就业机会。

据悉,自从将500万美元(60亿缅元)以下的外资审批权限下放到各省邦政府以来,仅仰光省8月至12月4日就吸引外2200万余美元。据仰光省政府公布,在仰光投资最多的国家和地区包括新加坡、中国、韩国、中国台北、中国香港、日本和马来西亚等。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်